Pages

Thursday, January 24, 2013

တစ်ပြည်သူသို့ တမ်းတခြင်း


( ၁ )

မြစ်မင်းဧရာ၏ ကမ်းနှဖူး ပြည်မြို့ အနီးတွင် သရေ ခေတ္တရာ လက်ရာဖြစ်ဟန်ရှိသော စေတီဟောင်း တစ် ဆူ သည် ထီးထီးမားမား စံပါယ်နေသည်။ ခပ်လှမ်းလှမ်းတွင် ပေပင်တန်းကလေး ။ ပြိးတော့ မိုးကာ တဲ လေးတွေ စီစီရီရီ။

ဤမိုးကာတဲလေးများသည် ဖိုဒ်ဘတ်တယ်လျံ ဘားမားရိုင်ဖယ်လ် ( သို့မဟုတ် ) အမှတ် ( ၄ ) ဗမာ့သေ နတ်ကိုင်တပ်ရင်း ။ သည်တပ်တွင် ဖိုးနီ ကြီးပြင်းခဲ့သည်။ အမေက မွေးတပ်ကကျွေး ဆိုသောစ ကားသည် ဖိုးနီအတွက်ဖြစ်အံ့ထင်သည်။

သနက ( ၄ ) ၏တပ်ရင်းမှုး ကတော့ BC 3502 ... Lt.Col နေ၀င်း ( အငြိမ်းစား ဗိုလ်ချုပ်ကြီး ) ဖြစ်ပါသ ည် ။ လင်္ကျာ ဖရီးမင်းသဘောတူညီ ချက် အရ အသစ်ဖွဲ့စည်းထားသော ဗမာ့တပ်မတော်တပ်ရင်း တစ်ရင်းဖြစ် သည်။တပ်ရင်းမှုး ကို ဖိုးနီက ဘဘကြီး ဗိုလ်ချုပ်ဟုခေါ်သည်။ ဘဘတင်ဖေ၊ လေးလေးမောင်မောင် ၊ လေးလေးအောင်ကြီး ( ယခု အငြိမ်းစား ဗိုလ်မှုးချုပ်များ ) ကတော့ တပ်ခွဲမှုးများဖြစ်ပြီး ဖိုးနီ ဖေဖေ က တပ်ရေးဗိုလ်ကြီးဖြစ်သည်။

ညနေစောင်းလျှင် ပုဇွန်မီးဖုတ်စားကြ လူကြီးတွေစကားပြောကြသည်။ဖိုးနီ က ပုဇွန်စားရင်းနားထောင် ရသည်။သူတို့ ပြောသောစကားထဲ တွင် လွတ်လပ်ရေး ဟု ခနခန ပါသည် ။ ဖိုးနီ အလွတ်ရနေပြီ။ တနေ့ေ တာ့ မေမေ့အနားကပ်၍ မေးမိသည်။

'' တို့ တိုင်းပြည် ကျွန်ဘ၀က လွတ်တာကိုခေါ်တာ ၊ ခုတပ်မတော်က လွတ်လပ်ရေးရအောင် လုပ်နေတာေ ပါ့ "

ဖိုးနီ သိပ်နားမလည် ။ တစ်ခုတော့ မှတ်ထားလိုက်သည်။  တိုင်းပြည်လွတ်လပ်ရေး ရအောင်လုပ်နေေ သာ သူတွေ ကိုတပ်မတော်ဟုခေါ်သည်။

( ၂ )

တစ်ခုသောမိုးရာသီ၏ နေ့ လည်ခင်း ။ တပ်ရင်းတစ်ရင်းလုံးလှုပ်လှုပ်ရွရွဖြစ်နေသည်။ ငိုသူက ငို ၊ နံရံကို လက် သီးနှင့်ထိုးကြ ၊ သေနတ်တွေ ထဆွဲကြ နှင့် ရုတ်ရုတ်သဲသဲ။

တပ်ရင်းမှုးအဘ နေ၀င်းက ရန်ကုန် ချက်ချင်းဆင်းသွားသည်။ ဖေဖေက တောက်တခေါက်ခေါက် မေမေ က မျက်ရည်တစမ်းစမ်း။ သည်တော့ ဖိုးနီငိုချင်လာသည်။ ဖေဖေ့ အနားကပ်၍ မေးမိသည်။

'' ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားလို့ ''

" ဘာဖြစ်လို့ ကျဆုံးတာလဲ ဖေဖေ "

" ဟို အာဏာ ရူးတွေသတ်လို့ပေါ့ကွာ "

" အဲ့ဒါဘယ်သူတွေလဲ ဖေဖေ "

သူရုတ်တရတ်မဖြေသေးပါ။နံရံကိုငေးကြည့်နေသည်။

" အင်္ဂလိပ်ကျွန်တွေပေါ့ သားရယ် "

ဖိုးနီ သိပ်နားမလည် ။ တစ်ခုတော့ မှတ်ထားလိုက်သည်။ ဗိုလ်ချုပ်ကို သတ်သော အာဏာရူးတွေ ကို အ င်္ဂလိပ်ကျွန်တွေဟုခေါ်သည်။

( ၃ )

လွတ်လပ်ရေး ရပြီ ဟုပြောသံကြားသည်။ လူတိုင်းပျော်ကြသည်။ ဖိုးနီကိုလဲ ပုဇွန်ထုတ်တွေ အများကြီးပေး ကြသည်။ ဘဘနေ၀င်မြို့ထဲသွားလျှင် ဖိုးနီကို ကားပေါ်တင်ခေါ်သွားတတ် သည်။ ပေသီးကောက်ရ တာေ ပျာ်စရာ။ ပုဇွန်ထုတ်မီးဖုတ်စားရတာပျော်စရာ။ မေမေနှင့်အတူ ဖြူဒုတ်တို့ အိမ်အလည်သွားရသည်ကို ဖိုးနီအပျော်ဆုံးဖြစ်သည်။ ဖြူဒုတ်တို့က နွားမယံ တွင်နေသည်။ မေမေတို့ နှင့် အမျိုးမကင်း။ ဖိုးနီထက် တနှစ်ကြီးသည်။ မိန်းခလေး ဆိုသော်လဲ ဖိုးနီ အပေါ်အလွန် ဗိုလ်ကျသည်။ ဖိုးနီ က အမြဲ အရှုံးပေးရစမြဲ။

မည်သို့ ဆိုစေ ဖြူဒုတ် ကိုအလျော့ ပေး၍ ကစားခဲ့ရသောရက်ကလေးများသည် ဖိုးနီ အတွက် အပျော် ရ က် ကလေးများဖြစ်ခဲ့ပါလေသည်။

အပျော်ရက်ကလေးများထွက်ပြေးသည့်နေ့။ " တပ်ရင်း ပျဉ်းမနား ပြောင်းရမယ် " တဲ့။ ဖြူဒုတ်နှင့် ခွဲရေ တာ့မည်။ ပြောင်းရသောနေ့ က ဖိုးနီ ငိုမိပါသေးသည်။ အော် ဖိုးနီ တို့ဘ၀ လူမမည်ကထဲ က အလွမ်းနဲ့ စခဲ့ ရသည်ကော။ ရန်ကုန်မှ တဆင့် ပျဉ်းမနား သို့ တပ်ရင်းတစ်ရင်းလုံး မီးရထားဖြင့် ပြောင်းခဲ့ သည်။ လမ်းတွင် ဖိုးနီ မေမေ့ ကိုမေးမိသည်။

