Pages

Tuesday, February 5, 2013

အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲ သွားရန်ရှိ


မြန်မာနိုင်ငံရဲ့ အမျိုးသမီး များကို အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ဖို့ အတွက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကြမ်းကို ရေးဆွဲသွားဖို့ ရှိတယ်လို့ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။ အဆိုပါ ဥပဒေကြမ်း ကိုတော့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ပြီး ကျား၊မ ရေးရာ တန်းတူ ညီမျှ ဖြစ်ရေး ကွန်ရက် အဖွဲ့နဲ့ ပူးပေါင်းပြီး ရေးဆွဲ လျက်ရှိနေ တယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေကြမ်း ထွက်ရှိ လာပါက ရပ်ရွာဒေသ အတွင်း အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု၊ အလွှဲ သုံးစားမှု ၊ လျစ်လျူရှုမှု၊ ခေါင်းပုံဖြတ်မှုများ အပြင် အိမ်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်များကို ကြိုတင် ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပြန်လည် ထူထောင် ပေးခြင်း စတဲ့ လုပ်ငန်းများကို ပိုမို ဆောင်ရွက် လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဥပဒေကြမ်းကို ရေးဆွဲရာ မှာလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြည်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ၊ မျိုးဆက်ပွား ကျန်းမာရေး ဥပဒေများကို လေ့လာပြီး ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  အာဆီယံ နိုင်ငံများနဲ့ အခြား ကမ္ဘာ့နိုင်ငံများမှာ ပြဌာန်း ထားတဲ့ အမျိုးသမီး ဆိုင်ရာ ဥပဒေများနဲ့ နှိုင်းယှဉ် သုံးသပ်ပြီး အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေကို ပြဌာန်း ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ဥပဒေ ထွက်ရှိဖို့ အတွက် ကိုလည်း အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
 
mrtv4

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်