Pages

Thursday, January 24, 2013

ကေအိုင်အေမှ မရှီကထောင် ရဲကင်းအား မိုင်းပစ် ဖောက်ခွဲထွက်ပြေး


ယနေ့မနက် ၃နာရီခန့်တွင် ဖားကန့်မြို့ ဘေလီတံတား(မရှီကထောင် တံတား) အနီးရဲကင်းအား KIA မှ ဆိုင်ကယ်နှင့် ရောက်လာပြီး မိုင်းပစ်ခွဲခဲ့ ကြောင်းသိရှိရပါသည်။ ၎င်းရဲကင်းတွင် ရဲတပ်ရင်း(၃၀)မှ ၁၀ဦး လုံခြုံရေး ယူလျက်ရှိသည်။ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်လမ်းမှ ဆိုင်ကယ် ဖြင့် ကေအိုင်အေ ၂ဦး ဖြတ်လာပြီး ရဲကင်းကို မိုင်းပစ်ခွဲခဲ့ ၍ လုံခြုံရေး ယူနေသော ရဲတစ်ဦး သေ ဆုံးခဲ့ကြောင်း သိရှိ ရသည်။

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း KIA မှ ထိခိုက် ကျဆုံးမှုရှိ နေချိန်တွင် ရဲစခန်းနှင့် ရဲကင်းများကို လာရောက်ပစ်ခတ်မှု စီးနင်း မှုများရှိလာကြောင်း၊ သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော အစိုးရ တပ် စခန်း ကို မလုပ်ရဲဘဲ ရဲတွေကိုသာ စီးနင်းတိုက်ခိုက်မှုများကို ပြုလုပ် နေကြောင်း ဖားကန့်မြို့ခံ တစ်ဦး ၏ အဆိုရသိရှိရသည်။ လုံခြုံရေး ယူထားသော ရဲကင်း ကို KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ဖား ကန့်မြို့ ဒေသခံ များက မြို့ကိုလာ ရောက်ပစ်ခတ်မှုများ ဖြစ်လာနိုင်၍ စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေ သခံ မှ ပြောကြား ခဲ့သည်။

မောင်ကျောက်ခဲ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်