" သားတို့ မပြောင်းဘဲ နေဲ့ ရအောင် မေမေ "

" ဘယ်ရမလဲ သားရဲ့ တပ်မတော် ဆိုတာ အမိန့် ကိုနာခံ ရတယ် "

ဖိုးနီ သိပ်နားမလည် ။ တစ်ခုတော့ မှတ်ထားလိုက်သည်။ အထက်အမိန့် ကိုနာခံ သောသူတွေ ကိုတပ်မေ တ်ာဟု ခေါ်သည်။

( ၄ )

ပျဉ်းမနားသို့ ပြောင်းခဲ့ ပြီးနောက် ဖီုးနီတယောက် ဖြူဒုတ်နှင့် မကစားရသော ဆင်းရဲခြင်းကို အပြင်းအ ထန် ခံ ရသည်။ တနေကုန် ယောင်ချာချာ။ ပေသီးလဲ မကောက် ရ ၊ ပုဇွန်မီးဖုတ်လဲ မစားရ ၊ အဆိုးဆုံးမှာ ဖြူဒု တ်နှ င့် မဆော့ ရခြင်းဖြစ်သည်။ တိုင်းပြည်အခြေအနေ မကောင်းဟု လူကြီးတွေ ပြောကြသည်။ ဘဘနေ၀ င်းက အရာရှိတွေ ခေါ်ပြီး မြေပုံ တစ်ချပ်နှင့် စကားပြောသည်။ တပ်ရင်းတစ်ရင်းလုံး အော်ပရေး ရှင်းထွက် ကြသည်ဟု သိရသည်။ ဖိုးနီမနေနိုင်၍ မေးမိသည်။

" အော်ပရေးရှင်းထွက်ရတယ် ဆိုတာဘာလဲ မေမေ "

" ကွန်မြူနစ်တွေနဲ့ စစ်သွား တိုက်တာကိုပြောတာပေါ့ "

" အဲ့ဒီကွန်မြူနစ်တွေ က ဘယ်သူတွေလဲ မေမေ "

" မင့် ဘကြီး ဇေယျတို့တွေပေါ့ ကွာ "

ဟိုက်။ ဘုရားဘုရား ။ ဘဘဇေယျ ၊ဘဘရဲထွဋ် ဖိုးနီကောင်းကောင်းမှတ်မိသည်။ ဘဘနေ၀င်းတို့ဖေဖေ တို့နှင့် သိပ်ခင်ကြသူတွေ။

'' ဖေဖေတို့ က ဘဘဇေယျတို့နဲ့ သူငယ်ချင်းတွေလေ ၊ ဘာလို့ စစ်တိုက်ရတာလဲ ''

" တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ ရန်သူဆိုရင် သူငယ်ချင်းလဲ တိုက်ရမှာ ပဲ သားရဲ့ "

ဖိုးနီ သိပ်နားမလည် ။ တစ်ခုတော့ မှတ်ထားလိုက်သည်။တိုင်းပြည်ရန်သူတွေ ဆိုလျှင် သူငယ်ချ င်း ဖြ စ်ဖြ စ် စစ်တိုက်ရသူတွေ ကို တပ်မတော်ဟုခေါ်သည်။

( ၅ )

ပျဉ်းမနားတွင်နေသားကျစပြုတော့ ရန်ကုန်ပြောင်းရသည်။ကြည်မြင်တိုင်ဌာနလမ်း တွင်နေရသည် ။ ရော က် ၍ နှစ်ရက်သုံး ရက်ကြာတော့ လေးလေးမောင်မောင် နှင့် လေးလေး အောင် ကြီးတို့ ရောက် လာပြီးေ ဖဖေ့ ကိုခေါ်သွား၏။ " သခင်နုဆီသွားရအောင် " ဟုပြောသံ ကြားလိုက်သည်။နောက်နှစ်ရက် သုံးရက်နေေ တာ့ ပြောင်းပေဦးတော့ ရမည်းသင်းကို။ ဘာတွေ ပါလိမ့်။ ဖိုးနီမျက်စိလည်နေ သည်။ ဖြူဒုတ် မရှိသည့် နေ ရာေ တွပဲ ပြောင်းနေရသည်ဟု ထင်မိ၏။

ဘဘနေ၀င်းက မြောက်ပိုင်းတိုင်း တိုင်းမှုး ဖြစ်သွားသည်။ ဖိုးနီ ဖေဖေ က ရဲတပ်ဖွဲ့ သို့ ခေတ္တ သွားရောက် တာဝန်ယူရသည်။ ဘဘမင်းသိန်း ( ဗိုလ်မှုးကြီး သူရ မင်းသိန်း ) တို့ က UMP ခေါ် စစ်ရဲတပ်ဖွဲ့ ကိုတာဝန် ယူရသည်။ ရမည်းသင်းရောက်တော့ ဖိုးနီဖေဖေ က ခရိုင်ရဲဝန် လုပ်ရသည်။ ရောက်ခါစမို့ ဖိုးနီ မပျော်ေ ကျာ င်းနေသင့်သော အရွယ်ရောက်ပေမယ့် တိုင်းပြည်အခြေအနေအရ မနေရသေး။ အိမ်မှာပဲ စာသင်ရ သည်။ ဒီလိုနဲ့ စာတတ်လာခဲ့သည်။

ရန်ကုန်က စစ်ဗိုလ်တွေ တနေ့ရောက်လာသည်။ မေဂျာဂျင်နရယ်စမစ်ဒွန်း နှင့် ဘရီဂေးရီးယား စောကြာ ဒိုး နှတ်ထွက် သည်တဲ့။ ကရင်တပ်ရင်းတွေ အားလုံးတောခိုသည်။ ရဲဘော်ဖြူ တို့ ပြည်သူ့ ရဲဘော်တို့ အကြောင်းလဲ ပါသည်။ရဲသားတွေ ဂတ်တဲ ပတ်လည်ကျင်းတူးကြသည်။ သစ်လုံးကြီးတွေ ကာကြသည် ။ မော်တာသံ တဒိုင်းဒိုင်းသေနတ်သံ တဖောင်းဖောင်းက တော့ ဖိုးနီ ရီုးနေပြီ။ရထားလမ်းတွေ ခနခန ဗုံးကွဲ သည်။ ဖေဖေ တို့ အလကားမနေရ။ စစ်ထွက်တိုက်နေရသည်။ တနေ့နံနက်စောစော မေမေ အထု တ်ပြင် သည်။ ဖေဖေ က ပိုက်ဆံတွေအများကြီးပါသော သေတ္တာ တစ်လုံးပေးလိုက်သည်။

ဖိုးနီတို့ ရမည်းသင်းမှ ကားတစ်စင်းနှင့်ပြေားကရသည်။ ရဲတပ်သား သုံးယောက်ပါ သည်။ တော်မီ ဂန်းကို င်သော ဦးပါစီကြီး ကိုတော့ ဖိုးနီ မှတ်မိသေးသည်။  လမ်းရောက်မှ ဖေဖေ မပါမှန်းသိ၍ မေမေ့ ကိုမေးမိ သည်။

" ဖေဖေ ကဘာလို့ လိုက်မလာတာလဲ မေမေ "

" ဘယ်လိုက်နှိင်မလဲ သားရဲ့ ၊ တပ်မတော် သားဆိုတာ မိသားစုအတွက် စစ်တိုက်နေတာမဟုတ်ဘူး ၊ တိုင်းပြ ည်အတွက်တိုက်တာလေ "

