Pages

Tuesday, February 19, 2013

အင်ဒိုနီးရှားနိုင်ငံတွင် မိုးများအဆက်မပြတ် ရွာသွန်း၊ ရေလွှမ်း မြေပြိုမှု ဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံတွင် မိုးများ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုနှ င့် မြေပြို မှုများ ဖြစ်ပေါ်ကာ အနည်းဆုံး ၁၇ ဦးသေဆုံးပြီး ၄ဝဝဝ နီးပါး ၄င်းတို့၏ နေအိမ်များမှ စွန့်ခွာထွက်ြေ ပး သွားကြကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ဖေဖော်ဝါရီ ၁၈ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါရေလွှမ်းမှုနှင့် မြေပြိုမှုများသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်က မြောက်စူလာဝေစီပြည်နယ် မြို့တော်မင်နာဒိုတွင် ဆိုးဆိုးရွားရွား ခံခဲ့ရကြောင်း၊ တောင်ကု န်းေ တာင် တန်း များမှနေ၍ ရွှံ့နှင့် ကျောက်တုံး ကျောက် ခဲများ အောက် သို့ လျှောကျခဲ့ကြောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ အစိုးရအရာရှိ ဆူတိုဖိုနာရိုက ပြောကြားသည်။ ယင်းသဘာဝဘေး အန္တရာယ်ဆိုးကြောင့် ၁၇ ဦးသေဆုံးပြီး အခြား ၃၈၃၄ ဦးကို ဘေးကင်းလုံခြုံသည့် ယာယီနေထိုင်ရာ အဆောက်အအုံများသို့ ထွက်ပြေးရန် လှုံ့ဆော်ပေးခဲ့ကြောင်း နာရိုဟိုက ဆက်လက်ပြောကြားသည်။ ရုတ်တရက် သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် မြစ်တစ်မြစ်၏ ကမ်းပါးများပေါ်မှ ရေလျှံမှုဖြစ်ကာ နေအိမ် ၁ဝဝဝ ကျော် ရေလွှမ်း သွားခဲ့ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ ထိုအတောအတွင်း ဖေဖော်ဝါရီ ၁၆ ရက်က ဆူမတြားကျွန်း ဂျန်ဘီပြည်နယ်တွင် ရေလွှမ်းမှုများ ဖြစ်ပေါ်ချိန်တွင် ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦး အပါအဝင် လူသုံးဦး ရေနောက်ပါသွား ခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် စွတ်စိုသော ရာသီဥတုကြောင့် မကြာသေးမီနှစ်များအ တွင်း ရေလွှမ်းမှုနှင့် မြေပြိုမှုများ ထပ်တလဲလဲဖြစ်ပေါ်လျက်ရှိသည်။ ဇန်နဝါရီ အစောပိုင်းကလည်း မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော်ဂျကာတာတွင် ရေလွှမ်းပြီး ၃၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်