Pages

Thursday, January 24, 2013

ကေအိုင်အေ တို့အတွက် ခါယာ တောင်ကျလျှင် လိုင်ဇာဒေသ အကုန်လုံး စစ်ရေးအရ ကျသွားပြီ



အစိုးရက ထိုးစစ်တွေရပ်ပြီး ဆွေးနွေးဖို့ ကြေညာ ခဲ့တာ ၅ ရက်မြောက်လာတဲ့ အချိန်အထိ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေပြီး KIO ထိန်းချုပ်ရာ မဟာ ဗျူဟာမြောက် တောင်ကုန်း တခုကို လည်း မြန်မာစစ် တပ် က သိမ်းယူဖို့ ကြိုးပမ်းနေတယ်လို့ KIO နဲ့ အတူ ရှိနေတဲ့ ABSDF ခေါ် ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဋ္ဌေး ကပြောပါတယ်။
 
"ဒီဒေသမှာ ရှိနေတဲ့ တောင်ကုန်းတွေ တော်တော်များများက ပွိုင့် ၇၇၁ ပေါ့နော်။ အဲဒါလည်း သူတို့ သိမ်းပြီး သွားပြီ။ နောက် ဖုန်းပြင်ဘွမ် ဆိုတဲ့ အမြင့်တောင်ကုန်းကိုလည်း သူတို့ တက်ယူပြီးသွားပြီ။ အခု ဒီမှာ ကျန်ေ န တာက ခါယာတောင်က သူတို့နဲ့ level ရှိနေတာပေါ့နော်။ အဲဒီ ခါယာတောင်ကို ရရင် သူတို့က ဒီဒေသ တစ်ခုလုံး လိုင်ဇာ၊ ဘာ-ညာ အကုန်လုံးကို စိုးမိုးနိုင်ပြီပေါ့။ ဒီ တောင်ကုန်း တစ်ကုန်း ကျန်နေတာ။ အဲဒီ တောင် ကုန်း တစ်ကုန်းကို KIA ကလည်း ခုခံနေကြတယ်။ တတ်နိုင်တဲ့ဘက်ကနေ။ အဲဒီတော့ ဒီဒေသ ကျေ ရး မကျရေးဆိုတာ အဲဒီ တောင်ကုန်းနဲ့ပဲ ဆိုင်တယ်။ ခါယာတောင်ကုန်းကို သူတို့ သိမ်းပြီး သွားရင်ေ တာ့ လိုင်ဇာဒေသအကုန်လုံးဟာ စစ်ရေးအရ ကျသွားပြီလို့ ပြောလို့ ရတာပေါ့နော်။" VOA


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်