Pages

Tuesday, February 19, 2013

အလုပ်ကိုသာ ဦးစားပေး လိုသည့် မိဘများကြောင့် ကလေးငယ်များ ပညာသင်ခွင့် ဆုံးရှုံးလျက်ရှိ

တချို့သောမိဘများသည် ပညာရေးအပေါ်တန်ဖိုးထားမှုနှင့်  ကလေးများပညာရေးအတွက် ထောက်ပံ့ လိုသည့်ဆန္ဒများနည်းပါး   လျက်ရှိကြောင်း ကလေးသူငယ် များတွင် ပညာသင်ခွင့်များဆုံးရှုံး   နေရကြောင်း သိရသည်။ “ကျွန်မတို့က မိသားစုကများ   တယ်လေ။ ကျောင်းထားဖို့စရိတ်  ကို မတက်နိုင်ဘူး။ မူလတန်းမှာ က ပိုက်ဆံမပေးရဘူးလို့ပြောကြ   တယ်။ ဒါပေမဲ့ ကျောင်းတက် နေတဲ့ အချိန်ကာလမှာ မိသားစု က ဘယ်လိုထောက်ပံ့ရမလဲ။စား ၀တ်နေရေးအတွက် ရုန်းကန်နေရ   တာ။အခုကလေးကိုဝပ်ရှော့မှာ ပို့ ထားတယ်။ အလုပ်သင်အနေနဲ့ ပေါ့။ ပညာလည်းရတယ်။ ပိုက်ဆံ  လည်းရတယ်”ဟု လှိုင်သာယာမြို့  နယ်တွင်နေထိုင်သည့်မိခင်တစ်ဦး  ကပြောသည်။
 
ထိုကဲ့သို့သောမိဘများ၏  အယူအဆများကြောင့် ကလေး ငယ်များပညာသင်ယူခွင့်ဆုံးရှုံး  ရခြင်းနှင့် ပတ် သက်၍“တချို့ကလေး   တွေ ကျောင်းတက်နေချင်သော် လည်း မတက်ရဘဲအလုပ်  ၀င်လုပ်နေရတဲ့ ကလေးတွေ့ဖူးပါ တယ်။ စားဝတ်နေရေးတစ် ကြောင်း မိသားစုများကတစ် ကြောင်းပေါ့။ အဲဒီလို မျိုးေ တွ ရှိတာ ပေါ့။ ပညာရေးကို တာဝန်ရှိသူ တွေက ကြပ်ကြပ်မတ်မတ်နဲ့ လုပ် နေကြပေမဲ့ အချို့နေရာတွေမှာ အဲဒါမျိုးတွေရှိနေသေးတယ်”ဟု ကျောင်းဆရာမတစ်ဦးကသုံးသပ် ပြောသည်။

“ကျွန်တော်ကျောင်းပြန်တက် ချင်ပါတယ်။ ပြန်တက်ရင် (၅) တန်း  တက်ရမှာအမေတို့ကကျောင်းထား ရင်ကုန်ကျစရိတ်ကို မတတ်နိုင်ဘူး  ဆိုလို့ကျောင်းထွက်ရတာပါ”ဟု ကလေးတစ်ဦးကသူ၏ဆန္ဒ ကို ပြောသည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်