Pages

Tuesday, February 19, 2013

မြောက်ကိုရီးယားက အနုမြူဗုံး စမ်းသပ်ပြီး နောက်ဝယ်

ဖေဖော်ဝါရီ ၁၂ရက်က မြောက်ကိုရီးယားသည် ၇နှစ် အတွင်း တတိယမြောက်မြေေ အာက်   နျူ က လီးယားဗုံးစမ်းသပ်ဖောက် ခွဲမှုတစ်ခုပြုလုပ်ခဲ့သည်။ ထိုစမ်း သပ်မှုကြောင့် ကိုရီးယား ကျွန်း ဆွယ် တွင် ပြင်းအားရစ်ခ်ျကာစကေး အဆင့် ၅ရှိ ငလျင်တစ်ခုဖြစ်သွား ခဲ့သည်။ (သတင်းဖော်ပြပြီး) ယင်း သို့ စမ်းသပ် မှုမလုပ်မီ မြောက်ကို ရီးယားသည် နျူကလီးယားစမ်း သပ်မှုတစ်ခုပြုလုပ်မည်ဟု ဖေဖော်  ၀ါရီလ ၁ရက်က မြောက်ကိုရီးယား သတင်းဌာနကကြေညာသွားခဲ့ သည်။ ထိုသို့ ကြေညာအပြီး ၃  ရက်အကြာ၊အမေရိကန်နှင့် တောင်  ကိုရီးယားတို့ နှစ်နိုင်ငံရေတပ်ဆိုင် ရာ ၃ရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်  မှုကို ပင်လယ်ဝါတွင်ပြုလုပ်ခဲ့သည်။   အမေရိကန်၏ နျူကလီယားစွမ်း အင်သုံး ရေငုပ်သင်္ဘောကြီးတစ် စီးပင်ပါသည်။ လိုအပ်က မြောက် ကိုရီးယားတို့ မြေအောက်နျူကလီး  ယားဗုံးဖောက်ခွဲစမ်းသပ်မှုကိုထိန်း ချုပ်ရန်ဖြစ်သည်ဟုဆိုသည်။ အမေရိကန်နှင့်တောင်ကိုရီးယား    တို့က သမ္မတသစ်မစ္စပါ့စ်ချန်ဟေး    ကျမ်း သစ္စာကျိန်ဆိုမည့် ဖေဖော် ၀ါရီ ၂၅ရက်ခန့်တွင် စမ်းသပ် ကောင်းစမ်းသပ်မည်ဟုခန့်မှန်း  ထားသော်လည်း ဆိုင်းမဆင့်ဗုံ  မဆင့်ဆိုသလို မြောက်ကိုရီးယား    က ပေါက်ကွဲအား ၇ကီလိုတန်ရှိ သည့် နျူကလီးယား ဗုံးငယ်တစ်လုံး ကို အန္တရာယ်မရှိ အောင်မြင်စွာ    ဖောက်ခွဲစမ်းသပ်ပြခဲ့ရာ၊ကုလ သမဂ္ဂလုံခြုံရေးေ ကာင် စီဝင်နိုင်ငံ များ၊အမေရိကန်၊ဥရောပနှင့်အရှေ့  မြောက်အာရှဒေသနိုင်ငံများပါ မျက်ကလဲ ဆန်ပြာဖြစ် သွား သည်။    အထူးသဖြင့် တောင်ကိုရီးယား    နိုင်ငံမှာ အထူးခြောက်ခြားသွား  ခဲ့ရပြီး နိုင်ငံလုံးဆိုင်ရာ တပ်အ သင့် ပြ င် မှု (Alert) လုပ်ခဲ့ရသည်။
 
၁၉၉၆ခုနှစ်ကလည်း မြောက်  ကိုရီးယားသည် တာဝေးမိုင် ၂၀၀၀  ကျော်ထိပစ်ခတ်နိုင်သည့် တိုက်  ချင်းပစ်ဒုံးကျည် တစ်စင်းကိုစမ်း သပ်ပစ်ခတ်ခဲ့ရာ ဒုံးကျည်အစိတ် အပိုင်းတစ်ခုသည် ပင်လယ်ဝါ အတွင်း၌ ကျရောက်ခဲ့သည်။  ဒုတိယအစိတ်အပိုင်းတစ်ခုမှာ ဂျပန်ကျွန်းအနီးကျရောက်ခဲ့ပြီး၊  အခြားအစိတ်အပိုင်း တစ်ခု မှာ အမေရိကန်၏ အလက်စကာကျွန်း   အနီးသို့ပင် ရောက်ခဲ့သည်။ဒုံးကျည်    စမ်းသပ်မှု မအောင်မြ င်ဖြစ် ခဲ့သော် လည်း အမေရိကန် ဂျပန်နှင့် တောင်ကိုရီးယားတို့ အတော်တုန် လှုပ်ခဲ့ကြသည်။ ယမန်နှစ်က လည်း မြောက်ကိုရီးယားသည် ဂြိုလ်တုလွှတ်တင်သည်ဆိုကာ တာဝေးကီလိုမီတာ ၅၀၀၀ထိပစ် ခတ်နိုင် သည့် နျူကလီးယားထိပ် ဖူးတပ်ဒုံးကျည်တစ်လုံးကိုပစ် လွှတ်ခဲ့သည်။သို့သော် မအောင် မမြင်ခဲ့။ ယခုနှစ် ဆန်းပိုင်းကမူ တာဝေးကီလိုမီတာ ၈၀၀၀(မိုင် ၅၀၀၀ခန့်)ထိပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည် တစ်လုံးကို  အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်    ခဲ့သဖြင့် မြောက်ကိုရီးယား တစ် နိုင်ငံလုံးပျော် မဆုံး မော်မ ဆုံးဖြစ် ခဲ့ ကြသည်။

