Pages

Thursday, January 24, 2013

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ဆွစ်ဇာလန် နိုင်ငံသို့ ထွက်ခွာ


ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန်  ဆွစ်ဇာလန် နိုင်ငံသို့ ထွက်ခွာရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြစဉ်။  
 
ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ဆွစ်ဇာလန် နိုင်ငံသို့ ထွက်ခွာရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြစဉ်။
 
ရန်ကုန် ဇန်နဝါရီ ၂၃
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဆွစ်ဇာလန် နိုင်ငံ ဒါးဗို့စ်မြို့၌ ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ယနေ့ ညပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာ သွားကြ သည်။
 
 ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း နှင့်အတူ အဖွဲ့ဝင်များ အဖြစ် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး၊ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီး ဌာ န ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်နှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါ သွားကြသည်။
 
ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံရုံး သံရုံး ယာယီ တာဝန် ခံနှင့် ဌာန ဆိုင်ရာ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြ ကြောင်း သတင်း ရရှိသည်။ 
 
MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်