Pages

Sunday, March 3, 2013

ကျွန်တော် ပြောပြ ချင်ပါသည် ( ၂ )


( ၁ ) လူ့အခွင့် အရေး ဆိုတဲ့ စကားလုံးဟာ အတိုက်အခံတို့အတွက် လက်နက်လား

လူ့ အခွင့်အရေး လူ့ အခွင့်အရေး နှင့် မကြာခန ကြားနေရသည် ။ ဆူဆူညံညံလဲ ကြား ရသည်။ ဒါဆိုတော့ လူ့ အခွင့် အရေး ဘာလဲ ၊ ကျွန်တော် တို့ နိုင်ငံမှာ လူ့ အခွင့် အရေး တွေ ဆုံး ရှုံးနေတာလား ၊ ဒါမှ မဟုတ် လူ့ အခွင့် အရေး ဆိုသော အဖိုး တန် အမျိုးမှန် တန်ဘိုးရှိသော အသုံး အနှုန်း တစ်ခု သည် အတိုက်အခံ တို့၏ စကား လက်နက် ၊ အပုပ်ချ လက်နက် ဖြစ်နေပြီလား  ကျွန်တော် လေ့လာ ကြည့်မိသည်။




၁၉၈၈ ခုနှစ်နောက်ပိုင်း တွင် ပိုမို ဆန်းသစ်ပြင်းထန်လာသော အနောက်နိုင်ငံ များ ၏သြဇာခံ မီဒီယာများ နှင့် နိုင်ငံ့ အတိုက်အခံ များ သည် လူ့ အခွင့်အရေး ဟူသော အသုံး ကို အလွန် အသုံး ပြု လာကြကြောင်း တွေ့ ရမည်ဖြစ်သည်။ ဥပမာ အသံလွှင့် ဌာနများ ၏ ထုတ်လွှင့် ချက်များ ၌ လန်ဒန် အခြေပြု နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကြီး ၊ နယူယောက်အခြေပြု လူ့ အခွင့် အရေး စောင့်ကြပ်ကြည့်ရှု ရေး အဖွဲ့ ဆိုသည်များ၏ မြန်မာနိုင်ငံ နှင့် ပတ်သတ် သည့် လူ့ အခွင့် အရေး နှင့် ဆိုင်ရာမှတ်တမ်းများ ၊ အစီရင်ခံ စာများ ၊ ကြားနာချက်များ ကို အထပ်ထပ်အခါခါ ထုတ်လွှင့် သဖြင့် ကြားနာဘူးပြီး ဖြစ်ကြလိမ့်မယ်။ လူ့ အခွင့် အရေး ဆိုသောအသုံး အနှုန်းသည် လေးစားချင် စဖွယ် ကောင်း သလောက် ၄င်း ဌာနများ၏ လုပ်ဆောင်မှု များ မှ လု့ အခွင့် အရေး မရှိဘဲ တဘက်စောင်းနင်း နိုင်နေကြောင်း တွေ့ရှိရသည်။

၎င်းတို့ သည် အခွင့် အရေး ရလျှင် ရသလို တခြား နိုင်ငံများ ၏ ပြည်တွင်းရေး များ ကိုဝင်ရောက် စွက် ဖက် ခြင်း ၊ သပ်လျှို သွေးခွဲခြင်း ၊ သြဇာပေး တပည့်မွေးခြင်း ၊ ပြည်တွင်းရေး ကမောက် ကမ ဖြစ်လျှင် ၄င်းတို့ ၏ တပည့် များ အား ခေါင်း ဆောင် တင်ပေးနိုင်ရန် အတွက် လူ့ အခွင့် အရေး ၊ ဒီမိုကရေ စီရေး ဟု အသံ ကျယ်လောင်စွာ အော်ဟစ်၍ ၀င်ရောက် စွက်ဖက် ဆရာကြီး လုပ်ကြသည်များ ကို အတွေ့ အကြုံ အရ သိရှိနား လည်ထားကြပြီး ဖြစ်ပါမည်။

