Pages

Tuesday, February 5, 2013

လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်ခြေ၀န်ထမ်းငယ်များ၏ အသနားခံတင်ပြစာ




သို့

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်

ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်
နေပြည်တော်

ဥက္ကဋ္ဌ
အမျိုးသားလွှတ်တော်
နေပြည်တော်

ပြည်ထောင်စုဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
နေပြည်တော်


မိဘသဖွယ်အရေးထားလေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………….. ဦးစွာပထမ ၀န်ခံရလျှင် ဤ စာ သည် တိုင်ကြားစာမဟုတ်ပါ။ ပစ်စာမဟုတ်ပါ။ အောက်ခြေ၀န် ထမ်းငယ်များ၏ အသနားခံစာ သာဖြစ် ပါေ ကြာင်း တင်ပြအပ်ပါသည်။

သမ္မတကြီးခင်ဗျာ ကျွန်တော်တို့ဝန်ထမ်းများသည် ပြည်သူများပင်ဖြစ်ပါသည်။ ပြည်သူဘ၀ကို အလေး ထားပြီး ပြည်သူကို ဗဟိုပြုဆောင်ရွက်နေသော အစိုးရမူဝါဒ ဖြစ်ထွန်းနေချိန် မှာကျွန်တော်တို့ လယ် ယာ ဖွံ့ဖြိုးေ ရးဘဏ်ရဲ့ အခြေအနေမှန်နဲ့ မနိုင်ဝန်ထမ်းရုန်းကန်နေရတဲ့ ဘ၀တွေကို သမ္မတကြီး အမှန် သိနိုင် ဖို့ အ တွက်မိဘထံသားသမီးများက အသနားခံရခြင်းသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ နိုင်ငံတော်ရဲ့၇၀% နီးပါးရှိတဲ့တောင်သူ လယ်သမားများရဲ့ အကျိုး ကို လက်တွေ့ကျကျ နိုင်ငံတော်မူဝါဒတွေနဲ့အညီတာဝန်ကျေ အောင်ဆောင်ရွက်နေတဲ့ ဘဏ်တစ် ခုဖြစ် ပါတယ်။ လက်လှမ်းမှီသမျှ လေ့လာမှတ်သားမှု များအရ ၁၉၈၈ခုနှစ် စပါးတစ်ဧက(၁၆၀ိ/)နှုန်းနဲ့ ထုတ်ချေး စဉ်က ခွင့်ပြုခဲ့တဲ့ ၀န်ထမ်းအင်အား(၃၀၀၀) နီးပါး မြို့နယ်တစ်ခုမှာ ပျမ်းမျှ(၁၂)ဦးမှ (၁၆)ဦးခန့် နဲ့ ဆောင်ရွက်ခဲ့ရပါတယ်။ နှစ်အဆက်ဆက် ချေးငွေရင်းထား ငွေတိုးတက်မြင့်မားလာပေမယ့် ၀န်ထမ်းအင် အား တိုး တက်ခြင်းမရှိဘဲ လျော့နည်း အင်အားများနဲ့သာ ဆောင်ရွက်ခဲ့ရပါတယ်။

သမ္မတကြီးရဲ့အစိုးရ လက်ထက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေး အစီအစဉ်များ အ ရ တောင်သူလယ်သမားတွေ အတွက် ချေးငွေတွေကို အမြန်တိုးတက် ထုတ်ချေးပေးလာတဲ့အခါ မှာ စပါး တစ် ဧက (၈၀၀၀၀ိ/)နှုန်းအထိ ၀န်ထမ်းအား(၂၇၇၂))ဦးခန့်နဲ့ ဆောင်ရွက်နေပါတယ်။ ၂၀၁၃ခုနှစ်မှ တစ်ဧက (၁၀၀၀၀၀ိ/)နှုန်း ထုတ်ချေးရမည်ဖြစ်တဲ့ အတွက် မြို့နယ်တစ်ခုမှာအ နည်း ဆုံး ချေးငွေပမာဏကျပ်သိန်းပေါင်း သောင်းနဲ့သိန်းနဲ့ချီပြီး ဘီလီယံပေါင်းများစွာလုပ် ကိုင်ဆောင်ရွက်ရမဲ့ ကာ လ မှာ ကျွန်တော်တို့ဘဏ်ရဲ့ ၀န်ထမ်းအင်အား ဘယ်လောက်နဲ့ ဆောင်ရွက်သင့်ပါသလဲ။

လုပ်သက်(၁၅)နှစ်ကျော်အထိ ရာထူးမတိုးဘဲ အငယ်တန်းစာရေး ဖြစ်နေတဲ့ အခြေအနေ၊ ဘဏ်တွင် ညစောင့်မ ရှိတဲ့အခြေအနေ၊ ငွေကိုင်(၁)ဦးတည်းနဲ့ ဆောင်ရွက်ရတဲ့ အခြေအေ န၊ ခေတ်မီ စက်ပ စ္စည်းတွေ ပေးခြင်းမရှိသေးတဲ့ မြို့နယ်ဘဏ် တွေရဲ့ ရန်ပုံငွေအစီအမံေ တွ နဲ့ ငွေရေစက်ဝယ်သုံးနေရတဲ့ အခြေ အေ န များပြားလှတဲ့ ငွေပမာဏတွေကို လက်နဲ့ ရေတွက်နေလို့ မရတော့တဲ့အခြေအနေတွေမှာ မဖြစ်မေ န လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်ဆိုတာ အခြေအနေ နဲ့ခေတ်ရဲ့တောင်း ဆို ချက် ဖြစ် ပါတယ်ခင်ဗျာ။