ဖိုးနီ သိပ်နားမလည် ။ တစ်ခုတော့ မှတ်ထားလိုက်သည်။  မိသားစုအတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် စစ် တိုက်သောသူကို တပ်မတော်ဟုခေါ်သည် ။

( ၆ )

ကျောက်ဆည်တွင်တရက်ပုန်းခိုပြီး ခရီဆက်ခဲ့ကြသည်။ ကျောက်ဆည်တွင်အိပ်သည့်ည က ကွန်မြူနစ်ေ တွ ၀င်လာသဖြင့် မေမေ က ဖိုးနီ ကိုဆေးရွက်ကြီး ထည့် သောပုတ်တလုံးတွင် ၀ှက်ထား ရာ အဖု အပိမ့်ေ တွ ထ၍ မနည်းကုလိုက်ရသေးသည်။ ကျောက်ဆည်မှ မန္တလေးမြသိန်းတန် ဘုန်းကြီးကျောင်းတွင် ပုန်းေ နကြရသည်။ ဆရာတော် ကသေနတ်တွေနှင့် ငွေသေတ္တာကို ၀ှက်ထားပေးသည်။ ထိုငွေသေတ္တာထဲ တွင်ရ မည်းသင်းငွေတိုက်ထဲ မှ ငွေများ ဖြစ်ပြီး ငွေ သိန်းနှစ်ဆယ်ကျော်ပါသည်။ သူပုန်တွေ ငွေတိုက်မဖောက် မှီဖေဖေ က ၀ှက်ပေးလိုက်ခြင်းဖြစ်သည်။ သူပုန်တွေ ဆုတ်ခွာသွားသောအခါ မေမေ က တပ်မတော် သို့ ငွေေ သတ္တာအား ပြန်လည်အပ်နှံခဲ့သည်။ နိုင်ငံတော်သမ္မတကြီးမှ မေမေ့ ကို ရွှေလက်ပတ်နာရီ တစ် လုံးနှင့် ဂုဏ်ထူးဆောင် လက်မှတ်ချီးမြှင့်သည်။

မန္တလေး ကိုကရင်တပ်တွေ သိမ်းထားသည်ဟူသိရသည်။ ဘဘနေ၀င်းက ဒုဝန်ကြီးချုပ် ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲ ရေးဝန်ကြီး ၊ စစ်ဦးစီးချုပ်တာဝန်များ ယူထားရကြောင်းလဲ ကြားရသည်။ မကြာမှီ ဘ ဘ ဗိုလ်မှုးကြီးကြင် ကျဆုံးကြောင်း သတင်းရပြန်သည်။ တိုင်းမှုးအဆင့် ရှိအရာ ရှိကြီးများ ပင်တဖြုတ်ဖြုတ် ကျဆုံးကုန် ရှာသည်။

ဖိုးနီတို့ အခြေမလှ၍ စစ်ကိုင်းပြေးခဲ့ရသည်။ မြစ်မင်းဧရာခွေကာဝိုင်းသည့် စစ်ကိုင်းတွင် ဖြူဒုတ်နှ င့် ပြန်ေ တွ့ရသည်။ သူတို့ မိသားစု လဲ စစ်ရေး မက်ရေး ရန်သူ့ ဘေးကြောင့် စစ်ကိုင်းပြေးလာရသည်တဲ့။ ဖိုးနီ အတွက်ရှားပါးသော အပျော်ရက်ကလေးတွေ ။ ပို၍ ပျော်ရသည်က ဖေဖေ စစ်ကိုင်း ရောက်လာသောေ န့ ဖြစ်သည်။ မန္တလေးကိုတော့ အားမတန်လို့ လက်လွတ်လိုက်ရသည်တဲ့။ စစ်ကိုင်းတွင်လူပြန် စု၍ ပြန် တိုက်ကြသည်။

တပ်မတော် တွင်သစ္စာရှိစွာ ကျန်ရစ်သော တပ်ရင်းလေးရင်ကျော်ကျော် သည် သစ္စာရှိရှမ်း ကချင် ချင်း တပ် ရင်းများနှင့် လက်တွဲ၍  သောင်းကျန်းသူ ပေါင်းစုံကိုခုခံ တိုက်ခိုက်နေသည်။ အင်အား အလုံး အ ရင်း သုံး၍ ထိုးစစ်ဆင်လာသောရန်သူအား အရေးပေါ်တပ်ရင်းများ ဖွဲ့ ၍ ချက်ချင်းပြန်တိုက်သည်။ ထိုတပ်များ ကိုပထမ လဲဗီးတပ်များ ဟုခေါ်ပြီးနောင် စစ်ဝန်ထမ်းတပ်ဟု အမည်တွင်ခဲ့သည်။ တပ်မတော် အရာရှိငယ် များ က တပ်ရင်မှုးများအဖြစ်တာဝန်ယူရသည်။ ကျိုက္ခမီတွင် ဗိုလ်ထွန်းရီ ( အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ) ၊ ဟင်္သာတ တွင် ဗိုလ်အေးကို ( အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ) အခြားတပ်ရင်းမှုးများ အနက် ဗိုလ်တင်ေ မာင် ကြီး ( နိုင်ငံဂုဏ်ရည် ) ဗိုလ်ချင်း ( ကျဆုံး ) ဗိုလ်ကြာညွှ့န့် ( ကွယ်လွန် ) ဗိုလ် တင့်ဆွေ ( အငြိမ်းစား ဗိုလ် မှုးချုပ် ) တို့ ကိုဖိုးနီ မှတ်မနေသေးသည်။

တပ်မတော်၏ စွမ်းစွမ်းတမံ တိုက်ခိုကမှု သစ္စာတည်ကြည်မှု တို့ကြောင့် တဖြည်းဖြည်းအောင်ပွဲ အလီလီ ရလာသည်။ ရောင်စုံသူပုန်တို့ တစတစ အရေးနိမ့်လာသည်။

" ရန်ကုန်အစိုးရဘ၀မှ မြန်မာနိုင်ငံ အစိုးရပြန်ဖြစ်လာပြီ " ဟု ပြောသံကြားသည်။

ဖိုးနီ သိပ်နားမလည် ။ တစ်ခုတော့ မှတ်ထားလိုက်သည်။ ငါတို့သည်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာ ကိုစောင့် သိရိုသေပါမည်ဟု နေ့စဉ်သစ္စာဆိုနေသော တပ်မတော်မှ နိုင်ငံ အားကယ်တင်လိုက်သည်။

( ၇ )

ပြည်တွင်းစစ်ငြိမ်းအေးလုနီးတွင်ဖေဖေ တပ်မတော်သို့ ပြန်ရသည်။ မန္တလေး အမှတ် ( ၈ ) ခြေလျှင် တပ် ရင်း သို့ ပြောင်းရသည်။ တပ်ရင်းမှုးက ဒုဗိုလ်မှုဒကြီး တန်ယုဆိုင် ( ကွယ်လွန် ၊ တော်လှန်ရေးကောင် စီဝင် ) ဖေဖေက ဒုတပ်ရင်းမှုးလုပ်ရသည် ။ နန်းတွင်းရှိ ယခု ရတနာပုံ ရိပ်သာကြီးက ဖိုးနီတို့ အိမ်။