၎င်း အဖွဲ့ များ သည် မြန်မာနိုင်ငံ နှင့် အခြား အာရှနိုင်ငံ များ ၄င်း တို့ ၏ အတိုက်အခံ နိုင်ငံ ဟု ယူဆသော နိုင်ငံများ ၄င်း တို့ ၏ တပည့် မခံ သော နိုင်ငံများ ၊ပေါ်တွင်သာ စောင့် ကြည့်နေသော လူ့ အခွင့် အရေး စောင့် ကြပ်ကြည့်ရှုရေး အဖွဲ့ ကြီး ၏ လက်အောက်တွင် အာဖရိက ၊ လက်တင်အမေရိက၊ အရှေ့ အလယ်ပိုင်း ၊ ဟဲလ်ဆင်ကီး ၊ အာရှ စောင့်ကြည့်ရေး အဖွဲ့ များ သာ ရှိနေပြီး အနောက်အုပ်စု ၀င်နိုင်ငံများ အတွက် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့ များ မရှိသည်မှာ အံ့သြစရာပင်ဖြစ်သည်။ ဟုတ်ပါပီ ၊ ကျွန်တော်တို့ ကိုတော့ လူ့ အခွင့် အရေး ဗန်းပြ ၍ ဆရာကြီး ၀င်လုပ်နေကြသည် ။ ဒီလိုဆိုတော့ သူတို့ ဆီမှာ ရော လူ့ အခွင့် အရေး တကယ် ရနေပြီလား ???? ဥပမာ လေး တွေ လေ့လာ ကြည့် ရအောင် ဗျာ -

မြန်မာနိုင်ငံ ဘက်သို့ လူ့ အခွင့် အရေးဟု လှည့်အော်နေသော နိုင်ငံ တွင် အသားရောင်ခွဲခြားခံ နေရသော လူမည်းများ  ၊ ကလေးများ မတော်မတရား ပြု ကျင့် ခံရမှုများ ( မုဒိန်းမှု ၁၀ မှု တွင် ၈ မှု မှာ ၁၈ နှစ်အောက် ကလေးများ ပြကျင့် ခံ ရခြင်းဖြစ်ပြီး ၄င်း ၈ မှု တွင် ၆ မှု မှာ အသက် ၁၂ နှစ်အောက် ကလေး များ ဖြစ်သည် ) ၊ အင်ဒီယမ်း တို့အပေါ် ၀ရမ်းမဲ့ ရှာဖွေ ဖမ်းဆီးမှုများ ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ ၊ လူမည်းနှင့် အင်ဒီးယမ်း မ၀င်ရနေရာများ ယနေ့ အချိန်ထိ ရှိနေသေးမှုများ ၊ ( ဥပမာ - ပရီးမီးယားလိရ် ပြိုင် ပွဲ များ တွင် လူမည်းကစားသမား များအား လူမျိုးရေး ခွဲခြား ဆက်ဆံမှု များ ယနေ့ထိေ တွ့ရ မည်ဖြစ်သည် ) အား မည်သည့် အတွက် ကြောင့် စောင့်ကြည့် လေ့လာမှု မရှိရသနည်း ။ တွေး စရာပင်။

အာရှဒေသများ တွင်လည်း ၄င်းတို့ လက်အောက် ပြုသမျှ မနု သောနိုင်ငံများ အား လူ့ အခွင့် အရေး စောင့် ကြည့် လေ့လာ၍ လူ့ အခွင့် အရေးမရှိ ဟု တိုက်ခိုက် အော်ဟစ်နေကြ သော် လည်း  ၄င်းတို့ လက်ချက်ဖြင့် အင်္ဂါမစုံ ၊ လူရုပ်မပီ မွေးဖွားလာ ကြသော၊ ယခုထက်ထိ အဏုမြူေ ရာင်ခြည်သင့် နေသေးသော ဂျပန် လူမျိုး အချို့ အတွက် ၄င်း ၊ Agent Orange လက်ချက်ကြောင့် အင်္ဂါမ စုံ ၊ လူရုပ်မပီ မွေးဖွားလာ ကြသော၊ ယခုထက်ထိ ၄င်း Agent Orange ဒါဏ်ခံစားနေရသေးသော ဗီယက်နမ် ကလေးငယ်အချို့ အတွက် ၄င်း ၊ အမေရိကန် ဂျပန်၊ အမေရီကန် ဗီယက်နမ် ကပြား မိဘမစုံ သည့် ကလေးသူငယ်များ အတွက် တော့ လူ့ အခွင့် အရေး စောင့် ကြည့်လေ့လာမှု မရှိသည်ကို အံ့သြ စိတ်ပျက်ဖွယ်ရာ တွေ့ရမည် ဖြစ်သည်။

