Pages

Tuesday, February 19, 2013

သာကူး မဟုတ်ပါ ဆိုသည့် ကိုသားစိုး

အဆိုတော်ကိုသာစိုး သည် တပ်မတော် အစိုးရ အုပ် ချုပ် စဉ် အချိန်အခါကပင် နိုင်ငံတော်အတွက်ေ ကာင်းနိုးရာရာတို့ ကို ထောက်ပြပြော ဆိုတတ်သူဖြစ် ပါသည်။ ထို့ ကြောင့်ပြည် သူအများမှ ကိုသားစိုးအား အစိုးရ အတိုက်အခံဟုပင် ထင်မှတ် ခဲ့ကြပါသည် ။သို့ သော်ယခု ဒေါ်စုကြည်အားေ စ်ာကားလိုက်ေ သာ အခါတွင်မှု အတိုက်အခံတို့ မှာ မိမိဘက်ပါ လာမည်ဟု ထင်သော ကိုသားစိုးအား ပိုမို၍အပြစ် တင်ဝေဖန်ကြသည်။

ကိုသားစိုးပြောကြားလိုက်သည့် ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော် က ဖြစ် သင့် တာ၊ ကောင်း တာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲ မှာ အရင် တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေ လည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်ေ တာ် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါ လိမ့်မယ်။

 နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် ကဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်ေ တာ် တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော် တို့ တိုင်းပြည် ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုး တက်ေ အာင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါ ဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာ ဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” ဟုအဆိုတော် သားစိုပြေား ကြား ချက်နဲ ပတ်သက်ပီး ဝေဖန်လာသံတွေကြားနေရပါတယ်။တကယ်တော့ ကိုသာစိုး ပြေားတာတွေ ဟာေ ယာ က်ျား ပီပီ နိုင်ငံရေးနဲ့ ပတ်သက်ပီးရဲရဲဝင့်ဝင့်ပြောသွားတာဖြစ်ပါ တယ် ။သူ ပြောသလိုပါပဲ အမှန် တကယ် နိုင်ငံတော်ကောင်းစားအောင် လုပ်ဆောင်နိုင်တဲ့ မည်သူမ ဆိုထောက်ခံ သင့်ပါတယ်။မရောင်ရာ ဆီလူးေ န တတ်တဲ့ ဒေါ်စု ကြည် ထံသို့ အနုပညာရှင်များ သွားရောက်တွေ့ ဆုံကြခြင်း မှာတစ်ချို့ မှာ လူမှု့ ရေးအရ အားနာ ၍ သွားရောက်ခြင်းဖြစ်ပီး

တစ်ချို့ မှာတော့ ကိုသားစိုးပြောသလို သာကူး သဘောမျိုးနဲ့ သွားရောက်တွေ့ ဆုံကြခြင်းဖြစ်နေပါသည်။ တပ် မတော် အစိုးရအုပ်ချုပ်နေချိန်မှာတော့ တပ်မတော်အစိုးရကိုဖားနေပြီး ယခုမှ သာရာသို့  ကူး တတ်ကြေ သာလူအမျိုးမျိုး အနုပညာရှင်အမျိုးမျိုးအားတွေ့ နေရပါသည်။မြန်မာပြည်မှ အနုပညာ သည်များ သည် များသောအားဖြင့် လိုင်းပူး တတ်ကြသည်မှာ ပရိတ်သတ်များလည်း အသိပင်ဖြစ်ပါသည်။

အဆိုတော်ကရုပ်ရှင်လိုင်းဘက်သို့ ကူးချင်သည်၊ ရုပ်ရှင်မင်းသားမင်းသမီးဘ၀မှ အဆိုတော်ဘက်သို့ လိုင်း ကူး ချင်သည် ဘက်အမျိုးမျိုး၊ သာရာသို့ ကူးတတ်သော မြန်မာပြည်က အနုပညာသည်များအား ကိုသားစိုး ခုလို ပြောဆိုသည်မှာ နည်းတောင်နည်းပါသေးသည်။ယခုလည်းအနု ပညာသည်လိုင်းမှ နိုင်ငံရေး လိုင်း ဘက် သို့ ပူးချင်နေကြသော မြန်မာ့အနုပညာရှင်များ ဒေါ်စုကြည်ကိုဖားနေကြပြန်ပီ။ "ကိုယ့်ငါးချဉ် ကိုယ် ချဉ် " ဆိုသလို ကိုယ့် အထင်နဲ့ ကိုယ်ရိုက် ကိုယ့်အချင်းချင်းပြန်ဆုပေး ပြီးလျှင် ကိုယ့်အချင်း ချင်းမြှောက် ပင့်ေ နကြသည်မှာရီစရာတော့ အတော်ကောင်းလှပါသည်။

လူဆိုသည့်ဗီဇမှာ ရ လေရလေ အိုတစေ ဒီဟာရပြီးနောက်ဟာထပ်လိုချင်သည် နောက်ဟာရလည်း ထပ် လို ချင်ကြေ သး သည်။အနုပညာလုပ်ငန်းမှာအောင်မြင်လာပြန်တော့ မိမိကိုယ် ကိုအဟုတ်ကြီး ထင်ကာ မာန် တက် ချင်လာကြသည်။ စင်ပေါ်တက်ကာ ပြည်သူအားဖျော်ဖြေမှ ထမင်းဝတတ်ကြသော အနုပညာ ရှင် တစ်ချို့ အနုပညာအားရောင်းစား မှ အဆင်ပြေဘ၀လှကြသော ထိုသူများ သာရာ ကူးတတ်ကြ သည် မှာတော့ မထူးဆန်းတော့ပါ။

(မှတ်ချက်။ ။သဘာဝ ပြောသော အနုပညာရှင်များမှာ မည်သူတို့  ကိုပြောဆိုသည်မှာ ထိုအနုပညာရှင်များ ကိုယ်တိုင် သိနိုင်ပါသည်။ ) အမှန်တကယ် နိုင်ငံတော် ကိုကောင်း စားစေချင်လျှင် ပုဂ္ဂိုလ်စွဲမထားသင့်ပါ ထို သို့ ပုဂ္ဂိုလ် စွဲထား တတ်သော အတိုက် အခံပြည် သူများ သည် နိုင်ငံတော် ကိုအမှန် တကယ်ချစ်သည် မဟုတ် ပါ ။ယခု အနုပညာရှင် များကဲ့ သို့ သာကူးခြင်းသည် လည်းနိုင်ငံတော် ကိုချစ် မြတ်နိုး၍ မဟုတ်ပါ မိမိ အကျိုးစီးပွား အားမျှော် ကိုးကာ လိုင်းပူး သွားကြခြင်းသာဖြစ်ပါသည်။

Myanmar Daily News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်