Pages

Tuesday, February 5, 2013

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေး


လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်မှ ဓနုဖြူမြို့နယ်၌ လယ်သမား များနှင့်တွေ့ဆုံစဉ် တောင်သူများအနေဖြင့် အကြွေးကျေနိုင်စေရန် တစ်ရက်လျှင် ထမင်းတစ်နပ်လျှော့စား သင့်သည့်အပြင် အကြွေးမကျေ ပါက နောင် သံသရာ တွင် ကျွန်ဖြစ်နိုင်ကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတက ခေါ်ယူ သတိပေးခဲ့ သည့် အပြင် နောင်ကာလများတွင် ဦးမြင့်လှိုင်၏ ယခုကဲ့သို့ ပြောဆိုခြင်းများမပြုလုပ်ရန် ညွှန်ကြားသွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

လယ်/ဆည် ဝန်ကြီးဦးမြင့်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၂ မတ်လပိုင်းတွင် Hot News ပါအင် တာ ဗျူး တစ် ခုတွင် လွှတ်တော်အား စော်ကားပြောဆိုမှုနှင့် ပတ်သက်၍ လွှတ်တော်စည်းဝေးပွဲ တစ် ခု တွင် ပြန်လည်ဝန်ချတောင်း ပန်ခဲ့ရပြီး ယခုကဲ့သို့ ပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ ထ မင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေးကြောင်း ပြည်တွင်း ဂျာနယ် တစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်။
Yangon Chronicle

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်