ဆွမ်ပရာဘွမ်သွေးချင်းတို့ ပျော်ရာမြေဆိုတဲ့ သီချင်းသံလေးဟာ တိုင်းရင်းသား
ရင်ကြားစေ့ရေးအတွက် နားဝင်ချို ပျားသကာလောင်းတဲ့ တောင်ကျချောင်းရေစီးသံ
လေးလိုဘဲ သာယာခဲ့ပါတယ်။ မြစ်ကြီးနားက ၁၃၂ မိုင်ဝေးတဲ့ တောင်ပေါ်မြို့ကလေး
ဆွမ်ပရာဘွန်ကို အလည်သွားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမယ့်
မရောက်ဖြစ်ခဲ့ ပါဘူး။ သွေးချင်းတို့ပျော်ရာမြေက ရ၀မ်-လီစူးသွေးချင်းတွေရယ်၊
ပူတာအိုဒေသ ရ၀မ်- ပချိပ်သွေးချင်းတွေရယ် ရင်ထဲအမြဲရှိပြီး
ပျော်ရွှင်စရာကောင်းပြီး အေးချမ်းသာယာ လှတဲ့ ဒေသလေးကို
အမြဲရောက်ချင်နေမိတယ်။
မြစ်ကြီးနားနဲ့ ၁၃၂ မိုင်လောက်သာဝေးပြီး အလှမ်းမဝေးတဲ့ ပန်းကလေးလို့ပါတဲ့။ ဒါပေမယ့် အခုတော့ အလှမ်းဝေးရပြီ သွေးချင်းတို့ရဲ့ အစာရေစာရှားပါးတဲ့ ဒုဗ္ဘိက္ခ န္တရ ကပ် ခံစားနေရတော့ ကျင်နာ သနား မိတယ်။ တို့ ကချင်ပြည်နယ်မှာ ဒုဗ္ဘိက္ခန္တရကပ် နဲ့ သတ္တန္တရကပ် တစ်ပြိုင်နက်ခံစားနေရတယ်။ ဒါက လည်း တို့ ကချင်လူမျိုးဝါဒကျင့်သုံး နေတဲ့ ဂျိမ်းဖောလူမျိုးခေါင်းဆောင်တဲ့ KIA တွေရဲ့ တို့ရ၀မ်-လီစူး အပေါ် ပေးတဲ့ လက်ဆောင်ပါလားလို့ တွေးမိရင် ရင်နာရတယ်၊ စစ်တပ်ကို KIA ကတိုက်တာ ၀ါဒမတူလို့ ဘာ လို့ ညာလို့--- လက်ခံပါတယ်။
တို့ဆွမ်ပရာဘွမ်ဟာ လေယာဉ်၊ သင်္ဘော၊ ရထားလမ်းမရှိဘဲ အင်္ဂလိပ်ခောတ်က ဖောက်ထားပြီး န၀တ၊ နအဖ ခေတ်မှာ ပြင်ထားတဲ့ ၁၂ ပေလမ်းလေးပဲရှိတာလေ။ ဆွမ်ပရာဘွမ်ရောက်ဖို့ တံတား ကြီး/ငယ် ၁၀၀ ကျော်ဖြတ်ရတယ်။ ဒါကိုသိရက်နဲ့ KIA က တို့လမ်းကို မိုင်းခွဲ၊ တံတား ချိုးပြီး ကုန်စည်ဈေးတွေ တက်ခဲ့ရ တယ်။ ဆင်းရဲပါတယ်ဆိုမှ ပြာပုံကျတဲ့---။ အခု ပွင့်လင်းရောက်လာလို့ အစိုးရက ယာဉ်တန်းနဲ့ ကုန်စည်ပို့ ပါတယ်။ KIA ဂျိမ်းဖော တွေက ယာဉ်တန်းခြုံခိုတိုက်၊ မိုင်းဖောက်ခွဲ လုပ်နေပြန်ပြီ။ တို့ရ၀မ်လီ စူးများကို KIA ပေးတဲ့လက်ဆောင်က ယူမကုန်တဲ့ အငတ်ဘေးလက်ဆောင်ပါလားလို့။
စင်္ကာပူ
No comments:
Post a Comment
Note: Only a member of this blog may post a comment.