Pages

Tuesday, February 19, 2013

တိုင်းရင်းဆေး ကုသည့် လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး (၁၀) ဆတိုးမြှင့်

တိုင်းရင်းဆေးခန်းဖြင့်ဆေးကု  ရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ  ဆေးကုသသူများကို ယခင်   သတ်မှတ်ထားသည့်ဒဏ်ကြေး  ထက်(၁၀)ဆတိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း တိုင်း ရင်းဆေးကောင်စီမှသိရသည်။ ဆေးကုသခွင့်မရှိဘဲ ဆေး ကုသသူများကို ယခင်ကပေးဆောင်   ရသော ဒဏ်ငွေမှာ ငွေ(၁၀၀၀၀) ဖြစ်ပြီး၊ယခုအခါ တိုင်းရင်းဆေး   ကုသခွင့် မှတ်ပုံတင် မရှိဘဲ ဆေးဝါး    ကုသူမှုများ ပပျောက်စေရေးအတွက်  ဆေးကောင်စီဥပဒေကိုပြင်ဆင် သတ်မှတ်လိုက်ပြီဖြစ်ရာ ယခင် ဒဏ်ကြေး ကျပ်တစ်သိန်းဖြစ်ကြောင်း ဆေးကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။
 
ယင်းသို့တိုင်းရင်းသားဆေး  ဥပဒေကို ပြင်ဆင်ရာတွင်နိုင်ငံ ခြားတိုင်းပြည်တစ်ခုခုမှ တိုင်းရင်း ရိုးရာေ ဆး ပညာအား အသုံးပြု ကုသသည့် ဆေးဆရာများကို   ကုသခွင့်မှတ်ပုံတင်ထုတ်ပေးရာ တွင် တိုင်းရင်း ရိုးရာဆေးပညာ အတွက်လိုအပ်သည့်လက်မှတ်၊ ကုသမည့် ဆေးဆရာများ၏ အရည် အချင်းများကို တိုင်းရင်းဆေး ပညာဦးစီးဌာနကစိစစ်၍ ကျန်းမာ ရေးဝန်ကြီးဌာန သို့တင်ပြပြီးေ ထာက် ခံချက်ပေးခြင်းပြီးမှသာထုတ် ပေးခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ တိုင်းရင်းဆေးေ ကာင် စီ   ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေပြ ဋ္ဌာန်းချက်အား(၂၀၁၃)ခုနှစ်၊ဇန်န ၀ါရီတတိယ အပတ်တွင် ထုတ်ပြန် ကြေငြာ ထားခြင်းဖြစ်ကြောင်းသိရ သည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်