ထိုစဉ်က စစ်တိုင်းကြီး နှစ်ခုသာရှိသည်။ မြောက်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်းဖြစ်သည်။ ဖိုးနီမှတ်မိ သေ လာ က် စစ်တိုင်းမှုးများမှာ ဘရီဂေးရီးယား ဘလိတ် နှင့် ဘရီဂေးရီးယား ကျော်ဇောတို့ ဖြစ်ကြ သည် ။ ဖေဖေ တို့ စစ်ဆင်ရေးထွက်သွားတာ ခြောက်လကျော်ပြီ။ တန့်ကန်း ဘက်ဟု သိရသည်။ မေမေ့ ကိုေ မးကြည့်တော့ တရုတ်ဖြူတွေ တိုက်နေရသည်တဲ့ ။ တပ်မတော်သည်ပြည်တွင်းရန်ကိုမှ မပြီးသေး ပြ ည် ပရန်နှင့် ရင်ဆိုင်ရပြန်သည်။ နဂါးနိုင်၊ ရန်ကြီးအောင် ၊ ဘုရင့်နောင်တို့ သည် ကမ္ဘာဆုံးတိုင် သမိုင်း တွင်မ ည့် စစ်ဆင်ရေးကြီးများဖြစ်ကြသည်။ တရုတ်ဖြူကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့ကြသည်။

ဖိုးနိတို့ ရန်ကုန်ပြောင်းခဲ့ပြန်သည်။ သည်တခါစစ်ရုံးချုပ်သို့။ ခုနှစ်မိုင် ယာဒ်လမ်းတွင်နေရသည်။  ရွာ တန်း ရှည်ထိပ်ကအိမ်ကြီးတလုံးဖြစ်သည်။ ရွာထိတ်တွင်သော်တာဆွေ အမည်ရှိစာရေးဆရာကြီး တစ်ဦးနေ သည်။ကျောင်းစနေရပြီ။ စိန့်မေရီ ဒိုင်အိုစီဇင် ( ယခု အထက-၁ ပန်းပဲတန်း ) တွင်ပထမတန်းစနေရ သည်။ ဖြူဒုတ်က ရန်ကုန်ကိုစောစောေ၇ာက်နေရသဖြင့် တတိယတန်းရောက်နေပြီ ။ ဖိုးနီ အသေအလဲ ကြီုးစားသည်။ နှစ်လထဲနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင် ( စာရေားဆရာမကြီး ဒေါ်ခကွေးမယ် ) က ဒုတိယတန်းသို့ တင်ပေးသည်။ တစ်ဖန်ဒုတိယတန်းမှ နှစ်ကုန်တော့ စတုတ္တတန်းသို့ ခုန်ပျံကျော်လွှား ကာ တက်လိုက်တော့ ဖြူဒုတ် ကိုမှီသွားသည်။ စတုတ္တတန်းအောင်တော့ မက်သဒစ်ကျောင်း ( ယခု အထက - ၁ ဒဂုံ ) သို့ ပြောင်းကြသည်။ ထိုအချိန်မှ စ၍ ဖြူဒုတ်နှင့်မခွဲ ရတော့။ တစ်ကျောင်းတည်းတတန်းထဲ မခွဲနိုင်မခွာရက်။ သြော် စပယ်နှစ်ငုံ မစုံခင်ကချစ်ခဲ့ရသူ။

ဖိုးနီတို့ မိသားစု စစ်ရုံးဝင်းထဲ ပြောင်းခဲ့ပြန်သည်။ယခုမဟာဝိဇယစေတီတည်ရှိသောကုန်းတော်တွင် တိုက် နီကြီးနှစ်လုံးရှိသည်။ ရွှေတိဂုံဘုရားလမ်းဘက်ကအိမ်ကြီးတွင် ကာနယ်စန်းယု ( အငြိမ်းစား သမ္မတ ) နှင့် ကာနယ် ရှိန်း  ( ကွယ်လွန် ) တို့နေကြသည်။ ဖိုးနီတို့ ဘေးကပ်လျက်အိမ်တွင် ကာနယ်လွင် ( ကွယ်လွန် သူ သံအမတ်ကြီး ) နှင့် တစ်ခြမ်းနေရသည်။ ဖိုးနီတို့ အိမ် ခနခန ပြောင်းသလို နိုင်ငံရေးသည်လဲ ခနခ န ပြောင်းလျက် ရှိသည်။ GCBA စခဲ့သော နှစ်ခြမ်းကွဲရောဂါဆိုးကြီးသည် ဖဆပလ ထိ အမွေ ပေး လိုက်ဟန်တူသည်။

ဘဘနုတို့ သန့် ရှင်းက တဘက် ၊ ဘဘဗဆွေ နှင့် ဘဘကျော်ငြိမ်းက တို့ တည်မြဲ ကတဘက် ။ ခက်ဖွယ်ရယ်ကြုံပြန်ပြီမို့ တပ်မတော်က ပင်နိုင်ငံတော် ကို ကယ်တင်လိုက်ရပြန်သည်။ဗိုလ်ချုပ် ကြီးနေ၀င်း၏ အိမ်စောင့် အစိုးရ သည် ၀န်ကြီး ( ၉ )ဦးသာပါ ၀င်သော အစိုးရ အဖွဲ့ ဖြင့်နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကိုတည့် မတ်ပေးသည်။ ရောင်စုံသူပုန်တို့ ကိုနှိမ်နင်းသည်။ ဘဘမွတ်တား ( ကွယ်လွန်သူ ဗိုလ်မှုးကြီး ထွန်းစိန် ) သည် မြူမင်းကြီးတာဝန် ကိုယူခဲ့ ပြီး မြို့တော် ကိုချွေးဖြင့်ေ ဆး ခဲ့သည်။ ဥက္ကလာပ၊ သာကေတ မြို့သစ်များ ဖော်ပေးသည်။ တပ်မတော် အရာရှိကြီး တစ်ဦးလျှင် ဌာန သုံးလေး ခု ကိုင်၍ တာဝန်ထမ်းရသည်။ ဖေဖေ က တပ်တာဝန်အပြင် လျှပ်စစ်ဓါတ်အားပေး ဘုတ်အဖွဲ့၊ ရုပ်ရှင်မြှင့်တင်ရေး နှင့် တပ်မတော် မွေးမြုရေးတာဝန် တို့ ကို ယူရသည်။ အလုပ်ချိန်က နံနက် ခုနှစ်နာရီမှ ည ဆယ်နာရီအထိ။

မည်သူတွေ မည်သို့ ပင်စွပ်စွဲပြောဆိုကြပစေ တပ်မတော် သည် လုပ်စရာရှိတာ ကို ပြတ်ပြတ် သားသား လုပ်သွားသည်။ ပြီးတော့ ကတိ အတိုင်း ရွေးကောက်ပွဲ ကိုတရားမျှတစွာ ကျင်းပပေးခဲ့သည်။

ဘဘနုတို့ ပြည်ထောင်စုပါတီ ကနိုင်သွားသည်။အသည်းကြားကမဲ တစ်ပြားသည်တိုင်းပြည်၏ ကံကြမ္မာ ပင်မဟုတ်လား။ တပ်မတော်က အာဏာ ကိုအတိအကျပြန်လွဲ အပ်လိုက်သည်။

ဖိုးနီ နည်းနည်း နားလည်စပြုပါပြီ။ ငါ့အားအထက်မှ ပေးအပ်သောအမိန့်နှင့် တာဝန်ကိုကျေပွန်စွာထမ်းေ ဆာင်ပါမည် ဟု နေ့စဉ်သစ္စာဆိုနေသောတပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်းဆောင် ရွ က်သွားခဲ့ သည်။

