Pages

Tuesday, February 19, 2013

ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်းအိမ်ရာနှစ်ခုအတွက် အစိုးရက ငွေဘီလီယံ ၆၀ကျော် စိုက်ထုတ်သုံးစွဲမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အစိုးရတန်ဖိုးနည်းအိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခုအတွက် ငွေကျပ်ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံ သုံးစွဲသွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စုလွှတ်တော်အ စည်းအဝေး တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာလိုအပ်ချက် ၁သောင်းမှ ၃ သောင်းအထိလိုအပ်ချက်ရှိနေပြီး အစိုးရ က ပြည်သူများ အတွက် တန်ဖိုးနည်းအိမ်ရာအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ တန်ဖိုးနည်း အိမ်ရာများ ကို ၀င်ငွေနည်းပြည်သူများလ က်လှမ်းမီနိုင်စေရေး ထပ်မံဆောင် ရွက် မည်ဖြစ်ေ ကြာင်း၊ လက်ရှိ တည်ဆောက်မည့် အိမ်ရာများသည် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မည့် စီမံကိန်းအိမ် ရာဖြစ်ပြီး နိုင်ငံတ၀ န်းမြို့ကြီးများတွင် တန်ဖိုးနည်းအိမ်ရာများ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်း၏ ထုတ်ေ ဖ်ာပြော ဆိုချက်အရ သိရှိရသည်။

ဧရာဝတီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်