Pages

Tuesday, February 19, 2013

နိုင်ငံသား ဖြစ်ခွင့်နှင့် မညီသော မှတ်ပုံတင် ရထားသူများကို ပြန်လည် စိစစ် သိမ်းဆည်းမည်

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံမှ နိုင်ငံသား စိစစ်ရေးကတ်ပြားကို နိုင်ငံ သား အဖြစ် အပြည့်အဝ မခံယူထိုက်သူများက ရယူထားမှုများ ရှိနေသဖြင့် ပြန်လည် စိစစ်အရေးယူ သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၃-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး၏ ဆိုလိုရင်းအ ရ မြန် မာနိုင် ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နိုင်ငံခြားသားများက ၁၉၈၂ ဥပဒေပါ အချက်များကို ကျော်လွန်ကာ အခကြေးငွေပေးပြီး နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ခဲ့မှုများ ရှိသဖြင့် ယင်းတို့ကို စစ်ဆေးတော့မည့် သဘောမျိုးဖြစ်သည်ဟု သိရသည်။ “လဝကရဲ့ ကတ်တွေ အကျုံးဝင်မဝင် ပြန်စစ်နေတယ်။ အကျုံးမဝင်ရင် ပြန်သိမ်းမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မှ မျိုးဆက်များစွာ ကျန်ရှိနေခဲ့ပြီး နိုင်ငံခြားသား အချို့သည် မြန်မာနိုင်ငံသား၊ အမျိုး သမီးများနှင့် အတည်တကျ ပေါင်းသင်းဆက်ဆံကာ မိသားစု ထူထောင် ထားကြသော်လည်း တရား ဝင် နိုင်ငံ သားဖြစ်ခွင့် မရှိခဲ့ကြကြောင်း သိရသည်။ “လဝကရဲ့ ၁၉၈၂ ဥပဒေအရမှာ နိုင်ငံခြားသားနဲ့ လက် ထပ် ထားတဲ့ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ သားဟာ နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ တတိယ မျိုးဆက် ဖြစ်တဲ့ မြေးဖြစ်သူသာလျှင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရမှာပါ” ဟု လူဝင်မှုကြီးကြပ်ေ ရးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ အချို့သော တောဒေသနှင့် မြို့များတွင် နိုင်ငံသားဖြစ်ခွင့် မရကြသေးသူများက လာဘ်ပေးလာဘ် ယူမှု ပြုလုပ်ကာ မှတ်ပုံတင်ပြုလုပ် ရရှိနေကြကြောင်း၊ အချို့မှာ မှတ်ပုံတင် အတုပင်လျှင် ကိုင်ဆောင် သုံးစွဲနေမှုများ ရှိကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ် တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်