Pages

Thursday, January 24, 2013

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့များ၏ လေစစ်ပွဲများ လျော့ချသင့်ပြီ


နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးတွင် လက်ရှိ စစ်တပ်မှာ သုံးစွဲနေတဲ့ စစ်အသုံး စရိတ်များအား ထုတ်ဖော် ရှင်းလင်းပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားများက အဆို တင်သွင်း ခိုင်း ကြောင်း၊ ပိုက်ဆံ ပေးဝယ်စရာမလိုသော လေကို သုံးကာ အရိုးမရှိသော လျှာဖြင့် မပြတ် အာချောင် တိုက်စစ်ဆင်နေကြောင်း ကြားသိရပါသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်များ သိအောင် ပြောပြပါမယ်။ နိုင်ငံတစ်ခုကို ကာကွယ် စောင့်ရှောက်ဖို့ တပ်မတော်တစ်ခုဖွဲ့စည်းပြီး ပြည်တွင်း ပြည်ပ ရန်ကို ကာကွယ်ဖို့ လူအင်အား၊ လက်နက် ခဲယမ်းအင်အားတွေ တောင့် တင်းပြီး အမြဲအသင့်ဖြစ်အောင် လုပ်ရပါတယ်။ သတ္တလောကကြီးမှာ သက်ရှိ သက်မဲ့ ဘယ်အရာမဆို သက်တမ်းဆိုတာ ရှိပါတယ်။ “ အို.. နာ..သေ..” ဆိုသ လိုပေါ့၊ အဲဒီတော့ နိုင်ငံတော် ကာကွယ်ဖို့ ထုတ်လုပ် ထားတဲ့ လက်နက်/ ခဲယမ်း တွေမှာ သတ်မှတ်ထားတဲ့ သက်တမ်း ဆိုတာရှိပါတယ်။ သက်တမ်း ကုန်သွားရင် ဖျက်ဆီးပစ်ရပါတယ်၊ အခုလည်း မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အေးချမ်းတည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ကချင်ပြည် နယ်ဒေသအချို့မှာ တိုင်းပြည်ရဲ့ ဆူးညောင့်ခလုတ်အဖျက်သမား ပါးစပ်နဲ့ ပြောတာကို နားမလည်တဲ့ KIA ကို မဟုတ်တာမလုပ်ရအောင် ထိန်းသိမ်း တားမြစ်တဲ့နေရာမှာ သက်တမ်းကုန်ခါနီး ခဲယမ်း တွေကို အသုံးပြုလို့ ဘာစစ်အသုံးစရိတ်မှ ထပ်ကုန်စရာအကြောင်း မရှိပါဘူး။ ဘယ်သူ့ဆီမှလည်း ထပ်တောင်း စရာမလိုပါဘူး။ လက်ရှိပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ တိုးတိုးတိတ်တိတ် “ ရော့ အင့် လက်နက်ခဲ့ယမ်း ၀ယ်လိုက် ” ဆိုတာလည်း မရှိပါဘူး။

အဆင့်ဆင့်တင်ပြတောင်းခံ ညှိနှိုင်း သဘောတူ ခွင့်ပြုမှ လုပ်ရတဲ့ ခေတ်ဖြစ် နေပါပြီ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍအလိုက် စည်းစနစ်ကျကျ စီမံခန့်ခွဲ သုံးစွဲတဲ့ခေတ် ဖြစ်နေ ပါပြီ ဆိုတာ မလေ့လာလို့ မသိတာလား၊ နားမလည်လို့ မသိတာလား၊ တိုင်းပြည်အပေါ် စေတနာထား အမှန်တကယ်ကြိုးစားနေတဲ့ နိုင်ငံရေးသမားကြီးတွေကို လေးစား အားနာ ပါတယ်။ ထင်ပေါ်ကျော်ကြားချင်လို့ လူထုအကြိုက်စကားလုံး လှလှလေး တွေ ပြောနိုင်ဖို့ ကွက်စိပ်ဆရာဆီမှာ သင်ပြီး ဆပ်ပြာပူဖေါင်းလို့ တတွတ် တွတ်နဲ့ ပြောတာ ခြေသားလုံးအိမ်တိုင်တွေရဲ့ လက်ခုပ်လက်ဝါးသံတွေနဲ့ ကျေနပ် နှစ်သိမ့်မနေပါနဲ့..၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ တကာရေး တွေကို လက်လှမ်းမီသလောက် လေ့လာပြီး လက်တွေ့ကျတဲ့ အပြု သဘော ဆောင်တဲ့ စကားတွေကိုဘဲ ပြောကြားဖို့ လိုပါတယ်။

အခုစစ်တပ် ဟာ သွေးမတော်သားမစပ်ပေမယ့် တစ်မြေထဲနေ တစ်ရေထဲသောက်နေတဲ့ တိုင်းရင်းသားလူထုကို ကိုယ့်လုပ်စာ ကိုယ်မ စားရ ဘဲ KIA ကို ဆက်ကြေးပေး နေရတဲ့ ဘ၀ကလွတ်အောင် ကိုယ့်မိသားစု စားဝတ် နေရေး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြေရှင်းလုပ်ကိုင်ဆောင်ရွက်နိုင်အောင် KIA ရဲ့ မိုင်းထောင် ဖောက်ခွဲ၊ လူသတ်၊ ဓါးပြတိုက်၊ အတင်းအဓမ္မဖမ်းဆီး လူသစ်စုမခံရအောင် သားတကွဲ မယားတကွဲနဲ့ အပင်ပန်း အဆင်းရဲခံ အသက်တွေ၊ သွေးတွေ၊ ချွေးတွေရင်းနှီးပြီး လုပ်ကိုင်ဆောင်ရွက်ပေး နေ တာတွေ၊ ချုပ်ငြိမ်း သွားအောင် အလဟဿ သက်တမ်းလွန်တော့မယ့် ခဲယမ်းတွေကိုသုံးပြီး တိုက်ရင်း လေ့ကျင့် နေတာ တွေဟာ ပြည်သူ အတွက် အကျိုးရှိသလို၊ စစ်တပ်အတွက်လည်း အကျိုးရှိပါတယ်။

အားလုံး အတွက် မျှမျှတတ သဟဇာတကျသွားအောင် KIA အဖွဲ့က စစ်တပ်ကို တိုက်ခိုက်တဲ့ နေရာမှာသုံးတဲ့ လက်နက်တွေ၊ မြောက်များ လှတဲ့ ခဲယမ်းတွေ၊ နှစ်နှစ်နီးပါး ဘာမှ မစိုက်မပျိုးဘဲနဲ့ စားသုံးခဲ့တဲ့ ရိက္ခာတွေ ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ၀ယ်သလဲလို့ KIA ကို မေးရဲပါသလား၊ ၈၈ မျိုးဆက် ကျောင်းသားများ ဖြေပါ။

မောင်သစ္စာ(ဖားကန့်မြေ)

Kachin Daily News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်