Pages

Tuesday, February 5, 2013

အမေရိကန် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ ''လော့ခ်ဟိဒ် မာတင်'' သည် ဆော်ဒီအာရေဗျ နိုင်ငံမြို့တော် ''ရီးယာဒ်'' တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့


အမေရိကန် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ ''လော့ခ်ဟိဒ် မာတင်'' သည် သူ၏ရုံးခွဲ တစ်ခုကို ဆော်ဒီအာရေဗျ နိုင်ငံမြို့တော် ''ရီးယာဒ်'' တွင် ဖွင့်လှစ်ခဲ့ကြောင်း ဆော်ဒီ သတင်းစာ တစ်စောင်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖော်ပြ ခဲ့ ပါသည်။ ထို့ပြင် အဆိုပါ ကုမ္ပဏီနှင့် ဆော်ဒီ အာရေဗျ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ အဖွဲ့အစည်း “King Abdul Azia City for Science and Technology” တို့သည် မိတ်ဖက် အဖွဲ့အစည်း များအဖြစ် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ ကြပါသည်။ ထိုကဲ့သို့ ချုပ်ဆိုခဲ့ ခြင်းသည် ဆော်ဒီအာရေဗျ နိုင်ငံ၏ ကာကွယ်ရေး ဆိုင်ရာ စွမ်းရည်များကို ပိုမို တိုးတက် လာစေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ အဆိုပါ သဘော တူညီချက် အရ ''လော့ခ်ဟိဒ် မာတင်'' ကုမ္ပဏီ အနေဖြင့်ဆော်ဒီ အာရေဗျ နိုင်ငံ အတွက် စစ်ရေး လေ့ကျင့်ခန်းနှင့် စစ်ဘက် ဆိုင်ရာ ပညာရပ်များ လေ့ကျင့်ပေးရုံ သာမက ဆော်ဒီအာရေဗျ၏ နည်းပညာ ဆိုင်ရာ တိုးတက်မှုများ အတွက်လည်း ကူညီ ပေးရမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
 
အမေ့အိမ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်