Pages

Tuesday, February 5, 2013

ဒေါ်အောင်ဆန်းစုကြည်၏ စကားအတွက် မြန်မာလူမျိုးများ ဂျပန်လူငယ် အား တောင်းပန်


ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ အပေါ် ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိ ရှင်ကြား ပြန်တောင်း ပန်သင့် တယ် လို့ ပြောခဲ့ တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် လေးစားမြတ်နိုး ပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ် ချုပ်ေ အာင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ  မြန်မာမျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူ ညီ နဲ့ တည်ထောင်ခဲ့တာပါ တဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက် တာ ဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော်ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ် ချုပ် အောင် ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။ ပြီးတော့ အဲ့ဒီတုန်း က ဖြစ်တည် ခဲ့ တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယား သတင်းစာကို အခု လို ပြောခဲ့တာလား ဆိုတာကို သူ့အနေနဲ့ သိချင်ပါတယ်  စသဖြင့်  ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်းထုတ်ထားပါတယ်။

အထက်ပါ စာပိုဒ်များကတော့ ဧရာဝတီ သတင်းမှာ ဖော်ပြထားတဲ့ ဂျပန်နိုင်ငံ သား ပြောစ ကားများ ပဲဖြစ် ပါ တယ်။ ထို့ပြင် ဆက်စပ် ဗီဒီယိုကို ကြည့်တဲ့အခါ မှာတော့ ဒေါသတွေနဲ့ စိတ်ဆိုး မာန် ဆိုး ပြောနေတဲ့ ဂျ ပန် လူငယ်က သူဟာ တိုကျိုခေးရိုးတက္ကသိုလ်မှာ ပညာသင်ကတည်း က ဒေါ် စုကို လေးစား သဘော ကျ ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ရက်များက ဘီဘီစီ အင်တာဗျူးမှာ မြန်မာ့ တပ်မတော်ကို သံယောဇဉ် ရှိကြောင်း၊ ကျွန်မ ရဲ့ အဖေက မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့ကြောင်းတွေ ပြောတုန်းက သူလည်း ဂုဏ်ယူ ခဲ့ပြီး နောက် ၅ ရက်အကြာ ကိုရီးယား ရောက်ေ တာ့ ပြော လိုက် တဲ့ စကားတွေအတွက် အထက်ပါ အ တိုင်း မေး ခွန်းထုတ်ခဲ့ပါတယ်။

ထို ဗီဒီယို ဖိုင်ရဲ့ အောက်မှာတော့ အန်တီစုကို ချစ်သော မြန်မာများမှ  အဓိပါယ်ကောက်ယူ မမှားစေ ချင်ေ ကြာင်း၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲလျှက် ရှိကြောင်း၊ မိမိတို့ မြန်မာများမှ အသိ အ မှတ် ပြုေ ကြာင်း၊ ထို သို့ ရည်ရွယ်၍ ပြောသည့် မထင်ကြောင်း အစရှိသဖြင့် ဖြေ သိမ့်ေ တာင်းပန်ပေး လျှက် ရှိ သည် ကို တွေ့ ရသည်။

မြန်မာနိုင်ငံ၏ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက်ပိုင်း ကုလား ကို ကုလားဟု မခေါ်ကြောင်း၊ ထိုသို့ ခေါ်ပါက မိမဆုံးမ ဖမဆုံးမ အသွင်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း၊ အာ ဏာ ရမှ ဒီမိုကရေစီ ဖန်တီးနိုင်မည် ၊ အာဏာလိုချင်သည် ဆိုသော စကား များ ပြောဆိုခဲ့ခြင်း၊ ပိုက်ဆံ လိုချင် ရင် ဆရာဝန် မလုပ်နဲ့၊ စီးပွားရေး လုပ် ဆိုသည့် စကားများ ပြောဆိုခဲ့ခြင်း၊ လူတွေအားလုံး ကျွန်မ ေ ခြးေ လာက် အသိတရားရှိရင် ကမ္ဘာကြီး ငြိမ်းချမ်းပြီဟု ပြောဆိုခဲ့ခြင်း တို့ ရှိခဲ့ပြီး ယခု ဂျပန် ကိစ္စမှာ လည်း နောက် တစ်ခုဖြစ်လာခဲ့သည်။

ဖတ်ချင်ရင် ဒီမှာ သွားဖတ်ပါ .... 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်