Pages

Tuesday, April 2, 2013

မီဒီယာများ သတင်းမှန်၊ ဖြစ်စဉ်အမှန်ကို ထုတ်ပြန်ပေးကြရန် အရေးကြီး

(၄၈)လမ်း မတော်တဆ မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီး ဌာနက သတင်းမှန်များ ထုတ်ပြန်ပေးနေသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သမ္မတကြီးသည်လည်း မိတ္ထီလာပဋိပက္ခဆိုင်ရာ ရှင်းလင်းချက် မိန့်ခွန်းနှင့် နှစ်သစ်ကူးရေဒီ ယိုမိန့်ခွန်းတို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ Responsible Media များ၏ တာဝန်သိ၊ တာဝန်ကျေပွန်မှုတို့ကို အလေးအနက်ထား ထည့်သွင်း ပြောကြားထားပြီး ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ လည်းကောင်း ပြည်တွင်း၌ နိုင်ငံသားအဖြစ် တရားဝင် နေထိုင်ကြသူများ အားလုံးတွင် နိုင်ငံသားစိတ်ဓါတ် Citizen Spirit ထားရှိရန် လိုအပ်မည် ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် မမျှော်လင့်ဘဲ ကြုံတွေ့လာရသော စိန်ခေါ်မှုများအနက် လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ထိခိုက်လွယ်၊ ကွဲရှလွယ်သော ဖြစ်ရပ်များ ဖြစ်သလို နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အထူး သတိထားဖွယ်ရာ ရယ်ဒီကယ်ထောင်ချောက်များကို ရှောင်ရှားရမည့် အခြေအနေ ဖြစ်ပါသည်။

ဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ အမျိုးမျိုးထွက်ပေါ်လာနေသော ကောလဟာလများကို အလွယ်တကူ မယုံကြည်ကြရန် လိုအပ်သလို သတင်းမှန်များကို အတည်ပြုနိုင်ပြီးမှသာ ကောက်ချက်ချခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။ မမှန်သတင်းများကို အခြေခံ၍ ဖြစ်ပေါ်တတ်သော တဒင်္ဂစိတ်ခံစားချက်များ ကြောင့် မလိုလားအပ်သော၊ မည်သူ့ကိုမျှ အကျိုး မပြုသော ပဋိပက္ခများ ဖြစ်ပေါ်မလာရန် အရေးကြီးပါသည်။

သို့ရာတွင် အောက်ဖော်ပြပါ Facebook Page တွင် မမှန်သတင်းများ ဖြန့်ချိလျက်ရှိပြီး ထပ်ဆင့်မျှဝေသူ (၃၀၀)ကျော် အထိ ရှိနေကြောင်း တွေ့ရှိရပါသည်-


အလားတူ အောက်ဖော်ပြပါ အင်တာနက် စာမျက်နှာတွင်လည်း သွေးထိုး လှုံ့ဆော်ရာ ရောက်ရှိေ စသော ဖော်ပြချက်များ ဖော်ပြထားကြောင်း တွေ့ရှိရ ပါသည်-

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အတိအလင်းပြဌာန်းထားပြီး ဖြစ်ရာ အခြေခံဥပဒေမှ အပ်နှင်းသော အခွင့်အရေးတို့ကို လွတ်လပ်စွာ ရရှိခံစားနိုင်မည် ဖြစ်သလို နိုင်ငံသားတိုင်း လိုက်နာရမည့် တာဝန်၊ ကျေပွန်သင့်သည့် ဝတ္တရားတို့ကိုလည်း အလေးအမြတ်ထားရန် လိုအပ်ပါမည်။

ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းကို မိမိတို့ မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သလို ဤသည်ပင် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ သင်္ကေတတစ်ရပ် အဖြစ် တည်ရှိခဲ့ပါသည်။

"မြန်မာနိုင်ငံသား Myanmar National" ဟူသော ဝေါဟာရ၏ နက်ရှိုင်းသော အဓိပ္ပါယ်ကို အလေးအနက် နားလည် သဘောပေါက်ရန် လိုအပ်သလို ဘာသာ၊ လူမျိုး မည်သို့ပင် ကွဲပြားစေကာမူ ဥပေဒနှင့်အညီ ရရှိထားသော နိုင်ငံသားအားလုံးသည် One Myanmar-One Identity သာ ဖြစ်သင့်ပါသည်။

သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ အနေဖြင့်လည်း မလိုလားအပ်သော ပြဿနာများ ထပ်မံ မဖြစ်ပွားစေရေး သတိဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်ကြပါရန် လိုအပ်ပါကြောင်း လေးစားစွာဖြင့် တိုက်တွန်း ဖော်ပြအပ်ပါသည်။

Hmuu Zaw

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်