Pages

Thursday, January 24, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီး



ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တပ်မဟာ (၂)လက်အောက်ခံ တပ်ရင်း ၅ မှ ဗိုလ်ကြီးအ ဆင့် ရှိ ဒီးရွိုင်ဦးစီး အင်အား ၁၅ ဦး သည် လက်နက်ငယ်များကိုင်ဆောင်ပြီး မြို့လှမြို့နယ်ခွဲ စလီကျော်စ ခန်းသစ်ခုတ်/ ၀ါးခုတ်စခန်းနေရာတွင် အလုပ်လုပ်ကိုင်နေသော ဒေသခံအလုပ်သမား မသန်းသန်းအေး (၂၉)နှစ်၊ (အဖေ) ဦးကျော်စိုး၊ အုပ်ချီကျေးရွာ၊ မြို့လှမြို့နယ်ခွဲနေသူနှင့်အတူ ဒေသခံ ၄ ဦးတို့အား မြန်မာ့ မျိုးချစ်တပ်မတော်သတင်းပေးဟုဆိုကာဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က  တပ်ရင်း ၅ သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ကေအိုင်အေ အကြမ်းဖက်ေ သာင်း ကျန်းသူများသည်မြန်မာလူမျိုးများအားတပ်မတော်သတင်းပေးဆိုပြီး ဆ က် တိုက် ဖမ်းဆီး လျှက်ရှိရာ ဇန်နဝါရီလ ၂၀ရက် နေ့ က ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတ နာ စံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝံသာရအား KIAတပ် မဟာ(၁)၊ တပ်ရင်း (၃)က ဖမ်း ဆီး ခဲ့သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်