ဒါပေမယ့် ကျွန်တော်တို့ လယ်ယာဘဏ်ဝန်ထမ်းတွေဟာ တောင်သူ လယ်သမားများ နဲ့ နိုင်ငံေ တာ် အ ကျိုး ကို ဆောင်ရွက်တဲ့နေရာမှာ ထုတ်ချေးချိန်မှာဖြစ်ေ စ၊ ငွေေ ကာက် ခံရချိန် မှာဖြစ်ေ စ နိုင်ငံ့ ၀န် ထမ်း များ အတွက်ရုံးချိန် (၉း၃၀)မှ(၁၆း၃၀)ထိဟာ လယ်ယာဘဏ်နဲ့ မသက်ဆိုင်သ လိုပါဘဲ။ ကျွန်ေ တာ် တို့မှာရုံးချိန်မရှိပါ။ ရုံးပိတ်ရက်ရှိသော် လည်း အလုပ်ပိတ်ရက်မရှိပါ။ လယ်သမားပေါင်း များစွာ အ တွက် ကျွန်တော်တို့သတ်မှတ်ချိန် နဲ့ဆောင်ရွက်လို့မရပါ။ တောင်သူတွေ အဆင်ပြေ မယ် နိုင်ငံေ တာ် ဘဏ္ဍာေ ငွတွေ ပုံမှန်/စီးဝင် စီးထွက်ရှိနေအောင် ကျွန်တော်/မတို့ရဲ့ ပေးဆပ်နေမှုများ အတွက် မကျေနပ်မှု၊ မခံမရ ပ်နိုင် ဖြစ်မှု၊ ပင်ပန်းလို့ ငြီးငြူမှုတွေမရှိပါ။ ကျေနပ်ပါတယ်၊ လုပ်နိုင်ပါတယ် ဒါပေမဲ့-

သမ္မတကြီးခင်ဗျာ ဒီလိုများပြားတဲ့ တာဝန်တွေကိုထမ်းဆောင်နေပေမဲ့ လုပ်ငန်းစီမံခန့်ခွဲမှု အတွက် ခွဲဝေပေးထားတဲ့ ဘတ်ဂျက် အသုံးစရိတ်တွေကိုလဲ သိစေချင်ပါတယ်။ ၀န်ထမ်း (၁၅)ဦးလောက်ရှိတဲ့ ဘဏ် တစ်ခုအတွက် တစ်လကို သောက်ရေဘိုး၃၀၀ိ/ပါ၊ ဆက်သွယ်ရေး စာပို့ခတွေ ဈေးတက်နေပေမဲ့ ပုံသေသုံးစွဲခွင့်ရတဲ့ စာပို့ခ၊ကြေးနန်းခ၊ တယ်လီဖုန်းပြောခက လဲတစ်လ-၁၀၀၀၀ိ/ပါ။ ခရီးစရိတ်ေ တွ မြင့်မားနေပေမဲ့ (၁၅)ယောက် ကင်းစောင့်ရတဲ့ဘဏ် တစ်ခုရဲ့ခရီးစရိတ်တွေကလဲ တစ်နှစ်လုံး မှ (၁၀၀၀၀၀ိ/)ပါ။ အသုံးစရိတ်ဘတ်ဂျက်တစ်ခုလုံး သုံးစွဲလို့မရတဲ့ ခေတ်မမှီတော့တဲ့ စီမံခန့်ခွဲရေး စားရိတ်ေ တွနဲ့ ရပ်တည်ဆောင်ရွက်ရင်း နိုင်ငံ တော်အတွက် ကျပ်သန်းပေါင်းများ စွာ နှစ်စဉ်အမြတ် အစွန်း ရှာဖွေေ ပးေ နတဲ့ဘဏ်တစ်ခုဖြစ် ပါတယ်ခင်ဗျား

သမ္မတကြီးခင်ဗျား… သမ္မတကြီးရဲ့အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင်ေ တွ့မြင်ေ န ရပါတယ်.တောင်သူတွေအတွက်ချေးငွေတွေတိုးသလို ဒီလုပ် ငန်းစဉ်ကိုလက်တွေ့ကျကျ အေ ကာ င်အ ထည် ဖော်နေတဲ့ အရင်းအမြစ်တွေနဲ့ဝန်ထမ်းအင် အားကို လိုအပ်သလို တိုးဖြည့်ပေးဖို့လဲ အမှန်တ ကယ် လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့လို အပ်ချက်တွေကို ပြည်နယ်/တိုင်း/ရုံးချုပ် အဆင့်ဆင့် တင်ပြချက်များနဲ့ ပြည်ထောင်စုဝန်ကြီး ဌာနအထိ တင်ပြထားကြောင်း သိရှိရသော်လည်း ယေ န့အထိထူးခြားမှု မရှိသေးပါသဖြင့် အောက်ခြေ ၀န်ထမ်းများ၏ အခြေအနေမှန် သဘောမှန်နဲ့ လိုအ ပ် ချက် များကို သမ္မတကြီး ကိုယ်တိုင် သိရှိနိုင်ရေးအတွက်နဲ့လို အပ်ချက်များ ကို ဖြည့် ဆည်းေ ပးနို င်ေ ရး အ တွက် အသနား ခံတင်ပြရခြင်း ဖြစ်ပါသည်ခင်ဗျား

ဝန်ထမ်းအင်အားဖွဲ့စည်းပုံ တိုးမြှင့်ပေးပါ

ဘတ်ဂျက် အသုံးစရိတ်များ တိုးမြှင့်ပေးပါ

ငွေရေစက်၊ ကွန်ပျူတာများ တပ်ဆင်ပေးပါ

 
သမ္မတကြီးကျန်းမာပါစေ


မြို့နယ်မန်နေဂျာများနှင့်ဝန်ထမ်းငယ်များ


http://myanmarnewslocal.blogspot.com/2013/02/blog-post_8594.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်