( ၈ )

ဒီလိုနှင့် ဖိုးနီ ဆယ်တန်းအောင်သည်။စစ်တက္ကသိုလ်တက်ခဲ့ သည်။ တသက်တာတွင် ဖြူဒုတ်၏ စကား ကို ပထမဆုံး အကြီမ် ဖီဆန်ခဲ့သည်။ အခေါ်အသေါ်တွေ ပြောင်းလဲ လာခဲ့ သည်။ လူကြီးတွေ ကခေါ်ခိုင်းသည့် အတိုင်း ဖြူဒုတ် ကို မမ ဟု ခေါ်ရသည်။ ဖြူဒုတ်က ဖိုးနီ ကိုမောင်လေး ဟု ခေါ်သည်။ ပထမနှစ်အောင်ပြီးေ တာ့ နာမည် တစ်လုံးစီလျော့ခေါ်ကြသည်။ မ နှင့် မောင် ။

ဖိုးနီ ဗိုလ်လောင်းဘ၀ ၌ ရှိနေစဉ် တော်လှန်ရေးကောင်စီ တက်လာသည်။ မြန်မာပြည်ကို ယနေ့ ယူဂို ဆ လားဗီးယား လိုအဖြစ်ဆိုးမှ ကယ်တင် လိုက်ရပြန်သည်။

ဖိုးနီ ကျောင်းဆင်း၍ လေတပ်ရောက်တော့ ဖြူဒုတ် က မဟာဝိဇ္ဖာ ဆက်တက်သည်။ ၁၉၆၆ တွင်ဖြူဒုတ် MA အောင်သည်။ ဖိုးနီက တပ်စုမှုးသင်တန်းတက်ရသည်။ အဘ မျိုးညွှန့် ( ယခု ရန်ကုန် တိုင်းမှုး ) ၊ ကို တင့်လွင် ( ယခု ဗိုလ်သင်တန်းကျောင်း အုပ်ကြီး ) တို့ နှင့် အတူတက်ရသည်။ ပြီးေ တာ့ လေယာ ဉ်ေ မာ င်း သင်တန်း ဆက်တက်ရသည်။

ဖိုးနီလေသူရဲဖြစ်တော့ ဖြူဒုတ်က  အင်္ဂလိပ်စာဌာန တွင်ကျူတာရသွားသည်။ သူက ရန်ကုန် ဖိုးနီက မိတ္ထီ လာ၊ မောင်တရွာ မယ်တမြို့။ နှစ်ဘက်မိဘ ကတော့ ငယ်စဉ်က တည်းက ရည်မှန်းပြီးသားမို့ ချစ်ခရီး ကား ဖြောင့် ဖြူးလေစွ။ သည်တော့ တခုသောဒီဇင်ဘာလကို လက်ထပ်ရက်ရွေးကြသည်။

သို့ သော်

စစ်ဆင်ရေးပြင်းထန်ချိန်မို့ ဖိုးနီ ခွင့်မရ၊ မင်္ဂလာနေ့ရက် ရွေ့လိုက်ရသည်။ ဖြူဒုတ်မိဘများက နားလည် သဘောပေါက်သော်လဲ  ဖြူဒုတ်ကတော့ စာရေးလိုက်သည်။

" မင်္ဂလာဆောင်ဖို့တောင်ခွင့်မရ နိုင်ရင် လဲ မောင်တပ်ကထွက်ခဲ့ပါလား။မောင့် ကို မ တစ်သက်လုံးေ ကျွး ထားနိုင်ပါတယ်၊ လခလေး ငါးရာ ဘာလုပ်ဖို့လဲ မောင် "  တဲ့ ။

ပြောအားရှိ၍ ပြောသည် ကိုဖိုးနီစိတ်မဆိုးပါ။ ဒါပေမယ့် ဖိုးနီလဲ ဗိုလ်မှုးကြီိးသားပဲ ။ သူသိကောင်းပါသည်။

ဖိုးနီနားလည်ပါပြီ ။ တို့ တွေသည် ၀မ်းရေး အတွက် တပ်မတော် ကိုဝင်ခဲ့ ခြင်းမဟုတ်။ တပ်မတော် သ ည် အ သက်မွေးဝမ်းကျောင်းအတွက် ဖွဲ့စည်းထားခြင်းမဟုတ်။

တိုင်းပြည်အတွက် တပ်မတော်ဖြစ်သည်။


( ၉ )

ခွာညိုပွင့်သည့် ပြာသိုလ တွင် မနဲ့ မောင်အကြင်လင်မယားဘ၀သို့ ရောက်ခဲ့ရသည်။ ထောင်မကျဘူး၍ မသိ။ ရျင်လိင်ပြန်တာလဲ မမှတ်မိတော့။ မင်္ဂလာဆောင်သောနေ့ ကတော့ အပျော်ဆုံးနေ့သေချာသည်။ ငါးနှစ်သားက တွယ်တာခဲ့သော ဖြူဒုတ်ကို ပိုင်ဆိုင်ထွေးပွေ့ရသောနေ့။

မင်္ဂလာဆောင်ပြီးင့ါးရက်ကြာတော့ ဖိုးနီ စစ်ဆင်ရေးပြန်ထွက်ရသည်။ တပတ်သာပေါင်းခဲ့ရသော ချစ်ဇနီး ထံ နောက်ထပ် ရှစ်လ ပြန်အမရောက်ခဲ့။ ရောက်တော့လဲ ငါးရက်ပဲနေနိုင်သည်။ ပြန် ထွက်ရပြန် သည်။ေ နာ က် တစ်နျစ်မိုးဆွေသောည ။ သမီးလေး " မိုး " ကို မွေးဖွးကြောင်းကြေးနန်းလာသည်။ ဖိုးနီရှေ့တန်းေ လ တပ်ဆွယ်တွင်ပင်ရှိနေသေးသည်။ အရှေ့မြောက်ဖျားမှ ကုန်ကြမ်းတိုက်ပွဲ ၊ ဗိုလ်ကြီး ၀င်းမြင့် ( ယခု ဗိုလ်မှုူးကြီး သူရ၀င်းမြင့် ) ဒါကိုတာလေယာဉ်ဖြင့် စွန့်စွန့်စားစား ဗုံးကြဲ ရိက္ခာချပေးနိုင်ခဲ့ သည်။ပြည် ပသြ ဇာခံဗကပ ကိုတွန်းလှန်နိုင်ခဲ့သည်။ ဖိုးနိလဲ သံလွင်နှင့်မဲခေါင်ကြားတွင်အချိန်တွေ ကုန်ခဲ့သည်။

ရဲမာန်အောင်၊ ရဲရန်နိုင်၊ ရဲမာန်ဟုန် စစ်ဆင်ရေးများ မိုးဟိန်းအဆင့် ( ၁ ) တို့တွင်ပါဝင်ဆင်နွဲ ခဲ့သည်။ တပ်မတော်သည် အသက်သွေးချွေးများစွာ စတေး၍ ပြည့်ရန်စွယ်ကို ချိုးနှိမ်ခဲ့သည်။ ပွိုင့် ၄၅၆၁၊ ပွိုင့် ၇၃၂၉ တိုက်ပွဲတို့တွင်ဖိုးနီ လက်စွမ်းပြနိုင်ခဲ့သည်။ခြေလျှင်တပ်များ ကိုထိရောက်သောလေကြောင်း ပစ် ကူပေးနိုင်ခဲ့သည်။ ပွိုင့် ၇၃၂၉ တိုက်ပွဲတွင် လေသူရဲ ဗိုလ်စောထွေး နှင့် ဗိုလ်စိန်လွင်တို့ ဗုံးကြဲနေစဉ် ရန်သူ့ ကျည်သင့် ကျဆုံးသည်။

