Pages

Thursday, January 24, 2013

ဂါဒီယမ် ဦးစိန်ဝင်း ပြောတဲ့ စာနယ် ဇင်းကျင့်ဝတ်


၁။ စာနယ် ဇင်းတို့သည် အများပြည်သူတို့ သိရှိ နိုင်ရန် အလို့ ငှာ ထုတ်ပြန်သောသတင်းတိုင်း ၌ အချက်အလက် တိကျ မှန်ကန်စေရန် အစွမ်းကုန် စိစစ်ရမည်။ ပုံနှိပ်ဖော်ပြခြင်း မပြု မှီ သတင်းအားလုံး ကိုတတ် စွမ်းသ၍ စစ်ဆေးရမည်။ မည်သည့် သတင်း အချက်အလက် ကိုမျှ မိမိလိုရာသို့ ဆွဲ၍ မရေးရ၊ သို့ တည်းမဟုတ် လိုရင်းအချက်အလက် ကို တမင် သက်သက် ထိမ်ချန်ခြင်း မပြုရ။

၂။ ပုဂ္ဂိုလ်မှန်သမျှ တို့၌ မိမိ ဂုဏ် သိက္ခာ မပျက်စေရန် ကာကွယ် ပိုင်ခွင့် ရှိသည် ဟုသောအချက် ကို ရိုသေ လေးစား၇မည်။ ပြည်သူလူ ထု အကျိုး အတွက် ရှေး ရှုရသည့် အခါမှ တပါး သူတပါး၏ ပုဂ္ဂလိကအခွင့်အရေးကို ထိခိုက် နှောက်ယှက် ရေးသားဖော်ပြခြင်း မှ ရှောင်ရမည်။

၃။ မတိကျ မမှန်ကန်သောသတင်း ကိုရေးသား ဖော်ပြမိလျှင် ဆိုင်ရာ သတင်းဌာနသည် ထိုသတင်း ကို ဆောလျှင်စွာ ပြန်လည်ဖြေရှင်း ရမည်။သတင်းမှန် ဖြေရှင်းချက် ကိုလဲ သတင်းမှားနည်းတူ ထင်ရှားပေါ် လွင်အောင် ဖော်ပြရမည်။

၎။ သတင်းရေးသားရာ၌ ရေးသားသူ၏ အာဘော် လုံးဝမပါစေရ။

၅။ သတင်းပေးသူ ( သို့) သတင်းရရှိရာနှင့် စပ်လျှင်း၍ နှတ်လုံရန် တိတိကျကျ ထိန်းသိမ်း ဆင်ခြင်ရ မည်။ ယုံ ကြည်၍ ဖော် ထုတ် အသိပေးလိုက်သည့် အကြောင်းအရာများနှင့် ပတ်သတ် ၍ သတင်းစားဝ တ္တ ရား အတိုင်းလျှို့ဝှက်ရမည်။

၆။ စာနယ်ဇင်းများသည် မည်သည့် တံစိုးလက်ဆောင် ကိုမျှ လက်မခံရ။ ကိုယ်ကျိုးကြည့်၍လဲ တရားမျှတမှု နှင့် ဘက်မလိုက်မှု ကို မထိခိုက်စေရ။

၇။ တမင် ကြံဆကြံရွယ်၍ ဘာသာရေး လူမျိုးရေး လှုံဆော်ခြင်း မပြုရ။ ဇာတိ ကိုသော်လည်းကောင်း လူ မျိုး ကိုေ သ်ာလည်းကောင်း ဘာသာကိုလည်းကောင်း ပုတ် ခတ်ခြင်းမပြုရ။

၈။ နိုင်ငံတော် ပြိုကွဲစေရန် နှင့် နိုင်ငံတော်၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာ ကိုထိပါးခြင်းယူသည်တို့ အကျုံး ၀င် သောနိုင်ငံ တော်လုံခြုံရေးကို ထိခိုက်စေသော သတင်းဆောင်းပါးများ လုံးဝဖော်ပြခြင်းမပြုရ။

၉။ အကျင့် သိက္ခာပျက်ပြားစေသော ရေးသားမှု များ၊ သိမ်ဖျင်းသော စကားလုံး အသုံးအနှုန်းများ ၊ မနာ လို မစ္ဆရိ ယစိတ်ဖြင့် စွပ်စွဲခြင်းများ၊ မမှန်ကန်သော အသရေပျက်စေသော ကြေငြာ ချက်များ ရေး သား ချက် များ ပုံနှိ ပ် ထုတ်ဝေခြင်းမပြုရ။

ဂါဒီယမ် ဦးစိန်ဝင်း

( စတုတ္တဏ္ဍိုင်နှင့် ဂါဒီယန်သတင်းစာ စာအုပ် ) မှ ကူးယူဖော်ပြပါသည် .....

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်