Pages

Tuesday, February 19, 2013

ကာမိုင်းတွင် ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ အား မြစ်ကြီးနားသို့ စွန့်စား ပို့ဆောင်ခဲ့ သည့် နမ္မတီး ကြက်ခြေနီများ အား ဂုဏ်ပြု


 
ကာမိုင်း ရဲစခန်းကို ဒုတိယအကြိမ် အတိုက်ခံရစဉ်က ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ရဲတပ်ဖွဲ့ ၀င်များအား မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်ရန် စွန့်စွန့်စားစား သွားရောက် ခေါ်ယူခဲ့သော နမ္မတီး နာရေး ကူညီမှု  အသင်းနှင့် နမ္မတီး ကြက်ခြေနီ တပ်ဖွဲ့ဝင်တို့အား မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးမှ ဂုဏ်ပြု မှတ်တမ်း လွှာနှင့် အတူ အလှူငွေများ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
 
 
ကေအိုင်အေမှ ကာမိုင်းရဲစခန်းကို ဒုတိယအကြိမ် ၀င်စီးစဉ်အတွင်း ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင် များ အား မြစ်ကြီးနားသို့ ပို့ဆောင်ကုသရန် လိုအပ်သော်လည်း ကေအိုင်အေမှ ထွက်ခွာခွင့် မပြုဘဲ ထွက်လာပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် ကြက်ခြေနီများ ပို့မည်ဆိုပါ က ခွင့်ပြုမည် ဆိုသော သဘောတူညီချက်ကြောင့် နမ္မတီး နာရေးကူညီမှု အသင်းနှင့် နမ္မတီး ကြက်ခြေနီ တပ်ဖွဲ့ဝင် တို့မှ စွန့်စား ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ပြု ချီးမြှင့်ထိုက်သူအား ဂုဏ်ပြုချီးမြင့်မှုသည် မင်္ဂလာတစ်ပါးပင် ဖြစ်လေသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်