လွယ်ပျက်ပုတ် တိုက်ပွဲ ကိုဖိုးနီ မမေ့။ ထိုတိုက်ပွဲတွင် ဗကပ တပ်မဟာတစ်ခု၏ ဌာနချုပ်အား ၀င်ရောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ဖိုတိုက်ပွဲ တွင်ပါဝင်ခဲ့သူတော်တော်များများ တပ်မတော်တွင်မရှိကြတော့ပြီ။ ဗျူဟာမှုး ဗိုလ်မှုးကြီးကျော်မင်း တာဝန်  ထမ်းဆောင်ရင်း ကျဆုံးသည်။ စစ်ဦးစီး အရာရှိလေး ဗိုလ်အေးကို ကျဆုံးခဲ့ပြီ။ အမြောက်တပ်မှုးဗိုလ်မှုး သောင်းမြင့် ကြွေထည်မြေထည်မှာ ၊ ခမရ ( ၁၀၈ ) တပ်ရင်မှုး ဒုဗိုလ်မှုးကြီး အေးသောင် ကတော့ ယခု ၀န်ကြီး တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ပွိုင့် ၆၀၄၁ တိုက်ပွဲ တွင်ညီငယ် သိန်းထွန်းတင် ကစွန့်လွှတ်စွန့်စားသောတပ်မတော်၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သည်။ ( ဗမ သီဟသူရ သိန်းထွန်းတင် ၏ ပွိုင့် ၆၀၄၁ တိုက်ပွဲ အကြောင်း တင်ပြပေးပါမည် ၊ အမိမြေမှ သားကောင်းများ ဆိုသော ဇာတ်ကား ရှိခဲ့ပါသည် - လင်းလက်လူ )

သံလွင်မှ သည်မဲခေါင်ဆီသို့ အရှေ့မြောက်တလွှားတွင်အသက်ပေးသွားသော ဗိုလ်မှုးကြီးမှ သည် ရဲေ ဘ်ာအဆုံး ဖိုးနီ သတိရနေဆဲပါ။

ငါတို့ သည်ကျဆုံးလေပြီးသောတပ်မတော်သာတို့ ၏သစ္စာကိုစောင့်သိရိုသေရမည်သာဖြစ်ပါသည်။

( ၁၀ )

ဖိုးနီ၏ ဇနီချော ဖြူဒုတ် တယောက်အလုပ်မှ ထွက်လိုက်သည်။ နယ်ပြောင်းရတာ မကျေနပ်၍ ထွက်လိုက်ေ ကြာင်းသိရသည်။  " စဉ်းစားကြည့်ပါမောင်၊ မ က MA မှာလဲ ထိပ်ဆုံးက ၊ သြစတေးလျက ဒီပလိုမာလဲ ရထားတယ်၊ အဲ့ဒါ ကိုရေနံချောင်းကောလိပ်တဲ့ ၊ ဒါ သပ်သပ် ပါတီမ၀င်လို့ လုပ်တာ "

" မ ရယ် ကိုယ်က လခစားပဲ ၊ ပြောင်းဆိုလဲ ပြောင်းလိုက်ပေါ့ "

" အို ... MA တစ်ယောက်ရဲ့ လစာ ဘာမက်စရာရှိလို့လဲ ၊ မောင့် အတွက် ၀ီစကီ တစ်လုံးတောင်မ၀ယ်ေ လာ က်တာ၊ မ အလုပ်လုပ်တာ က ဂုဏ် အတွက် လုပ်တာ ၊ ပါတီလဲ မ၀င်နိုင်ပါဘူး "

ထားပါတော့ ရှိစေတော့ ။ ငါးနှစ်သားကထဲ က မလွန်ဆန်နိုင်ခဲ့တာပဲ ၊ ထွက်ချင်လဲ ထွက်ပလေ့စေပေါ့။ ဒီလိုနဲ့ ဖိုးနီစစ်ဆင်ရေးထွက်ရပြန်သည်။ နားတော့ သင်တန်းတက်ရပြန်သည်။ သမိုင်းဝင်သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲကြီးဆင်နွဲနေချိန်တွင် ဖိုးနီ တယောက် ကျည်လွတ်မြေ ဗထူးတွင် တပ်ခွဲမှုး သင်တန်း တက်နေရသည်။ ဦးလားမား ( ဒုဗိုလ်မှုးကြီး ) ၊ ကိုလှ (ယခု ဗိုလ်ချုပ် ) ၊ ကိုအောင် ( ယခု လ၀က ညွှန်ချုပ် ) ကိုရဲထွဋ် ( ယခု ဗိုလ်မှုးကြီး ) တို့ပါသည်။ သင်တန်းတက်နေစဉ် သင်တန်းသား ဖေသိန်း  ရန်သူ့ ကျည်သင့် ကျဆုံးသည်။

ဖိုးနီကောင်းကောင်းနားလည်ပါသည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့ တပ်မတော် အတွက် အသက်ကို စွန့်လွှတ်ရန် အဓိဠန်ပြုထားသူများ အတွက် ကျည်လွတ်မြေ ဟူ၍ မရှိ။

သည်လိုနှင့် ဖိုးနီ စစ်တက္ကသိုလ်သို့ ပြောင်းခဲ့ ရသည်။ လေသူရဲဆိုတော့ လေယာဉ်ပဲမောင်းချင်သည်။ သင် တန်းကျောင်းသို့ မသွားချင်ပါ။ရော် ... စစ်သားပဲ ၊ သွားဆိုတော့လဲ သွားပေါ့ ။

ဇနိးချောဒေါ်ဖြူဒုတ်ကတော့ ပျော်နေပုံရသည်။ '' မတော့ သဘောကျတယ် ၊ မောင်နားရတာပေါ့ ၊အသ က် အန္တရယ်လဲ ကင်းတာပေါ့ '' ပြောသာပြောသည်။ သူကတော့ ရွှေမြို့တော်က မခွာနိုင်။ စြားပြားေ ရး ေ တြ ကတဘက်  ၊ သမိးကိုရန်ကုန်မှာ ကျောင်းထားသဖြင့် ကျောင်းပိတ်ရက်မှ မေမြို့သို့ လာနိုင်သည်။ ဖိုးနီကတော့ မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေချင်သည်။

ကြာတော့ဖိုးနီလဲ ပင်ပန်းလာသည်။ တပ်မှ အငြိမ်းစားယူတော့မည်။ လုပ်သက်လဲ ၁၅ နှစ်ရှိခဲ့ပြီ။တပ်မှ အငြိမ်းစား ယူခဲ့သည်။ မက တော့ ၀မ်းသာအယ်လဲ ကြိုဆိုရှာသည်။ " သမီး အပျို ဖြစ်မှ အတူနေရတော့ တယ်မောင် " ဟုပြောရှာသည်။

