Pages

Saturday, March 9, 2013

ကျွန်တော် ပြောပြချင်ပါသည် ( ၃ )

( ၁ ) အာဏာရှင်မလိုလား ဆိုသူတို့က အာဏာရှင်ဆန်နေပါလား

အာဏာ ရှင်ဆိုတာ ဘာလဲ ။ အလွယ်ပြောရ ရင်တော့ ငါပြောသလိုလုပ် ငါပြောတာနားထောင် ငါခိုင်းတာလုပ် ပြန်မပြောနဲ့ ခိုင်းတာလုပ် ပေးရင်ယူ ကျွေးရင်စားပေါ့ ( ငါ ) တလုံး ပေါ့ဗျာ။ ဒီမိုကရေစီ ဆိုတာမှာလဲ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့် ၊ လွတ်လပ်စွာ ဆွေးနွေးခွင့် ဆိုတာတွေ ပါနေတယ် ဆိုတာလဲ သိရှိပြီး ဖြစ်မှာပါ။

ကြားဖူးပါလိမ့်မည်။ တွေ့ဘူးပါလိမ့်မည်။ ဘယ် ဂျာနယ်ရဲ့ Page မှာတော့ ကွန့်မန့် ပိတ် ခံ တယ်။ဘယ် ဂျာနယ်ရဲ့ ဆိုဒ် / Page မှာတော့ ဘန်းခံရတယ် ဆိုတာမျိုးလေးတွေ ပေါ့။ အဲ့လို လုပ်တဲ့ ဂျာနယ်တွေ ကိုကြည့်လိုက်ပါ ။ ဘယ်သူက တော့ အာဏာရှင်စနစ်ကို ပြန်အသက်သွင်း ချင်နေတယ်။ ဘယ်သူကတော့ ယခင် စနစ်ဟောင်း ကို လိုလားတယ်နဲ့ ဘာမဟုတ်တဲ့ အွန်လိုင်းအကာင့် လေးတွေ ကို အပုပ်ချ တိုက်ခိုက်နေတဲ့ ဂျာနယ် တွေ ဖြစ်နေတာ ကိုတွေ့ ရမှာ ဖြစ်ပါတယ်။ 
 
အချို့ ဂျာနယ်တွေ ၊ အချို့ စတုတ္တ မဏ္ဍိုင် တွေ လုပ်နေတာက ဒီမိုကရေစီလား အာဏာ ရှင်လား။ ငါရေးတာ ဖတ်။ ငါပြောတာပဲ နားထောင်။ ငါတင်တဲ့ သတင်းသာ အမှန်။ ကျန်တာက လိမ် နေတာ။ ခေတ်နောက်ပြန် ဆွဲနေတာ ဆိုတာမျိုး က အာဏာ ရှင် မဆန်ဘူးလား။
 
နောက် တခု အနေနဲ့  ဆောင်းပါး တစ်ခု ( သို့ မဟုတ် ) သတင်းတခု လိုနေရာမျိုး မှာ တောင် လွတ်လပ်စွာ အပြန်အလှန်ဆွေးနွေး နိုင်ခွင့် မရှိတာကရော အာဏာ ရှင်မဆန် ပေဘူးလား။ ဒီမိုကရေ စီ နည်းလမ်းတကျ ပြန်လှန်ဆွေးနွေးတဲ့ သူတွေ ကို ကွန်မန့်တွေ ပိတ် တယ်။ ဖျက်တယ် ။ အကောင့် ကို ဘန်းတယ်။ ပြောတော့ ဒီမိုကရေ စီနိုင်ငံ ရဲ့ စတုတ္တ မဏ္ဍိုင် ( မမှားအောင် တည့်မတ်ပေး တဲ့ ၊ အမှား ရှိရင် ထောက်ပြတဲ့ လေးချောင်းမြောက် ဒေါက်တိုင် ) လို့ပြောတယ်။ တကယ်လုပ်နေတာက ဘာလဲ။ လွတ်လပ်စွာ အပြန်အလှန် ဆွေးနွေးခွင့်လေး တောင်မရှိတော့ ဘူးလား။ ပြောတော့ ဒီမိုကရေ စီလိုလား တယ်လို့ပြောတယ်။ လုပ်တော့ အာဏာ ရှင် စနစ်။

