Pages

Tuesday, February 12, 2013

ရခိုင် ပြည်တွင်း အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပေါ်လာခြင်းအား RWU သဘောထား ထုတ်ပြန်


ရခိုင်ပြည်တွင် ၂၀၁၃ ခုနှစ်အတွင်း ဒေသခံရခိုင်များအား ဘင်္ဂလီကုလားများ အုပ်စုလိုက် အကြမ်းဖက် မှုများ ထပ်မံဖြစ်ပေါ်ရခြင်းအပေါ် ရခိုင်အမျိုးသမီးများအစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချကြော င်း ဖေဖော် ၀ါရီလ၊ ၁၀ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ဒေသခံရခိုင်များ မတရားသတ်ဖြတ်ခံနေရခြင်းနှင့် မောင်တောဒေသတွင် ဤသို့မကြာခဏ ဖြစ်ပေါ်နေေ သာ ရာဇ၀တ်မှု ပေါင်းများစွာကို ကမ္ဘာတလွှားတွင်ရှိသော ရခိုင်၊ ဗမာ၊ ရှင်း၊ ကချင်၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှများနှင့် ကမ္ဘာ့လူထုနဲ့ အစိုးရတွေကို သိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ဤကြေငြာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

" လွန်ခဲ့တဲ့ မေလကနေ စတင်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှု မှန်သမျှဟာဆိုရင် ဘင်္ဂလီကုလားတွေေ ကြာင့် ပဲ ဖြစ်ေ ပ်ါလာ နေတာဖြစ်တယ်။ အယင်နှစ်တွေကလည်း အများကြီးဖြစ်ဖူးတယ်။ ဒီလိုအခက်အခဲမျိုးေ တွကြောင့် မောင်တောမှာ ရခိုင်တွေ တဖြည်းဖြည်း နည်းသထက်နည်းလာတယ်။ ဒီလိုဖြစ်လာတာဟာ အစိုးရအဆက်ဆက်ရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်။ လာဘ်ပေး၊ လာဘ်ယူမှုတွေကြောင့် ဖြစ်လာရတာ။ အခု လက်ရှိ အစိုးရကိုတော့ မညံ့ဖျင်းစေချင်ဘူး၊ ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ ပြောချင်တယ်။ " ဟု RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

ယနေ့ ကမ္ဘာတွင် အစွမ်းရောက်အကြမ်းဖက်ဝါဒီများကို တစ်ကမ္ဘာလုံး ဆန့်ကျင်နေ ကြပြီး မြန်မာနို င်ငံ တွင် ဒေသခံရခိုင် လူမျိုးများ အကြမ်းဖက်ခံနေရခြင်းများကို နှိမ်နှင်းရန် အစိုးရအနေဖြ င့် ပြည် သူ လူ ထု အပါအ၀င် နိုင်ငံတကာနှင့်ပါ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်စောမြရာဇာလင်းက တိုက် တွန်း ပြောဆိုသည်။

" ဒီလို မကြာခဏဖြစ်နေတာတွေကို ကမ္ဘာကြီးတစ်ခုလုံးက သိအောင် ကျမတို့ ရခိုင်တွေအားလုံး စုပေါင်းပြီး ငြိမ်းချမ်းစွာ တိုက်ပွဲကြရမယ်လို့ အားလုံးကို တိုက်တွန်းပါတယ်၊ ဒါကြောင့်လည်း ဒီထုတ်ပြန်ချက်ကို ထုတ်တာဖြစ်ပါတယ်။ " ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

၂၀၁၂ခုနှစ်၊ မေလမှ စတင်ကာ ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့သော ကုလား-ရခိုင် အဓိက ရုဏ်း နောက်ပိုင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် မောင်တောခရိုင် ငခူရကျေးရွာ တွင် ဒေသ ခံ ရခိုင်များအား ဘင်္ဂလီများကုလားများ ထပ်မံ၍ အကြမ်းဖက် တိုက်ခိုက်လာမှုနှင့် တခြားသော မြို့နယ်များတွင်ရှိသော ဘင်္ဂလီကုလားများ၏ အုပ်စုလိုက် ရန်စမှုများ ဖြစ်ပေါ်နေ ရခြင်းသည် ပြည်နယ် အစိုးရ ၏ ကိုင်တွယ်မှုညံ့ဖျင်းရခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်အမျိုးသမီးများအစည်းရုံးက ဆိုသည်။

" ပြည်နယ်အစိုးရကိုင်တွယ်မှု ညံ့ဖျင်းတဲ့အတွက် ဒီပြဿနာတွေ ဆက်ပေါ်နေရတာဖြစ် သလို ပြည်ထောင် စု အစိုးရကလည်း အစွမ်းရောက်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိသလို မြင်နေရတယ်။ ဒီပြဿနာဟာ ငယ်တဲ့ပြဿနာ မဟုတ်ဘူးလို့ ကျမအမြဲပြောပါတယ်။ ရခိုင်တွေ ရှိနေလို့တော်သေးတယ်။ အခုရခိုင်တွေ တဖြည်းဖြည်း နေစရာမရှိ ဖြစ်လာပြီး။ နောက် မြန်မာနိုင်ငံ ပျောက်လာမယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက ၀န်ကြီးချူပ် ချက်ခါဟာချီနာ လုပ်နေတဲ့ အစွမ်းရောက် တိုက်ဖျက်ရေး ကိုလည်း အတုယူစေချင်တယ် " ဟု RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

RWU မှ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်ကို မူးရင်းအတိုင်းဖော်ပြထားပါသည်။

http://www.arakantimes.net/

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်