Pages

Tuesday, February 5, 2013

လီဆူးမဂါ့ရွာအနီးတွင် ဘိန်းခင်းများကို စုပေါင်းအဖွဲ့မှဖျက်ဆီး


          ကချင်ပြည်နယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပူးပေါင်းအဖွဲ့သည် ကံပိုက်တီးအနီးရှိ လီဆူးမဂါ့ ရွာ ပတ်ဝန်းကျင်အနီး ဘိန်းခင်း ၁၀ဧကကျော်အား ယမန်နေ့က ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။ ၎င်းမူးယစ် တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်အတွင်းတွင် ပြီးခဲ့လ   နောက်ဆုံးပတ် မှစတင်ပြီး ဘိန်းခင်းများ ဖျက်ဆီးခဲ့မှုမှာ ဧက ၆၀၀ နီးပါဖြစ်ကြောင်း ၎င်းအဖွဲ့တွင် ပါဝင်သည့် ရဲတစ်ဦးမှဆိုပါသည်။ အရင်နှစ်ကတွေမှ ဘိန်းကို ဒီနှစ်လောက်စိုက်ပျိုးတာမရှိပေမယ့် ဒီနှစ်မှာ ဘိန်းစိုက်ပျိုးမှုတွေပိုများသည်ဟု၎င်းကဆိုသည်။ 
 

           အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲတွေဖြစ်ပွားနေသည့်အတွက် အခြားစီးပွားရေးလုပ်ဖို့ အဆင်မပြေမှုတွေ ဖြစ်နေပြီး အစိုးရတပ်တွေမရောက်နိုင်တဲ့နေရာတွေမှာ စိုက်ပျိုးမှုတွေပိုများနေပါသည်။ တချို့ဘိန်းစိုက် တောင်သူတွေကို လက်နက်ကိုင်အဖွဲ့တွေက အတင်းအကြပ်တွေ စိုက်ခိုင်း တာတွေရှိပါသည်။ ဘိန်း စိုက်ပျိုးတာ ဟာ ဥပဒေနှင့် မလွတ်ကင်းတာသိပေမယ့် စီးပွားရေးက ကြပ် တည်းနေ သည့်အတွက် စိုက်ပျိုးနေရသည်ဟု ဘိန်းစိုက်တောင်သူတစ်ဦးက ပြောဆိုခဲ့သည်။ ဘိန်းစိုက် ပျိုးမှုကို ကင်းစေချင်ရင်တော့ တိုက်ပွဲတွေမရှိဘဲ အေးအေးချမ်းချမ်းရှိမှဖြစ်မှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေရင် အခြားစီးပွားရေးတွေ လုပ်လို့အဆင်မပြေ ရင်တော့ ဘိန်းစိုက်ပျိုးမှုက ပပျောက်မှာနိုင်မှာ မဟုတ်ဟု လီဆူးမဂါ့ရွာ မှ ဒေသခံများမှပြောခဲ့ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်