Pages

Monday, February 11, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖရူဆို တပ်နယ် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံ သြဝါဒ စကားပြောကြား

 
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် ကလော တပ်နယ်မှူးတို့ လိုက်ပါလျက် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံ သို့ ရောက်ရှိ ကြပြီး အရိုး ကုသဆောင်နှင့် အထူးကြပ်မတ် ကုသဆောင် တို့တွင် ဆေးရုံတက်ရောက် ကုသ လျက်ရှိသော လူနာများအား လိုက်လံ ကြည့်ရှု၍ အားပေး စကား ပြော ကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

အလားတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင် များသည် အမျိုးသမီး ကုသ ဆောင်တွင် ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသော လူနာများအား ကြည့်ရှု အားပေးစကား ပြောကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ လွိုင်ကော် တပ်နယ်မှူးနှင့် ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများ လိုက်ပါပြီး ဖရူဆိုမြို့သို့ ရောက်ရှိပြီး ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ဖရူဆို တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား ဇာတိဂုဏ် ခန်းမ၌ တွေ့ဆုံ၍ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ စကား ပြောကြားရာတွင် ကယား ပြည်နယ်သည် အကြောင်း အမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့၍ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား အလေးထား ဆောင်ရွက် ပေးသွားရန် လိုကြောင်း၊ ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ရန် လုပ်ငန်းများ ကျန်ရှိနေ သေးသဖြင့် ယခုအခါ ဒေသ အေးချမ်းမှု ရှိလာပြီ ဖြစ်၍ ဒေသခံ ပြည်သူ လူထု၏ ကျန်းမာရေး မြှင့်တင် ပေးနိုင်ရေး တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များအား စေလွှတ်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေး အတွက် တပ်မတော် အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက် ပေးသွားရန် ရည်ရွယ် ထားပါကြောင်း၊ လမ်းပန်း ဆက်သွယ်မှု ကောင်းပါမှ ထိတွေ့ ဆက်ဆံမှု ရရှိပြီး ရင်းနှီးမှု ရရှိစေမည် ဖြစ်ကြောင်း၊ တပ်မတော်မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာပြီး ပြည်သူ့ ဆက်ဆံရေး ထိခိုက်စေမည့် အပြုအမူ အပြောအဆို များကို ရှောင်ကြဉ်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်ရှိ စစ်သည်၊ မိသားစုများ အတွက် ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်ထုပ် များအား ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးမှ လက်ခံ ရယူသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့် ကလေး ရန်ပုံငွေနှင့် စားသောက် ဖွယ်ရာ များအား ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးမှ လက်ခံ ရယူသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ဖရူဆို မြို့နယ် ဆေးရုံ၌ ကျင်းပ ပြုလုပ်သည့် ကယားပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များမှ ပေးပို့ လှူဒါန်းသည့် ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား သို့ ရောက်ရှိကြရာ ဆေးရုံအဝင် လမ်းတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူ များက တိုင်းရင်းသား ရိုးရာအက များဖြင့် ချစ်ခင် ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အဖွင့် အမှာစကား ပြောကြားပြီး ကယားပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များမှ ပေးပို့ လှူဒါန်းသည့် ပစ္စည်းများအား ပေးအပ်ရာ ဒေသခံ တိုင်းရင်းသား ပြည်သူ တစ်ဦးမှ လက်ခံ ရယူသည်။

ယင်းနောက် ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့မှ လှူဒါန်း ပစ္စည်းများအား ပေးအပ်ရာ ဒေသခံ တိုင်းရင်းသားများက အသီးသီး လက်ခံ ရယူကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက် လာကြသော ဒေသခံ တိုင်းရင်းသား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်မှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ (၁)က ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဆေးဝါး ကုသပေး နေမှု အခြေအနေအား လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် အတူ နေ့လယ်ပိုင်းတွင် လွိုင်ကော်မြို့၊ ရွှေတောင် ပရိယတ္တိ စာသင်တိုက် ဓမ္မဒါယ ဗိမာန်တွင် လွိုင်ကော် မြို့ပေါ်ရှိ ဆရာတော် ကြီးများအား ဖူးမြော် ကန်တော့ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ရွှေတောင် ပရိယတ္တိ စာသင် တိုက်ကြီး၏ ဦးစီး ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညာသာမိ ထံမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ က ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော် များက ပရိတ် တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ် တော်မူကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က ရွှေတောင် ပရိယတ္တိ စာသင်တိုက် ဦးစီး ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညာသာမိထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များမှ ကြွရောက်တော် မူကြသော ဆရာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဦးစီး ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညာသာမိ ထံမှ ရေစက်ချ အနု မောဒနာ တရား နာယူကြပြီး ဗုဒ္ဓသာ သနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး လိုက်ပါလျက် လွိုင်ကော်မြို့ ကက်သလစ် သာသနာ ကျောင်း သို့ ရောက်ရှိကြရာ ဂိုဏ်းအုပ် ဆရာတော် ဆိုတေး ရိုဖားမောက ရင်းနှီး ခင်မင်စွာ ကြိုဆို နှုတ်ဆက်ပြီး ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များ ခင်မင် ရင်းနှီးစွာ ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သစ်သီးခြင်း လက်ဆောင် ပေးအပ်ရာ ဂိုဏ်းအုပ် ဆရာတော်မှ လက်ခံ ရယူပြီး အမှတ်တရ လက်ဆောင် ပစ္စည်း ပြန်လည် ပေး အပ်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် ကက်သလစ် သာသနာ ကျောင်းအတွင်း ပြသထားသော ကယားရိုးရာ ရှေး ဟောင်း အမွေအနှစ်များ ပြခန်းအား လှည့်လည် ကြည့်ရှုကြရာ ဂိုဏ်းအုပ် ဆရာတော်မှ လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်