Pages

Saturday, March 2, 2013

ကျွန်တော် ဖတ်မိပြီးနောက် တွေးမိသည့် NLD ပါတီ အကြောင်း

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က စတင် ဖွဲ့စည်းပြီး န၀တမှ  ဥပဒေပြဌန်းချက်အရ ၁၉၈၈ ခုနှစ် စက်တင်ဘာလ(၂၇) ရက်နေ့တွင် နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ်-၄/၈၈) အရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ခေါင်းဆောင် တစ် ဦး စီ တွင် အဖွဲ့ဝင် ၄ ဦးစီဖြင့် ၁၂ ဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ၄ ဦးမှာ သူမအပါ ဟံသာ ၀တီ ဦးဝင်း တင်၊ ဒေါ်မြင့်မြင့်ခင်နှင့် ရုပ်ရှင်မင်းသား ဦးအောင်လွင် တို့ဖြစ်ကြသည်။(Wiki)
ဤတွင် ယနေ့ဗိုလ်ချုပ်ဓာတ်ပုံများ ကိုယ်ပိုင်အဖြစ် အသုံးချနေခြင်းကို ဗိုလ်ချုပ်ကျဆုံးသည့် ၁၉-၇-၁၉၄၇ နှင့် ၂၄-၉-၈၈ တို့တွင် ဖွဲ့စည်းခဲ့သည့် ပါတီအနေအထားဖြင့် ခွဲခြားနိုင်သည်။ သို့သော် ဗိုလ်ချုပ်၏ သမီး တစ်ေ ယာက် အနေဖြင့် သုံးခြင်းကို သီးခြားဖော်ပြရန်မရှိ။ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရှိစဉ်တွင် Register လုပ် ကြေငြာချက် တစ်ခု ထုတ်ခဲ့သည်မှလွဲ၍ အခြား မူပိုင်ခွင့်များလည်း မရှိပေ။
 
