Pages

Tuesday, February 5, 2013

တမူးမြို့၌ မူးယစ် ဆေးဝါးနှင့် လက်နက်/ ခဲယမ်းများ သိမ်းဆည်း ရမိ


လူသား မျိုးနွယ် တစ်ရပ်လုံး အညွန့် တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အား ပြည်သူ၊ တပ်မတော်နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ အမြစ်ဖြတ် ချေမှုန်းလျက်ရှိရာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် သတင်းအရ နယ်မြေခံ တပ်မတော် စစ်ကြောင်း၊ မူးယစ်အထူး တပ်ဖွဲ့များနှင့် တမူးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် တမူးမြို့ စန္ဒကူး ရပ်ကွက်(၃) အိမ်အမှတ် (၂ဝ)နေ ဦးစိုးမြင့်ဝင်း နှင့်ဇနီး ဒေါ်ဖြူဖြူဝင်းတို့ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဆူဒီ အက်ဖ်ဒရင်း ၁ဝဝ ဒသမ ၈ ကီလိုဂရမ် ကာလတန်ဖိုး ၁၂ဝ,၉၆ဝ,ဝဝဝ ကျပ်၊ လက်နက်ငယ် မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆ဝ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ကျည်မျိုးစုံ ၇၉ဝ၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁ တောင့်နှင့် ယမ်းကြိုးခွေ လေးခွေတို့အား သိမ်းဆည်း ရရှိခဲ့သည်။
 
 
ပဏာမ စစ်ဆေးချက် အရ ဦးစိုးမြင့်ဝင်းသည် ပြည်ထောင်စု အမျိုးသား လွတ် မြောက်ရေး တပ်ဦးနှင့် ဆက်နွှယ်သူ တစ်ဦးဖြစ်ကာ ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင်လ ခန့်တွင် ယင်းအဖွဲ့မှ မှူးကြီး အဆင့်ရှိသည့် သွန်ဘနှင့် အဖွဲ့ဝင် တစ်ဦးတို့မှ ၎င်းလက်နက်/ ခဲယမ်း ထည့်ထား သည့် သေတ္တာ များကို လစဉ် အခကြေးငွေ ပေး၍ ထိန်းသိမ်းရန် ညှိနှိုင်းချက်အရ သိမ်း ဆည်း ပေးထားပြီး ၎င်းသောင်းကျန်းသူ အဖွဲ့မှ လက်နက်/ ခဲယမ်းများ လာရောက် ထုတ်ယူပါက ထုတ်ပေး ရကြောင်း စိစစ်သိရှိ ရသည့်အပြင် မူးယစ်ဆေးဝါး များကိုမူ ၎င်း၏ ညီဝမ်းကွဲ တစ်ဦးထံမှ အခကြေးငွေ ရယူ၍ မန္တလေးသို့ သယ်ဆောင်ပေးရန် ဆောင်ရွက်စဉ် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံ များအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိသည်။
 
Mwdmedia

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်