Pages

Tuesday, February 5, 2013

မြောက်ကိုရီးယားက နျူဗုံးစမ်းသပ်မည့် တူးမြောင်းနေရာကို ဂြိုလ်တုမှ မထောက်လှမ်းနိုင်အောင် အကာအရံများ ဖုံးကွယ်ထား


မြောက်ကိုရီးယားအစိုးရသည် ၎င်း၏နျူကလီယားဗုံး စမ်းသပ်ဖေါက်ခွဲမည့် နေရာတူးမြောင်း သို့ အဝင်တွင် အခြားနို င်ငံများ က ဂြိုလ်တုမှ ထောက်လှမ်း၍ ဓါတ်ပုံရိုက်ခြင်း မပြုနိုင်အောင် အကာအရံများ ဖုံးကွယ် ထားလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီ ယုံဟပ်က ဖေါ်ပြလိုက်သည်။ တူးမြောင်း ဝင်ပေါက် သုံးခုနှင့် အခြားထောက်ပံ့ရေး အဆေက်အဦးများပါ ပါဝင်နေသော ယင်းပန်ဂျီးရီ ဆိုက်နေရာကို အမေ ရိ ကန် ၊ တောင်ကို ရီးယားနှင့် ဂျပန်ထောက်လှမ်းရေးများ သည် ပြီးခဲ့သောအပတ် က မြောက် ကိုရီး ယား ဘက်မှနျူစမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးေ နာက် စောင့် ကြည့်နေခဲ့ကြသည်။


ယုံဟပ်သတင်းအေဂျင်စီ၏ ဖေါ်ပြချက်တွင် တောင်ကိုရီးယားထိပ်တန်း သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ “ဆန်းစစ်ချက်ကပြသနေတာက တော့ အဲဒီက တူးမြောင်းဝင်ပေါက်မှာ အမိုးလိုမျိုး အာအရံပိုက်ကွန်တစ်ခု ဖုံးအုပ်ထားတာကို တွေ့ ရပါတယ်။ ဒါဟာနျူစမ်းသပ်မှုတွေပြင်ဆင် လုပ်ဆောင်ရေးအတွက် အပြင်က မမြင်အောင် ပြင်ဆင်ထားရှိတယ်လို့  ထင်ရပါတယ်”ဟုပြောကြားသည်။


မြောက်ကိုရီးယားသည် ပြီးခဲ့သော ဒီဇင်ဘာတွင် ၎င်း၏ဒုံးပျံ စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် ကုလလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများ ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ၎င်းတို့က အရေးယူမှုများကို တုန့်ပြန်သည့်အနေနှင့် တတိယအကြိမ်မြောက်နျူစမ်းသပ်မှုကို ပြုလုပ်သွားမည်ဟု ကြေငြာခဲ့သည်။

AFP

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်