Pages

Tuesday, February 5, 2013

တပ်မတော်မှ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့  ပြည်သူ့စစ် ဆက်ကြေး ကောက်ခံသူ ၁ ဦးအား ဖမ်းဆီးရမိ


မိုးညှင်းမြို့၊ နမ့်မချီကျောက်မှော်တွင် လှုပ်ရှားလျက်ရှိသည့် ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ ၂ လက်အောက်ခံ အင်အား ၉၀ ဦး ခန့်သည် ဆဲလ်ဗင်းစတားကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆုတ်ခွာသွားခဲ့ပြီး တပ်ရင်း ၅ မှ ဗိုလ်မှူးအဆင့်ရှိ လဆန် ဦးစီး အင်အား ၆၀ ဦးခန့်သည် အရပ်ဝတ်များဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲပြီး ဒီပါမင်းကုမ္ပဏီနေရာမှ အနောက်ဘက်သို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဆုတ်ခွာ သွားခဲ့ကြောင်း ကိုနမ့်မချီကျေးရွာ သူကြီး ဦးလျှန်ပေါင် ကမြန်မာ့ မျိုးချစ်တပ်မ တော်အား သတင်းပေးပို့ ခဲ့သည်။
            
အဆိုပါသတင်းအရ မြန်မာ့မျိုးချစ်တပ်မတော်မှ နမ့်မချီကျောက်မှော်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်  ရောက်ရှိခဲ့ပြီး ဒီပါမင်းကုမ္ပဏီ၊ ဆဲလ်ဗင်းစတားကုမ္ပဏီဝန်းကျင် တစ်ဝိုက်သို့ လှုပ်ရှားရှင်းလင်းခဲ့ရာ  ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့  ပြည်သူ့စစ် ဆက်ကြေးကောက်ခံ ပေးသူ ဦးမာအောင်အား စကားပြောစက် ၁ လုံးနဲ့အတူ ဖမ်းမိခဲ့ကြောင်းသိရှိရသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်