တစ်ခုသော စက်တင်ဘာလဆန်း ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန် ၊ ၇၅ ကျပ်တန် များ တရားဝင်ငွေ စက္ကူ အဖြစ်မှ ရပ်ဆဲ လိုက်ကြောင်း ကြေငြာလိုက်သည်။ ဤတွင် ဒေါ်ဖြူတုတ် ဆွေ့ဆွေ့ခုနေတော့သည်။ သူ့ ပိုက်ဆံ ပုံကြိး ကိုပြ၍ ဖိုးနီ ကိုအသားလွတ် ရန်ထောင်တော့သည်။ " ကြည့်စမ်းမောင် ၊ ဒီငွေတွေ ကမ ကြိုး စားရှာထားတဲ့ငွေတွေ ၊ မတရားရထားတဲ့ငွေ တပြားမှ မပါဘူး ၊ မောင်တို့ အစိုးရလုပ်ပုံကောင်းသေးရဲ့  လား မောင် "

ဖိုးနီရေငုံနေရသည်။ စိတ်မကောင်းရုံကလွဲ၍ ဘာမှ မပြောတတ်ပါ။ ဒီတိုင်းပြည်တွင်နေလို့ မကောင်းတော့ ဟုနေ့စဉ်ပြောသည်။ သူ ဖိုးနိ ကိုအတန်တန် ခေါ်ပါသည်။ မရသည့် အဆုံး ပြတ်သားသောမရွှေ ဖြူဒုတ် ချစ်ကြိုးဖြတ်သွားတော့သည်။

၁၉၈၇ ဒီဇင်ဘာ ( ၁၄ ) ရက်နေ့ တွင် ဖိုးနီ ၏ ငယ်ကျွမ်းဆွေ သည်သမီးလေး မိုးကိုခေါ်၍ အမေရိ ကန်ပြ ည်ထောင်စုသို့ ထွင်ခွာသွားလေတော့သည်။ ထိုင်း လေကြောင်းလေယာဉ်ကြီးထွက်ခွာသွားတော့ အ သည်းဆိုင်တို့ ဖိုးနီထံတွင်မကျန်တော့ပါလား။ ဘယ်အတွေ့လောကီ ကိုဇောမသီခင်က ချစ်ခဲ့ရသူတေ ယာက် ခုတော့ တပြည်သူဖြစ်သွားပါပကောလား ။

မပြေမပြစ်၊ ဖြစ်လေသိနိုး ၊သင်္ကာစိုးခဲ့ ၊ သမ်းညှိုးခွေကာ ၊ မရောက်သာ၍ ၊ ကြမ္မာကံနည်း ၊ ချစ်ကြိုးစည်းကို ၊ ဖြေလည်းမပြေနိုင်တော့ ပါလား ။

ဖိုးနီမှာလဲ အသည်းနှလုံးနှင့်ပါ ၊ သို့ သော် ဖိုးနီကောင်းကောင်းနားလည်ပါသည်။ ငါတို့ သည်နိုင်ငံေ တာ် နှင့် နိုင်ငံသားတို့ ၏သစ္စာကို စောင့်သိရိုသေပါမည်ဟု သစ္စာပြုထားသူများ အတွက် အမိမြေ ကိုစွန့် ၍ ဒွေးတော်မလွမ်းကြ စတမ်း။

( ၁၁ )

ဖိုးနီ တယောက်ထဲ ရင်ဝယ်ဗလာဖြင့် ကျန်ရစ်သည်။ တစ်ပြည်သူအမွေ ပေးသွားသော အိမ်တလုံး ကျူ ရှင်ကျောင်းတစ်ကျောင်း ဖြင့် စက်ရုပ်လိုလှုပ်ရှား၍ အသက်မဲ့စွာ ကျင်လည်နေခဲ့သည်။ ဤသို့ ဖြင့် ....

ဂငယ်သုံး ခု အုတ်ရှစ်ထု ဟု ဆိုရိုးရှိခဲ့သည်။ ယခုသည် ဂငယ်သုံးခုသာမက လေးခု။ ရွှေဝါမြေမှ ဟုတ် ပါလေစ။ မြန်မာနိုင်ငံမှ ဟုတ်ပါလေစ။ မြန်မာတွေမှ ဟုတ်ပါလေစ ဟုမေးယူရလောက်အောင် အဖြစ်ဆိုးေ တွနဲ့ ဖိုးနီကြုံရပါတော့သည်။ ရှစ်တန်းဘယ်နှစ်ခါ ကျမှန်းမသိသော ပေတေတေ ကောင်လေးတွေ နှင့် ကျူရှင်ဆရာ စာရေဆရာဆိုသူ တွေ က ၁၅ နှစ်သားနှင့်  တက္ကသိုလ်ရောက်၍ ဥပဒေ ပါရဂူဘွဲ့ယူ ထားေ သာ ဆရာမောင်မောင် ကို စင်ပေါ်တက်၍ မကြားဝံ့မနာသာ ဆဲဆိုပြောဟောကာ သြဘာသံ ခံ ယူသည် အထိပက်စက်ခဲ့သည်။

စက်ရုံတွေ ဂိုဒေါင်တွေ ဖျက်ဆီးလုယက်သည်အထိ ယုတ်မာကြသည်။ သွေးသံရဲရဲ ခေါင်းဖြတ်ပွဲ ကျင်းပ သည်အထိ ရက်စက်ခဲ့ကြသည်။ သြော် စကောလောက်မှ စောက်မနက်ကြပါလား။သည်ကြားထဲ တပ်မေ တာ် ကို သပ်လျှိုလာကြသည်။ သွေးခွဲ လာကြသည်။ အက်ကြောင်း ရှာလာကြသည်။ တပ်မတော် ကေ နာ ကျေခဲ့ပြိလေ။ ဟိုလူ့ နောက်လိုက်ခွေး ဒီလူ့ အိမ်စောင့်ခွေးလဲ ဆဲခံခဲ့ ရပြီ။ ဘယ်လောက် လှိုင်းကြီးေ လထန်ပါစေ ကျောက်တိုင်ကဲ့ သို့ကြံ့ကြံ့ခံ မယိမ်းခဲ့ မယိုင်ခဲ့။  

ဖိုးနီ ကောင်းကောင်း နားလည်ပါသည်။ ဘယ်သူခွဲခွဲ တို့ မကွဲ အမြဲ စည်းလုံးမှ သာကျွန်ပြန်ဖြစ်မည့်ေ ဘး က ဝေးတော့မပေါ့။

( ၁၂ )

ကျောင်းတွေ ပိတ် လိုက်သဖြင့် ကျူရှင်ဆရာဖိုးနီတယောက် အလုပ်လက်မဲ့ ဖြစ်သွားသည်။ သမိုင်း မုန် တိုင်းကတော့ ထန်ဆဲ။ အုတ် ရှစ်ထု ဖြစ်လုနီးနီးတွင် တပ်မတော်မှ အာဏာသိမ်းလိုက်ရပြန်သည်။ ၁၉၄၉ က တိုင်းပြည်ချောက်ထဲ ကျရန် လက်နှစ်လုံး ပဲလိုသည်တဲ့။ ၁၉၈၈ တွင်တိုင်းပြည် ချောက်ထဲ ကျဖို့ ဆံ ချည်တမျှင်အလိုတွင် တပ်မတော်မှ ကယ်တင်လိုက်ရပြန်ပါပြီ။ တာဝန်ကြီးလေးရပ် ချမှတ်၍ ပြ တ်ပြတ် သားသား တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်သွားသည်။ လမ်းဖွင့်ပေးလိုက်တော့ ဖွဲ့ လိုက် ကြတဲ့ပါတီတွေ သောက်သောက်လဲ။ လမ်းစဉ်ပါတီ ခေတ်က ဒေါင်ဒေါင်မြည် ဆိုရှယ်လစ်ရင့် မကြီးေ တွ ပေါက်သင်ညို ဖြစ်ကုန်ကြသည်။ ပြောင်ပြောင်တင်းတင်း အရောင်ပြောင်းကုန်ကြသည်။ တုံးအောက်က ဖားလို ပြားနေသောနိုင်ငံရေး သမာဟောင်းကြီး များဟိုချောင် ဒီချောင်မှ ခေါင်းထောင်လာကြသည်။ ဖိုးနီ ကိုလဲ ချမ်းသာမပေး။ အလုပ်အမှုဆောင်တိုက်ရိုက်ခန့်သည့်ပါတီကခန့်၊ နာယက တင်မြှောက်သည့်ပါတီ ကမြှောက်၊ မြို့နယ်တာဝန်ခံလုပ်ပါဆိုသူတွေ ကဆို၊၊ ဖိုးနီ ပေါတောတော နဲ့ ရယ်ပြလိုက်သည်။ ယဉ်ကျေး စွာခေါင်းခါလိုက်သည်။ တာဝန်တွေ ရှိသေးသည်။ဖရိုဖရဲ ဖြစ်သွားသောစစိမှုထမ်းဟောင်း အဖွဲ့ကြီး ကိုပြန် လည်ဖွဲ့ စည်းရာတွင် အုတ်တချပ်သဲ တပွင့် ပါဝင်ရဦးမည်။

