Pages

Tuesday, February 5, 2013

ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းမည်

ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းသွားရန် ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် အတည်ပြုဆုံးဖြတ် ခဲ့သည်။မြန်မာနိုင်ငံ၏ အမျိုးသားမြစ်ကြီး ဧရာဝတီထာဝရရှင်သန်စေရေးအတွက် 'ဧရာဝတီမြစ်ကော်မရှင်' ဖွဲ့စည်းဆောင် ရွက်သွားရန်အဆိုကို အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ယနေ့ အဆို တင်သွင်းသည်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေးပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဟန်စိန် က ပြန်လည်ဆွေးနွေး ရာတွင် လည်း ကော်မရှင် ဖွဲ့ရန်ေ ထာ က် ခံခဲ့ကာ ၀န်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဆွေးနွေး သွားခဲ့သည်။အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၁၉၆ ဦးရှိရာ တွင် ၁၇၀ ဦး ကေ ထာက် ခံပြီး၊ ကန့်ကွက်မဲ ၁၃ မဲ၊ ကြားနေမဲ ၇ မဲ၊ မဲမပေးသူ ၆ ဦး ရှိသောကြောင့် အဆို ကို အ တည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။
7DaysNewsJournal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်