Pages

Tuesday, February 19, 2013

လှည်းတန်းခုံးကျော်တံတား သံပေါင်တပ်ဆင်ရန် ရှိသောကြောင့် ညပိုင်းတွင် လမ်းကို ခေတ္တပိတ်သွားမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်၍ ရွှေအောင်ဖွံ့ဖြိုးရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းတွင် တံတားသံပေါင် တပ်ဆင်နေချိန် ည ၁၁ နာရီမှ နံနက် ၄ နာရီတွင် ခေတ္တပိတ်သွားမည် ဖြစ်ကြောင်း ၁၈-၂-၂၀၁၃ ရက်က သတင်းရရှိသည်။ လှည်းတန်းလမ်းဆုံနေရာ၌ တံတားသံပေါင်တင်ခြင်းကို ၁၈-၂-၂၀၁၃ ရက်မှ ၂၀-၂-၂၀၁၃ ရက်ထိ ညစဉ် ည ၁၁ နာရီမှ နံနက် ၄ နာရီအထိ လမ်းကြောင်းများ ပိတ်ရန် ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပိတ်မည့်လမ်းကြောင်းများမှာ လှည်းတန်းလမ်းဆုံ ယာဉ်ကြောများမှ ရန်ကုန်မှ တက္ကသိုလ်ရိပ်သာ လမ်း၊ ရန်ကုန်မှ ပြည်လမ်း၊ ရန်ကုန်မှ အင်းစိန်လမ်းမ၊ ရန်ကုန်မှ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမှ အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းမှ လှည်းတန်း လမ်း၊ ပြည်လမ်းမှ လှည်းတန်းလမ်း စသည့် အသွားအပြန် လမ်းများ၊ ပြည်လမ်းမှ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းစိန်လမ်းမှ ပြည်လမ်း၊ လှည်းတန်းလမ်းမှ အင်းစိန်လမ်း စသည့် အသွားတို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေေ ဖ်ာဝါရီ ၂၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်