( ၂ ) ဖြောင့်မတ်ပါတယ် ဒါပေမယ့် ဘက်လိုက်ယုံလေးတင်ပါ

အများကြီးပါဗျာ။ သိကြပါတယ်။ KIA ဘက်ကမိုင်းခွဲရင် ၊ ရဲစခန်းတွေ ၀င်စီးရင် ၊ မုဒိန်းကျင့် ရင် KIA ရဲ့ အတည်ပြုချက်ယူနေတုန်း ။  သိပ်ကို တိကျ သေချာချင် ကြတယ်။ GE က အလုပ်သမား တယောက် မုဒိန်းကျင့်တာ ကျတော့ တပ်က ကောင်ပဲလုပ်တာ ကျနေတာပဲ။ ဘယ်တပ်က ၀န်ထမ်းဆိုပြီးတော့ ထည့်လို့ ကိုမပြီးနိုင်တော့ဘူး။ GE ကအလုပ်သမား ဆိုတာ အရပ်သား နေ့စားပဲ ဆိုတာကို ကိုတိကျ တွေမသိ တော့တာလား။ တမင်တကာ မသိချင် ယောင်ဆောင်တာလား။

တပ်ကကောင်တွေပဲ ဒီလိုလုပ်တတ်တာ ကျနေတာပဲ။ တပ်မတော်က တ ယောက်ယောက် မုဒိန်းမှု ဖြစ်ကြည့် စာလုံးမည်းကြီးနဲ့ ပါတယ်။ အတိုက်အခံ ကဖြစ်တော့ လက်ထပ်ပေးမယ်ဆိုတဲ့ သတင်း က အရင်လာတယ်။ ဖြစ်သင့် လား။ ဒါလား စတုတ္တ မဏ္ဍိုင် ( မမှားအောင် တည့်မတ်ပေး တဲ့ ၊ အမှား ရှိရင် ထောက်ပြတဲ့ လေးချောင်းမြောက် ဒေါက်တိုင် ) ။

အစိုးရ သတင်းနဲ့ အတိုက်အခံ သတင်း ဘာ ကိုဦးစားပေးပြီး တင်လဲ။ အစိုးရနဲ့ ပတ်သတ် ရင် မတတ်သာလို့ တင်တဲ့ သတင်းလောက်ပဲ တက်လာတယ်။ အစိုးရသတင်း တင်ပေးတဲ့ သူတွေ ကို တော့ ခေတ်နောက်ပြန်ချင်တဲ့ သူတွေလို့ ပြောတယ် ။ ဒါပေမယ့် စတုတ္တ မဏ္ဍိုင် ကို ကျွန်တော် တို့ မပြောပါဘူး။ ပြောပိုင်ခွင့် လဲ မရှိဘူး။ မီဒီယာ လွတ်လပ်ခွင့် ၊ လူတယောက်ရဲ့ ကိုယ် ပိုင် လွတ်လပ် ခွင့် လူ့အခွင့်အရေး ကို ကျွန်တော်တို့ နားလည်တယ်။

ဒါပေမယ့် ကိုယ်ကို တိုင်က ဒီမိုကရေ စီ နည်းလမ်းတကျ မလိုက်နာဘဲ ၊ မကျင့် သုံးနိုင်ဘဲ ၊ အွန်လိုင်းလိုနေရာမှာ  တောင် ကွန်မန့် အပြန်အလှန် ဆွေးနွေး ခွင့်မပေးဘဲ နဲ့တော့ ကိုယ့် ကို ကိုယ် သိပ်ကို တော်တည့်မှန်ကန် သော ဘက်မလိုက် စတုတ္တ မဏ္ဍိုင်  ( မမှားအောင် တည့်မတ်ပေး တဲ့ ၊ အမှား ရှိရင် ထောက်ပြတဲ့ လေးချောင်းမြောက် ဒေါက်တိုင် ) လို့ မပြောပါနဲ့လားဗျာ။ ဒါ့အပြင် ကြုံတုံးလေး တစ်ခု မေးချင်ပါတယ် ။ ကိုယ့် ကို ကိုယ် ဘယ်လို ခံ ယူထားပါ သလဲ ။ စတုတ္တ မဏ္ဍိုင် လား အပုပ်ချ မဏ္ဍိုင် လား ?????

မျှတသော၊ တိကျမှန်ကန်သော ဘက်မလိုက် စတုတ္တ မဏ္ဍိုင် ဖြစ်စေချင်ပါတယ် ခင်ဗျာ။

လင်း လက် လူ

ဆက်စပ်ဖတ်ရှုရန်

ကျွန်တော် ပြောပြ ချင်ပါသည်

ကျွန်တော် ပြောပြ ချင်ပါသည် ( ၂ )


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်