နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ KIO အဖွဲ့ ခေါင်းဆောင်များအား ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက် ရန် ဖိ တ်ခေါ်ခဲ့ကြောင်း
၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ တရုတ်နိုင် ငံ ရွှေလီမြို့ တွင်ပြုလုပ် သည့့် 
မြန် မာအစိုးရကိုယ်စားလှယ်များနှင့် KIO အဖွဲ့တို့ တွေ့ဆုံပွဲ တွင်တက်ေ ရာက် ခဲ့သည့် KIO ကိုယ် စား လှယ် တစ်ဦးမှပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတဦးသိန်းစိန်က KIO အဖွဲ့ ခေါင်းေ ဆာင်ေ တွကိုေ နပြ ည်ေ တ်ာမှာကျင်းပမဲ့ ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက် ဖို့ တရားဝင် ဖိတ်ခေါ်ခဲ့ ပါတယ် ဒါပေ မဲ့ တက်ေ ရာက်ဖို့မတက်ရောက်ဖို့ကတော့ KIO အနေနဲ့မဆုံးဖြတ်ရသေးပါဘူးဟု ၄င်းမှပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင်ုKIO အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊
ဦးဆွမ်လွတ်ဂမ်၊ ဦးလဖိုင်လ တို့အပြင် ဒုတိယတန်း အရာရှိများအပါအ၀င် ၆ ဦးတက်ရောက်ခဲ့ပြီးပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီးဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးအုန်းမြင့်တိုအပါအ၀င်၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သ မ္မတနိုင်ငံ နိုင် ငံခြားရေး ၀န် ကြီး ဌာနမှ သံမတ်ကြီး မစ္စတာလျိုကျောက်ဝေ့၊ကရင်အမျိုးအသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊
အထွေထွေအတွင်းရေးမှုး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်တစ်ဦး၊
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှုးချုပ်စိုင်းလူနှင့် အဖွဲ့ဝင်နှစ်ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗိုက်လျံတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကချင်ပြည်နယ်၌ ဖွဲ့စည်းထားေ သာ ငြိမ်းချမ်းေ ရး ဆွေးနွေးရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ စီစဉ်ခြင်း ဖြစ်ပြီး ယခုဆွေးနွေးပွဲကိုမူ တရုတ်အစိုးရမှ စီစဉ်ခြင်း ဖြစ်ကြောင်းသိရသည်။
ဝင်းသိန်း(ရွှေလီ)
မြန်မာပြည်သား
No comments:
Post a Comment
Note: Only a member of this blog may post a comment.