Pages

Tuesday, February 19, 2013

ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ ထည့်သွင်းပေးရန် တောင်းဆိုမည်

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အား တရားဝင် ရုံးပိတ်ရက်အဖြစ် အသိအ မှတ်ပြုပေးရန် နှင့် အသစ်ထပ်မံ ထုတ်လုပ်မည့် ငွေစက္ကူများနှင့် တံဆိပ်တုံးများတွင် ဗိုလ်ချုပ်ေ အာင်ဆန်းပုံကို သုံးစွဲပေးရန် ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်အင်းလျားကန်ပေါင်၌ ကျင်းပသည့် ဗိုလ်ချုပ်ေ အာင်ဆန်း မွေးနေ့တွင် ပြည်သူများက တောင်းဆိုလိုက်ကြောင်း သိရသည်။ ယင်းတောင်းဆိုချက် များကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးဝင်းတင်မှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ေ အာင်ဆန်းစုကြည် ထံသို့ ပြည်သူ ၅၅၄ ဦးမှ လက်မှတ်ရေးထိုး၍ တင်ပြခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အားလုံးပေါင်း ၅၅၄ ယောက် လက်မှတ်ထိုးထားတယ်။ အဘဦးဝင်းတင်ကနေတစ်ဆင့် အမေစုဆီကို တင်ထားတယ်။ မရမချင်း တောင်းဆိုသွားမယ်” ဟု Generation Youth မှ ဦးတင်ထွဋ်နိုင်က ပြောသည်။
 
ယင်းတောင်းဆိုချက် နှစ်ခုတွင် လူထုအားလုံး ပါဝင်နိုင်လျှင် အောင်မြင်မှု ရရှိနိုင်ကြောင်း၊ ယဉ်ကျေးသော နိုင်ငံတော်အဖြစ် ရပ်တည်သွားမည်ဆိုလျှင် ပြည်သူလူထု၏ အသံကို နားစွင့်နေသော လွှတ်တော်အနေဖြင့်လည်း ယင်းတောင်းဆိုချက်ကို ပြုလုပ်ပေးသင့်ကြောင်း၊ ယခုကဲ့သို့ တောင်းဆိုခြင်း သည်လည်း တန်ဖိုးရှိသည့် အဖိုးမဖြတ်နိုင် သည့် ခေါင်းဆောင်ကြီးကို ဖော်ထုတ်ရာ ရောက်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက “လူတိုင်းတောင်းဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်ပုံနဲ့ အရင်တုန်းကလဲ ပိုက်ဆံတွေ ထွက်ဖူးပါတယ်။ နိုင်ငံ့ခေါင်းေ ဆင် တ စ်ဦး ဖြစ်တဲ့အတွက် အဲဒီပိုက်ဆံတွေကို ဆက်လက်သုံးသင့်သလို ဗိုလ်ချုပ်ပါတဲ့ပုံတွေနဲ့ ပိုက်ဆံတွေကိုလဲ ဆက်လက်ထုတ်သင့်ပါတယ်။ အခြားတိုင်းပြည်တွေမှာဆိုရင် သူတို့နိုင်ငံရဲ့ အထင်ရှား ဆုံး ခေါင်းဆောင်တွေရဲ့ ပုံတွေကို ပိုက်ဆံတွေမှာ ရိုက်နှိပ်ကြတယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့လဲ ဒီလိုမျိုးတွေ လုပ်စေချင်ပါတယ်” ဟု ပြောသည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် အင်းလျားကန်ပေါင်၌ ကျင်းပခဲ့ပြီး အဆိုပါပွဲသို့ မြောက်ဥက္ကလာပမြို့နယ်မှ PG သွေးလှူအဖွဲ့၊ ဗ.က.သ၊ စီးပွားရေးတက္က သိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပါတီဝင်များနှင့် ပြည်သူများ တက်ရောက်ဂုဏ်ပြုခဲ့ပြီး လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်