Pages

Tuesday, February 5, 2013

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရ



 
ယနေ့ နံနက် (၉း၃၀) မှ (၁၀း၀၀) နာရီအတွင်း (US, Malaysia, Russia)အိုင်ပီလိပ်စာများမှတစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် စတင် တိုက်ခိုက်ခဲ့သည်။နံနက်(၁၁း၁၀) တွင်လည်း ထပ်မံ တိုက် ခိုက်လာခဲ့သည်။ နံနက်(၁၁း၅၃) နာရီတွင်လည်း IP-74.220.202.199 မှလည်း DDoS Request သိ န်းနှ င့် ချီ၍ တိုက်ခိုက် လာခဲ့သည်။ သို့ဖြစ်ပါ၍ လက်ရှိ တိုက်ခိုက်ခံနေရသည့် ကာလအတွင်း နိုင်ငံတော် သ မ္မတ ရုံးဝက်ဘ်ဆိုက်အား ကြည့်ရှုရာ တွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ပါ၍ နားလည်ပေးပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။ ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးဆိုင်ရာ များေ ဆာင်ရွက်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်။

မှူးဇော်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်