Pages

Tuesday, February 19, 2013

လမ်းများပေါ်တွင် အရပ်ဝတ်များဖြင့် KIA တပ်ဖွဲ့ဝင်များ ဆက်ကြေးတောင်းခံ

မိုးညှင်းမြို့နယ်၊ လုံးတုံ- ဟဲပန်- ဆယ်ဇင်း ကားလမ်းကြောင်း ပေါ်ရှိ မိုင်းပုတ် ကျေးရွာ အုပ်စု၊ သိန့်စန့် ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းရွှေ၏ နေအိမ် ဈေးဆိုင်တွင် မောင်းတံဝါးတန်းဖြင့် ၀င်/ ထွက် ဖြတ်သန်းသွားလာ နေသော ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ယာဉ် များအား ခရီးသည်တင် ယာဉ် ၁ စီးလျှင် ငွေကျပ် ၂ သိန်း၊ ကုန်တင်ယာဉ် ၁ စီးလျှင် ငွေကျပ် ၅ သိန်းတို့အား ပွင့်လင်း ရာသီ ဖြတ်သန်းခ ခွန်အဖြစ် အရစ်ကျ စနစ်ဖြင့် ရပ်တန့် ပေးသွင်းခဲ့ကြ ရာမှ ၄င်းရက် နောက်ပိုင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ၄င်း မောင်းတံအား ဖြုတ်သိမ်း ထားရှိခဲ့ သော်လည်း ရံဖန်ရံခါ သိန့်စန့်ေ ကျး ရွာ တောင်ဘက် ၂ မိုင်ခန့် အကွာတွင် အရပ်ဝတ်ဖြင့် ယာဉ်ကြီး/ ယာဉ်ငယ်များ အား ငွေတောင်းခံမှုများ ရှိကြောင်း သိရှိရသည်။ အဆိုပါ ကားလမ်းကြောင်း တွင် ငွေတောင်းခံ သည့်အဖွဲ့မှာ KIA အကြမ်း ဖက် သောင်းကျန်းသူ အဖွဲ့မှ အရပ်သား အသွင်ယူထား သူ မဒန်လဂျာနှင့် အဖွဲ့ဝင် ၂ ဦးသည် သိန့် စန့် ကျေးရွာရှိ မူကြိုကျောင်း အနီးရှိ လူနေတဲ ၁ လုံးတွင် အရပ်ဝတ်ဖြင့် နေထိုင် အခြေပြု ငွေကောက်ခံ လျက် ရှိကြောင်း သတင်းရရှိပါသည်။

Singapore Feel

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်