ဖိုးနီကောင်းကောင်းနားလည်ပါသည်။ တပ်မတော်သားတယောက်အတွက် တပ်မတော်သာအမိ တပ်မေ တ်ာသာအဖ မဟုတ်လား။

( ၁၃ )

တစ်ပြည်သူထံမှ ဖုန်းလာသည်။ " မောင့် သမီးက သူ့ အဖေ ကို လွမ်းသတဲ့လေ၊ သူ ၁၈ နှစ်ပြည့်တဲ့နေ့မှာ အဖေ နဲ့တွေ့ချင်တယ်တဲ့မောင် "

" မြန်မာပြည်မှာ ဆုံကြမယ်လေ မရယ် "

" နေပါဦး ၊ မောင်က မြန်မာပြည်မှာ ဘာလုပ်မှာလဲ ၊ ဒီမှာလေယာဉ်မှုးတယောက်ရဲ့တလစာက မောင်တို့ စစ်ဗိုလ်ချုပ်တယောက် တစ်နှစ်စာထက်သာပါတယ် "

သြော် တစ်ပြည်သူရယ်၊ ဒေါ်လာကိုမှောင်ခိုဈေးနဲ့ တွက်ပြီး အိပ်မက်တွေမက်နေပါလား။ အမေရိ ကန် မှာ လေယာဉ်မှုးကြီးတယောက်လစာ ဒေါ်လာ ၅၀၀၀ ထား၊ မြန်ာမာငွေနဲ့ တစ်လကို ငါးသိန်း ။ တနှစ်ကို သိန်းခြောက်ဆယ် ဆိုတော့ သုံးနှစ်လောက်လုပ်ရင် မီလျံနာကြီးပေါ့။

" မြန်မာပြည်မှာ လုပ်စရာတွေ အများကြီးပါ မရယ် ၊ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနေပြီလေ၊ လူတွေ သိပ်တောင်းတနေတဲ့ ဒီမိုကရေစိနိုင်ငံတော်ကြီးအတွက် အမျိုသားညီ လာခံ လဲ ကျင်းပနေပြီ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေလဲ ကဋေနဲ့ချီပြီးလုပ်နေပါပြီ မရယ် "

" ဒီမိုကရေစီက တကယ်ရော ရမှာလား ၊ မောင်တို့ ဆီမှာ က လူ့ အခွင့် အရေးရောရရဲ့လားမောင် "

" ရပါသကော မရယ် ၊လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်၊ လွတ်လပ်စွာဆဲရေးတိုင်းထွာခွင့်တော့မရှိဘူး၊ လွတ်လပ်စွာရေးသားခွင့် ရှိတယ် ၊ လွတ်လပ်စွာ သွားပုပ်လေလွင့်ေးခွင့် မရှိဘူး၊ ကားကို မောင်း ချင်သ လိုမောင်း ၊ အမှိုက်ကို ပစ်ချင်တဲ့နေရာပစ်တဲ့ လူ့ အခွင့် အရေးတွေ မရဘူး၊ အဲ ... လူလိုသိတဲ့သူတွေ အတွက် လူ့ အခွင့် အရေး အားလုံး ရပါတယ် "

" စီးပွားရေးကျတော့ ရောမောင် ၊ ပြည်သူပိုင်သိမ်ဦးမှာလား "

" ဒီလိုလေမရဲ့ ၊ မားကပ်အီကော်နော်မီ ဆိုရင် မနားလည်ပါတယ်၊ တစ်ခုတော့ ရှိတာပေါ့လေ မောင်တို့ နိုင်ငံ က ခုမှ ဖွံ့ ဖြိုးဆဲ နိုင်ငံဆိုတော့ လွန်ခဲ့တဲ့ နှစ် နှစ်ရာလောက်က လွတ်လပ်ရေး ရပြီးတော့ တိုးတက်ေ နတဲ့ နိုင်ငံတွေနဲကတော့ နှိုင်းယှဉ်လို့ မရသေးဘူးပေါ့ ''

'' ကောင်းပြီလေ မောင် ၊ မောင်တို့ နိုင်ငံမှာ တကယ်ပဲ ဒီမိုကရေစီ ရှိနေရင် ၊ လူ့အခွင့် အရေးရရင် မ နဲ့ မောင့် သမီး ပြန်လာမှာပါ ''

" ၀မ်းသာလိုက်တာမရယ်၊ ရွှေမြန်မာမှာ မရယ် သမီးလေးရယ် မောင်ရယ် ပြန်ဆုံကြမယ်နော် "

" စိတ်ချပါမောင် ၊ မောင်တို့နိုင်ငံမှာ ဒီမိုကရေစီ ကွန်စတီကျူးရှင်း ရှိပြီဆိုတာနဲ့ မ အရောက်ပြန်လာခဲ့မယ် "

မောင်တို့ နိုင်ငံတဲ့ ....သူ့နိုင်ငံ မဟုတ်လေရော့ သလား တစ်ပြည်သူရယ်။ တစ်ပြည်သူရယ် တပ်မေ တာ် ဆိုတာပြောသလိုလုပ်ရတယ်၊လုပ်သလိုပြောရတယ်။ အမျိုးသားရေး ကိုဘယ်တော့မှ သစ္စာမဖောက်ဘူး၊ တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ ကိုတောင် မေ့သွားပြီလား တစ်ပြည်သူရယ်။ '' မျှော်ကြည့်လေရာ ၊ နောင့် ချည်းသာလျှင်၊ ဗျာပါကြေကွဲ ၊ ပူလှိုက်လှဲခဲ့ ၊ မိညှဲရွှေလှော် ၊ ထိပ်ပေါ်ဖြေဖြည့် ၊ နမ်းပါလှည့်လော့ ''

ပြန်ခဲ့ပါတော့ တပြည်သူရေ .....

ကိုကြည် ( ပြင်ဦးလွင် )
၁၉၉၃ ခုနှစ် ( ၄၈ ) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ၀တ္တုတို ပြိုင်ပွဲ ( ဒုတိယဆု ) ရစာမူဖြစ် ပါ သည်။
 
http://memories-of-army-officer.blogspot.com/2013/01/blog-post.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်