စတင်ချိန်ကတော့ ဦးအောင်ကြီး ဥက္ကဌဖြစ်ပြီး ကွန်မြူနစ် စွပ်စွဲမှု ပြဿနာဖြစ်ကာ အန်အယ်လ်ဒီ ကွဲပြဲခဲ့သည်။ ထိုအကွဲတွင် ဦးအောင်ကြီး၏ ပါတီထဲသို့ တက္ကသိုလ် ၊ကောလိပ် များမှ ဆရာ၊ ဆရာမများ ကျောင်း ဆ ရာေ ဟာင်း များ ပညာရှင်၊ပညာတတ်ပေါင်းများစွာ ပါသွားသည်။(wiki)
ထိုအချက်ကြောင့် အန်အယ်လ်ဒီပါတီသည် စတင်ပြီး မကြာမီကပင် ပညာတတ်နည်းပါးသည့် ပြဿနာကို ရင် ဆိုင် ခဲ့ရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဦးတည်း ခေါင်းဆောင်မှုဖြင့် ရွေးကောက်ပွဲ တွင် အနိုင်ရ ခဲ့သည်။ ယနေ့အချိန်အခါတွင်လည်း ကြုံရာလူများကို ဒေါ်အောင်ဆန်းစုကြည် တစ်မျက်နြှာ ဖင့် ပါတီတွင်း ထည့်သွင်းထားသည်ကို တွေ့နိုင်သည်။
န၀တ အစိုးရလက်ထက် ရွေးကောက်ပွဲအပြီး အနိုင်ရ အန်အယ်လ်ဒီပါတီများ၏ လက်လွတ်စပယ် တောင်း ဆို မှုများ ကြောင့် အရပ်သားအစိုးရ မဖြစ်ခဲ့ပေ။ ထို့နောက်တွင် အန်အယ်ဒီမှ အမျိုးသားညီလာခံကို ကျော ခိုင်း ကာ ရွေးကောက်ခံ ကိုယ်စားလှယ်များသည် ကေအန်ယူ ဌာနချုပ် မာနယ်ပလောတွင် စင်ပြိုင်အစိုးရ အဖွဲ့ ကို တည် ထောင်ခဲ့ကြသည်။ (wiki)
အန်အယ်လ်ဒီကို ဖိနှိပ်သည်ဟု ဆိုသည်များ ပြောလေ့ မရှိသည့် အချက်များ ဖြစ်သည်။ တိုင်းပြည် တစ်ပြည် တွင် အနောက် အကူအညီဖြင့် စင်ပြိုင် အစိုးရဖွဲ့ခြင်း၏ အကျိုးအပြစ်ကို သီးခြားလေ့ လာနိုင်ပေ သည်။
အစိုးရမှ ကမ္ဘာနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ၁၉၉၆ မြန်မာခရီးသွားနှစ် (Visit Myanmar year 1996) ကို ပြုလုပ်ခဲ့ရာတွင် အန်အယ်လ်ဒီမှ ခရီးသွားများ လာရောက်ရန် အချိန်မဟုတ်သေး ဟုဆို ကာ ဆန့်ကျင် ခဲ့သည်။(wiki)
အစိုးရသည် တိုင်းပြည်အတွက် ဘာမှ မလုပ်ခဲ့ဟု ဆိုသူများ ထိုအဖြစ်ကို မေ့နေကြသည်။ ပူးပေါင်းဆောင် ရွက် ခြင်းဖြင့် တိုင်းပြည် အကျိုးရှိနိုင်သော်လည်း ထိုအချိန်တွင် ကန့်လန့်တိုက်ခဲ့ခြင်းကြောင့် ခရီးသွား ဧည့် သည် သန်းကျော် လာမည်ဟု မှန်းထားရာမှ ၂ သိန်းခန့်သာ လာရောက်ခဲ့သည်။ ထို့ပြင်သာမက မြန် မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့ရန် တောင်းဆိုခဲ့သည့်အတွက် စက်ရုံ၊ အလုပ်ရုံများ ပိတ်ကာ 555 သောက် သည့် မြန်မာများ လန်ဒန် ဖြစ်ကုန်သည်။ အထည်ချုပ် အလုပ်သမများ ထိုင်းကို ရောက်ကုန်သည်။ ထိုအ ချိန် ကာလအတွင်း ဇာဂနာမှာ ထန်းခေါက်ဖာကို ကိုင်၍ ဖာနိုင်ငံဟု ပြက်လုံးထုတ်ခဲ့သည့်အတွက် အဖမ်းခံ ရသည်။ ဘယ်သူတွေ အမြင်ကျဉ်း ခဲ့သလဲ၊ ဘယ်သူတွေကြောင့် ထိုသို့ ဖြစ်ခဲ့သလဲဆိုသည်ကို နှစ်ဖက် မျှတွေး က သိနိုင်သည်။ 
စစ်အစိုးရမှ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ နောက်ဆုံးတွင် ဆက်ဆံရေး ၀န်ကြီး တစ် ဦး ထားရှိသည်အထိ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအတွက် ထားရှိပေးခဲ့သည်။ သို့သော် ထိုအချိန် ကာလ အတွင်း ကျွန်မကတော့ ရန်ကုန် တက္ကသိုလ်ကြီး ပြန်ဆောက်ချင်တယ်၊ ကျွန်မကတော့ ရန်ကုန် ပြည် သူ့ဆေးရုံ ကြီးကို မွမ်းမံချင်တယ် ဆိုသည့် ယခုလွှတ်တော်အတွင်း ဆောင်ရွက်ခဲ့သည့် နှစ်ခုကို ပြော ဆို ခဲ့ခြင်း မရှိပေ။ သူမသာ ပြောခဲ့ပါက လွန်ခဲ့သည့် နှစ်များစွာကပင် ယခုထက်ပိုမိုကြီးကျယ်သည့် နေရာ များ ဖြစ်လာမည် သာမ က လွှတ်တော်အတွင်း လူထုခေါင်းဆောင် တစ်ယောက်၏ အချိန် အလဟသ မဖြစ်ေ တာ့ပေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်သည်။ ရွေးကောက်ပွဲ မ၀င်ဘဲနေသည်။ ထို့အတွက် အန်အယ် လ်ဒီ များ ကွဲထွက်ကာ ပါတီ အသစ်များ ဖွဲ့စည်းကြသည်။ ပညာတတ် အလယ်အလတ်ကျသည့် Third Group များ အခြားပါတီ များဖြစ်လာသည်။ 
ကြားဖြတ်ရွေးကောက်ပွဲတွင် အရွေးခံစေမည့် ပညာတတ်များ မရှိသလောက် ဖြစ်ခဲ့ရသည်။ စောစီးစွာ ပြောင်း လဲပါက နိုင်ငံလည်း စောစီးစွာ ပြောင်းလဲမည်ကို သတိပြုသင့်သည်။
အန်အယ်ဒီအဖွဲ့ဝင် အဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံသားများ၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မ ဟုတ် ယာယီသက်သေခံလတ်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ရမည် ဆိုပြီး သတ်မှတ်ထားသည်။ (ပါတီ စည်း မျဉ်း)
အန်အယ်လ်ဒီ၏ မူအရ ဘင်္ဂလီဖြစ်စေ၊ ကုလား၊တရုတ် ဖြစ်စေ ပါတီဝင် ဖြစ်ရမည်သာ ဖြစ်သည်။ ထို့ေ ကြာင့် လည်း မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပါတီဝင် ၁၀ ယောက်၌ ၆ ယောက်ခန့်သည် လူမျိုးခြားများ ဖြစ်ေ န သည်။ သို့ပါဆိုလျှင် အန်အယ်ဒိ အာဏာရပါက မည်သူများကို လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် မြင်ေ တွ့ရမည် ထင်သနည်း။
ပါတီ၏ အထွေထွေညီလာခံကြီးကို မတ်လ ၉ ၇က်နေ့တွင် ကျင်းပမည်ဟု ဆိုင်းဘုတ်ကြီး ထောင်ထား သည်။ သို့သော် ဗိုလ်ချုပ်ပုံကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပုံကို ထောင်ထားသည်မှာ ဗိုလ်ချုပ်က အန် အယ်လ် ဒီ ပါတီဝင်အလား ထင်ရသည်။ ပါတီဝင် အဖြစ် ဂုဏ်ယူဖော်ပြစရာ လူမရှိသလော။ လေးစား သ မှုေ လာ ကတော့ ပါတီဥက္ကဌကြီး သဘောသာ။
ဤစာစုများသည် မိမိအမြင်ကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး တွေးခေါ်ခြင်းသာ ဖြစ်သည်။ လွတ်လပ်စွာ သဘော ကွဲလွဲနိုင်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်