ခေါင်းဆောင်သစ်   အင်ဂျောင်အန်၏ အောင်မြင်မှု တစ်ခုလည်းဖြစ်သည်။ အဆိုပါ ဒုံးကျည်သည် ဒေသ တွင်းနိုင်ငံများ   ကိုသာမက အမေရိကတိုက် အလယ်ပိုင်းထိကောင်းစွာပစ်ခတ် နိုင်ခဲ့သဖြင့် ကုလသမဂ်္ဂ လုံခြုံရေး    ကောင်စီတွင် မြောက်ကိုရီးယား    အား ဒဏ်ခတ်ပိတ်ဆို့အရေးယူ  ရန် တောင်းဆိုမှု များပွက်လော ရိုက်ခဲ့သည်။ထူးခြားသည်မှာ ယခင်စမ်းသပ်ပစ်ခတ်ခဲ့သော တာဝေးပစ်ဒုံးကျည်များ မှာ လောင်  စာရည်သုံး ဒုံးကျည်များဖြစ်သော် လည်း ယခုစမ်းသပ်ဖောက်ခွဲလုပ်    သည့် နျူ က လီးယား ဗုံးမှာ လောင် စာခဲသုံး နျူကလီးယားဗုံးဖြစ်သည်  ဟုသိရသဖြင့် မြောက်ကိုရီးယား    ၏ နျူက လီးယား ဗုံး ထုတ် လုပ် ရေးနည်းပညာမှာ ကမ္ဘာ့အင်အား   ကြီး နျူကလီးယား လက်နက်ပိုင်  နိုင်ငံကြီးများကို ပုခုံးချင်း ယှဉ်နိုင် တော့မည်ဖြစ်ရာ မြောက်ကိုရီးယား    သည် နျူကလီးယားဗုံးတစ်လုံးပြီး တစ်လုံး ထုတ်လုပ် လာနိုင်ပေတော့ မည်။

အမေရိကန်ကလည်း တစ် လုံးထုတ်လုပ်လာနိုင်ပေတော့ မည်။ အမေရိကန်ကလည်း မြောက် ကိုရီးယား ကိုလျော့တွက်တော့မည်  မဟုတ်၊သို့သော် စစ်ရေးအရ လက်  ဦးမှုရယူတိုက်ခိုက်နိုင်ချေမရှိ အီရတ်/ အာဖဂန် စစ်ပွဲများကြောင့်      အမေရိကန် စစ်ပန်းနေသည်။ စစ်အသုံးစရိတ်များမြင့်မားနေသ ဖြင့် ဘဏ္ဍာငွေ အကြပ်အတည်း      ရင်ဆိုင်နေရကာ သမ္မတအိုဘား  မားအစိုးရက စစ်အသုံးစရိတ်ကို     အလွန် အ မင်းေ လျာ့ချနေရသည်။   နောက်ထပ် စစ်မျက်နှာသစ် တစ်ခု ဖွင့်ရန်မလွယ်။ဒီတော့ စားပွဲဝိုင်း တွင် ညှိနှိုင်း အဖြေရှာဖို့စဉ်းစား မည်လား၊တွေးစရာ။

မြောက်ကိုရီးယားမြေအောက်   နျူကလီးယားဗုံးစမ်းသပ်မှုအပြီး  တောင်ကိုရီးယားက မြောက်ကို ရီးယား၏ ယခုလုပ်ရပ်မှာရက်စက်   ယုတ်မာသည့်လုပ်ရပ်ဖြစ်သည်။ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေးခေါ်ဖို့တောင်းဆို သည်။ အမေရိကန်ကလည်း မြောက်ကိုရီးယားကိုအပြင်ထန်ဆုံး    စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချ  သည်။လူမျိုးတူ၊ဘာသာစကားတူ၊ အသွေးအရောင်တူ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ်္ဂအတွင်းရေးမှူးဖြစ် လာသည့် ဘန်ကီမွန်းကလည်း    သံယောင်လိုက်ကာ ““ဒေသတွင်း တည်ငြိမ်မှုကို အကြီးအကျယ်ထိ ခိုက်ပျက်စီးစေသည်””ဟု ဆိုလိုက် သည်။ သို့သော် မြောက်ကိုရီးယား    မတုန်လှုပ်။

