Pages

Wednesday, February 13, 2013

State Sponsored Attacked ဆိုတဲ့ Warning Message , Google က ပို့ပေးတာလား

မြန်မာပြည်က အထင်ကရ Journalist များရဲ့ Email အကောင့်များကို Google ကနေ “ ခင်ဗျာတို့ရဲ့ Account တွေကို နိုင်ငံတော်အဆင့်ကနေ ကျောထောင့်နောက်ခဲပေးထားတဲ့ Hacker Groups တစ်ခုက Attack လုပ်နေပြီ “ ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ညွှန်းတဲ့ Warning Message ကို ပို့နေပါပြီ ဆိုပြီး ပြည်တွင်မှာရော ပြည်ပနိုင်ငံများရဲ့ English သတင်းဌာတွေမှာပါ ဒီကနေ့ သတင်းတွေပျံ့နှံ့ နေ ပါတယ်။

State Sponsored Attacker ဆိုတဲ့ Warning ကို လွန်ခဲ့တဲ့ ၄ လောက်ကတည်းက Email တစ်ခု မှာတွေ့ ဖူးပါတယ်။ တစ်ခြားသတိထားမိတဲ့လူတွေလဲရှိနိုင်ပါတယ်။ အခုတော့ ဒီMessage ကိစ္စဟာ popularဖြစ် လာတော့ဒိကိစ္စနဲ့ပတ်သတ်ပြီးအနည်းငယ်သုံးသပ်တင်ပြလိုပါတယ်။

၁။ Google ကသာ ဒီသတိပေးချက်ကို ပို့ခဲ့တာမှန်ရင် ဒီ Warning နဲ့ပတ်သတ်တဲ့ Details အတိအကျကို Google တာဝန်ရှိသူတွေက ဘာလို့ အတိအကျ ထုတ်ဖော်ရှင်းလင်းမှုမရှိခဲ့သလဲ။ Google ဆိုတာ တစ်ကမ္ဘာလုံး အမှီသဟဲပြုနေရတဲ့ အကြီးမာဆုံးသော Storage Server တွေပါဘဲ။ သတင်းအချက်အလက် အကုန်လုံးနီးပါဟာ Google Server တွေပေါ် ကနေစီးဆင်နေတာဖြစ်ပါတယ်။

၂။ Google ရဲ့ Security Systems တွေကို ထိုးဖောက်ဝင်ရောက်လာတဲ့ Attack ဟာ အနည်းဆုံး ဘယ်ကလာတယ် ဘယ်နိုင်ငံကဖြစ်တယ်ဆိုတဲ့ အချက်လောက်တော့ Google က မဖြစ် မနေသိနိုင်ပါတယ်။ Google ကသာပို့ရိုးမှန်တယ်ဆိုရင် ဒီ သတိပေးချက် အပြင် နောက်ဆက်တွဲ အနည်းငယ်တော့ ပါရမှာဖြစ်ပါတယ်။တိုကျိုကGoogle ရဲ့ပြောခွင့် ရပုဂ္ဂိုလ် တတ်ခ်ျ မီဒိုးစ် ကလည်း ရေရေရာရာ တိတိကျကျဖြေကြားပြောဆို သွားခြင်းမျိုးမရှိပါဘူး။

၃။ နောက်တစ်ချက်အနေနဲ့ ဒီ သတိပေးချက်ဟာ Inbox ကနေလာတာမျိုးမဟုတ်ဘဲ နဂိုကတည်းက Google ရဲ့ Mail Setting မှာ Users တွေအတွက် Email လုံခြုံမှုမရှိတော့ဘူးဆိုရင် System ကနေ Auto သတိပေးချက်ပေါ်လာအောင် Warning Message ပြပေးဖို့ Program မှာထည့်သွင်းရေးသား ထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ဥပမာ- Window မှာ FireWall On မထားဘူးဆိုရင် “ မင်းရဲ့ Window မှာ FireWall Off ဖြစ်နေတယ်” စသည်ဖြင့် သတိပေး ချက်တက်တဲ့ပုံစံမျိုးပါ။

၎။ ဒါကြောင့်ဒီသတိပေးချက်ဟာ နဂိုကတည်းက ထည့်သွင်းပေးထားတာမျိုးဖြစ်ပြီး လုံခြုံမှု မရှိတော့ရင် သတိပေးချက်ပေါ်ဖို့ Google Engineer တွေက ထည့်သွင်းရေးသားထာတဲ့ Warning Message ဖြ စ်နိုင်ပါတယ်။

၅။ နောက်တစ်ချက်အနေနဲ့ Google က သူ့ရဲ့ Mail Security System ကို ထိုးဖောက် ၀င်ရောက်နိုင်တဲ့ Attack ပေါ်မလာနိုင်ဘူးလို့ယူဆထားပုံရပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ Attack လုပ်တဲ့နည်း၊ System တစ်ခုကို ချိုးဖောက်ဝင်ရောက်တဲ့နည်းပညာနဲ့ ပညာရှင်တွေ များပြာလာတာနဲ့အမျှ အလုံခြုံဆုံးလို့ပြောထား တဲ့ Security System တွေက လုံခြုံမှုမရှိတော့ပါဘူး။

၆။ နောက်တစ်ချက်အနနဲ့ လက်ရှိကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီအသွင် ကူးပြောင်းရေး ကို ဖော်ေ ဆာ င်နေ တဲ့ဒီမိုကရေစီကာလနုနုနယ်နယ်လေး ဘဲရှိပါသေးတယ်။ Google ရဲ့ Security System ကိုထိုးဖော က်နိုင်လောက်အောင်တော်တဲ့ Hacker ၊ Cracker တွေဆိုတာ တစ်ကယ့်ကို နည်းပညာ ထိပ်ဖျား အထိေ၇ာက်နေတဲ့ နိုင်ငံကြီးတွေမှာတောင် ရှာမှရှားပါ။ ဒီလိုလူတွေ လဲမရှိပါဘူး။ Google က System Warning Message ပြသလို အစိုးရကြောထောင့်နောက်ခံရှိတဲ့ Attacker အဖွဲ့ဆိုရင်တောင် ဒီ Attack လုပ်နေတဲ့လူတွေဟာ Super Power တွေကိုပိုင်ဆိုင်ထား တဲ့ နိုင်ငံကြီးများက အစိုးရတွေ နောက်ခံရှိတဲ့ အဖွဲ့တွေထဲကဘဲဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မီဒီယာတွေအနေနဲ့ အစိုးရကြောထောင့်နောက်ခံရှိတဲ့ အဖွဲ့ဆိုတဲ့ Warnig Message ဆိုတာနဲ့ နဂိုကတည်းက အစိုးရကိုပုတ်ခတ်ချင်နေတာနဲ့ ထင်ယောင်ထင်မှား သံသယဖြစ်အောင် ၀ါဒဖြန့်ရေးသားချက်မျိုးတွေ မပြုလုပ်ကြဖို့ လိုအပ်ပါတယ်။

၇။ ဒီနေရာမှာ မီဒီယာတွေကို ပြောချင်တာတစ်ခုရှိပါတယ် ” ကမ္ဘာကျော် Wikileaks တည်ထောင်သူ Julian Assange ပြောထားတာရှိပါတယ် Facebook တို့ Google တို့ဆိုတာ CIA နဲ့ FBI တို့ရဲ့ သတင်းပေး Sources ကြီးတွေဖြစ်တယ် ” လို့ပြောဆိုထားပါတယ်။

Jing Hpaw Land

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်