( ၂ ) လူ့ အခွင့် အရေး နှင့် ပတ်သတ်၍ ကျွန်တော့် အမြင်

ကျွန်တော် တို့နိုင်ငံမှာ အချို့ သော အတိုက်အခံ တို့ကြောင့် လူ့ အခွင့် အရေး မရ ၊ ဆုံးရှုံးနေ သည် ဟု ပြောကြသည်။ အချို့ လူငယ်များ ကလဲ နားယောင်ကြသည်။ ကဲ .... ကျွန်တော် တို့ တွေးကြည့် ရအောင် ဗျာ ...

ကျွန်တော် တို့ နိုင်ငံ တွင် လွတ် လပ်စွာသွားလာခွင့် ရှိသည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိသည်။ လွတ်လပ်စွာ ၀တ်ဆင်ခွင့် ရှိသည်။ လွတ်လပ်စွာ ရေး သားခွင့် ရှိသည်။ လူဖြူလူမည်း ခွဲ ခြား သလို ဘယ်တိုင်းရင်းသားမို့ မ၀င်ရ ၊ မလုပ်ရ ၊ ဘယ်ဘာသာမို့ မ၀င်ရ ၊ မလုပ်ရ ဆိုသော ဆိုင် ၊ နေရာ ၊ အလုပ်အကိုင် ရှိပါသလား ။ လူပီသသော သူများ အတွက် လူ့ အခွင့် အရေး အပြည့် အ၀ ရနေပါသည်။ ယခုမှ မဟုတ် ယခင်နှစ်ပေါင်း များ စွာကတည်းကပင်။ ပြောရလျှင် လူတယောက်အတွက် မွေးရာပါ အခွင့် အရေးများ ဖြစ်သည်။

လွတ်လပ်စွာ သွားလာခွင့် ရှိသည်။ သို့သော် လွတ်လပ်စွာ လမ်းပြောင်းပြန် မောင်းခွင့် စည်းမဲ့ ကမ်းမဲ့ လမ်းဖြတ်ကူးခွင့် စည်းလွတ်ဝါးလွတ် ယာဉ်ကြော ပိတ်ဆို့ခွင့် တော့ မရှိ။  လွတ်လပ်စွာ ပြောဆိုခွင့် ရှိသည်။ စည်းကမ်းမဲ့ သွားပုပ်လေလွင့် ဆဲဆို အပုပ်ချခွင့် တော့ မရှိ ။ လွတ်လပ်စွာ ၀တ်ဆင်ခွင့် ရှိသည်။ ကိုယ့် အမျိုး ဘာသာ သာသနာ မျက်နှာတော့ ကိုယ်ကြည့် ဖို့လိုသည်။ လွတ်လပ်စွာ ရေး သားခွင့် ရှိသည်။ စာပေဖြင့် စည်းလွတ်ဝါးလွတ် သောက်တင်းတုတ်ခွင့် မရှိ။ လူပီသသူတို့ အဖို့ တော့ လူ့ အခွင့် အရေး အကုန် ရနေသော နိုင်ငံ တနိုင်ငံ ဖြစ်သည် ဆိုတာကိုတော့ နားလည်ထားကြဖို့ လိုပါမည်။ နားလည်စေ ချင်ပါသည် ။

ကျွန်တော့် အမြင်ကို တင်ပြခြင်းသာ ဖြစ်ပါသဖြင့် လွတ်လပ်စွာကွဲ လွဲ နိုင်ပါသည်။

လင်း လက် လူ

ဆက်စပ်ဖတ်ရှုရန် - ကျွန်တော် ပြောပြ ချင်ပါသည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်