Pages

Thursday, January 24, 2013

သမ္မတကြီး အနေနဲ. KIA တို.ရဲ့ ဌာနချုပ်ကို မသိမ်းခိုင်း ရခြင်းဟာ အောက်ပါ အကြောင်းကြောင်း တို.ကြောင့် ဖြစ်



(၁)လိုင်ဇာကိုသိမ်းနိုင်ခြင်းဟာ KIA တို.ရဲ့စိတ်ဓာတ်ကိုသိ မ်းနိုင်တာမဟုတ် ဘဲ မြေနေရာကို သာသိမ်းနို င်ခြင်း။

(၂)လိုင်ဇာငှာနချုပ်ကိုသိမ်းလိုက်ခြင်းဟာ အပန်းမကြီးနိုင်သည်ဟုယူဆနိုင်သော်လည်း ပွဲသိမ်းတိုက် ပွဲတွ င် နှစ်ဘက်စလုံးမှ အကျအဆုံးများမည်မှာ သေချာနေခြင်း။

(၃)လိုင်ဇာကိုသိမ်းလိုက်သော်လည်း KIA ဆိုသည်မှာ ပျောက်ကွယ်သွားမည်မဟုတ် ဘဲ ပျောက်ကျား နည်းစနစ်များဖြင့် တပ်မတော်နှင့် ပြည်သူတို.အား ဆက်လက် ၍ အနှောက်အယှက်ပေးနေနိုင်ခြင်း။

(၄)ပွဲသိမ်းတိုက်ပွဲဆင်နွှဲခြင်းဖြင့် နှစ်ဘက်လုံးမှတိုက်ပွဲဝင်စစ်သည်များ အများအပြားကျဆုံးမည်ဖြစ်ပြီး ၄င်း စစ်သည်တို.၏ ကျန်ရစ်သောမိသားစုဝင်တို.မှာ ဒုက္ခအတိ၊ အဖမဲ့သား/ သမီး ဘ၀များဖြင့် လော ကကြီး အား မျက်စိသူငယ်၊နားသူငယ်ဖြင့် ရင်ဆိုင်ရမည်မှာသေချာခြင်း။

(၅)ကျဆုံးသွားသော ၂ ဘက်လုံးမှ တိုက်ပွဲဝင်စစ်သည်များအတွက် သက်ဆိုင်ရာများမှ နစ်နာကြေးေ ထာက်ပံ့မှုများ ထောက်ပံ့ကြမည် ဆိုသော်လည်း လူ.အသက်ထက် ဘာမှတန်ဖိုးမရှိခြင်း။

(၆)အတိတ်သင်ခန်းစာများအရ နှစ်(၆၀)ကျော်ကြာလက်နက်ကိုင်တိုင်ခိုက် ခဲ့ကြသော်လည်း စစ်မှန်ေ သာငြိမ်းချမ်းရေး တည်ဆောက်မှု ကိုမပြုလုပ် နိုင်ခဲ့ခြင်းကို သမ္မတကြီးအနေနဲ. ကောင်း စွာသဘောေ ပါက် ထားခြင်း။

(ရ) စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာတွင် အနည်းနှင့်အများတော့ အရပ်သားများ ထိခိုက် သေဆုံးစေ မည် ဖြ စ်ပြီး ပြည်တွင်း/ပြည်ပမှ ဖိအားများဝင်လာနိုင်ခြင်း။

(၈)တစ်ချို.သောကချင်လူမျိုးများမှ လူမျိုးရေးမုန်းတီးမှုများဖြစ်ပေါ်လာနိုင်ခြင်း။

(၉)တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်တိုက်ခိုက်ခြင်းဖြင့် ကြာရှည်ခိုင်မြဲ၍ စစ်မှန်သောငြိမ်းချမ်းရေး ကိုမရရှိနိုင်ခြင်း။

သမ္မတကြီးအနေနဲ. အထက်ဖော်ပြပါအကြောင်းကြောင်းကိုထောက်ရှုပြီးတော့ KIA တို.ရဲ့ငှာနချုပ်ကို သိမ်းပိုက်ဖို. တပ်မတော်ကို အမိန်.မပေးသေးတာကိုတော့ KIA တို.အနေနဲ. နားလည်ဖို.ကောင်းပါတယ်။

ရန်သူ.မြေနေရာသိမ်းပိုက်ခြင်းဟာ ရန်သူ.စိတ်နှလုံးသားကိုသိမ်းပိုက်ခြင်းမဟုတ်တာ ကို ကောင်းကောင်း ကြီး သိထားတဲ့ နိုင်ငံတော်သမ္မတကြီးက ခုထိ KIA တို.စိတ်ပြောင်း လာမယ့် အချိန်ကို တပ်မတော်သားေ တွ ရဲ့ အသက်ပေါင်းမြောက်မြားစွာကို အရင်းတည်လို. စောင့်စားနေဆဲပါပဲ။

နိုင်ငံတော်သမ္မတကြီးရဲ့စေတနာတွေကိုနားလည်လာတဲ့တစ်နေ. ဗိုလ်ချုပ်ဂွမ်မော်တို. အုပ်စု နေပြည်ေ တာ် လာမယ့်အချိန်ကို တိုင်းရင်းသားပြည်သူပြည်သားအားလုံးက စောင့်ကြိုနေပါတယ်ဆိုတာ KIA တို.သိစေ ချင် ပါတယ်။

ထိုက်သူ

Nay Min

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်