တောင်နှင့်မြောက်ကိုရီးယား   လူမျိုးတူ။ဘာသာတူ။သို့သော် ၀ါဒစနစ်မတူ အရင်းရှင်နဲ့ဆိုရှယ် လစ်၊ချမ်းသာဆင်းရဲအလွန်ကွာ နှစ်နိုင်ငံပေါင်းစည်းရေး အလှမ်း   ကွာဝေးနေသေး။ နှစ်နိုင်ငံပေါင်း စည်းရေး အင်ဂေ့ခ်ျမင့်  (Ergage ment  Policy) အထမမြောက်၊ ဆန်းရှိုင်း (SurShine pllicy) လည်း အရာမထင်၊ဤသို့ဖြစ်ရ သည်မှာ မြောက်ကိုရီးယားကို ချည်း တစ်ဖက်သတ်ပြော၍ မရ။      ၁၉၅၃ကိုရီးယားစစ်ပွဲပြီးကတည်း က တောင်ကိုရီးယားမှအမေရိကန်     တပ်များ မဆုတ်ခွာနိုင်သေးသည် မှာ ဘာကြောင့်လဲ၊အခုလည်း အမေရိကန်စစ်သည် ၃၀၀၀၀ခန့် တောင်ကိုရီးယားမှာ စခန်းချနေ တာ ဘာကြောင့်လဲ မေးခွန်းထုတ် စရာပါ။ဒီအတွက်ပဲ တောင်ကိုရီး ယားဟာ စစ်ရေးအရ အမေရိကန်     ရဲ့ထီးရိပ်ကိုခိုလှုံနေရပြီး၊လက်နက် ခဲယမ်းသော်မှ အမေရိကန်ရဲ့ခွင့် ပြုကန့်သတ်ချက်ဖြင့် ထုတ်လုပ်   နေရသည်မဟုတ်လော။

သို့သော် တောင်ကိုရီးယား    က အားကျမခံ၊ဖေဖော်ဝါရီလ ၁၄ ရက်က တောင်ကိုရီးယားလုပ်  ပစ်မှတ်ရှာ လမ်းညွှန် ပဲ့ထိန်း ပါ။ တိုက်ချင်းပစ် ခရုစ်ဒုံးကျည်သစ် တစ်မျိုးကို စမ်းသပ်ပစ်ခတ်သည့်  ပြကွက်တစ်ခုကို ကိုရီးယား  ရုပ်သံလိုင်းများ၌ပြသွားသည်။တောင်ကို ရီးယားစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ် (KimMin-Seok) က““အခု ငါတို့  ထုတ်လုပ်လိုက်တဲ့ ဒုံးကျည်တွေဟာ စွမ်းဆောင်ရည်အထူးမြင့်မားပြီး   ဖျက်အားပြင်း လက်နက်တစ်ခု ဖြစ်တယ်။ထိရောက်မှုနဲ့တိကျမှု   အလွန်ကောင်းပြီး မြောက်ကိုရီး ယားရဲ့ဘယ်နေရာကိုမဆို အချိန် မရွေးပစ်နိုင်တယ်။ကုန်ကုန်ပြော   မယ်။ မြောက်ကိုရီးယား သမ္မတကင်ေ ဂျာင် အန်အိပ်နေတဲ့    တံခါးဂျက်ကိုတောင် မှန်အောင် ပစ်နိုင်တယ်”” လို့ အဓိပ္ပာယ်ဆို နိုင်သော ” It Can Strike anywhere at anytime in North Ko rea. The New weapons is ex tremely destructive and power ful.The Precision-guided weapon is very accurate,able to hit the windows of North Lcorea Command office” လို့  လေးလုံးထွားသွားသည်ကို တွေ့   ရသည်။

လေသေနတ်ဖြင့် စစ်တိုက် ခြင်းလော၊စစ်အေးတိုက်ပွဲဆင်နွှဲ ခြင်းလော။ မည်သို့ဆိုစေ။တောင် ကိုရီးယား အနေဖြင့် နောက်ကြော  မလုံဖြစ်နေသည့်အတွက် လိုအပ် သည့်ဖျက်အားပြင်း လက်နက်ခဲ ယမ်းများရ ယူရန် လိုအပ်မည်ဖြစ် ရာ အမေရိကန်နှင့်ဥရောပနိုင်ငံ များအတွက် ဈေးကွက်ရလာဖွယ်ရှိ  သည်။ ထို့ေ ကြာင့် ကိုရီးယား ကျွန်းဆွယ်အတွက် သတင်းကောင်း    များထွက်လာစရာအကြောင်း တော့မရှိတန်ရာ။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်