Pages

Sunday, March 3, 2013

ကျွန်တော် ပြောပြ ချင်ပါသည်

မနေ့ က တယောက်ရေးထားတာလေး ဖတ်လိုက်ရတော့ ရေး လက်စလေးတွေ ရပ်လို့ ဒါလေး ရေး လိုက်ရတာပါပဲ ဗျာ ....

( ၁ ) မြန်မာ နိုင်ငံက GDP နိမ့်ကျတယ် ဆိုပဲ

ကျွန်တော် တို့ နိုင်ငံ GDP နိမ့်တယ် လို့ ဖတ်လိုက်ရတယ် ဗျ .... ဟုတ်ကဲ့ GDP ဆိုတာဘာလဲ ... သိရော သိရဲ့လား ..... အလွယ်ပြောရရင်တော့ Gross Domestig Product ( စုစု ပေါင်း အသား တင် ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှု တန်ဖိုး ) ပေါ့ဗျာ .... အဲ့ဒါနဲ့ ပတ်သတ် လို့ ကျွန်တော် ကိုယ်တိုင်လုပ်ခဲ့ ရတာလေးတွေ ပြောပြ ချင်တာပါ .... ကျွန်တော် တို့ နိုင်ငံ ဟာ အများပြောနေသလို တပ်မတော် အစိုးရ လက် ထက်မှာ GDP မနိမ့်ပါဘူး ခင်ဗျာ ... ကျွန်တော် ကိုယ်တိုင် ၂၀၀၈ ခုနှစ် တနှစ်လုံး မန္တလေး တယက ရုံး မှာ လစဉ် GDP အစည်းဝေး တက်ခဲ့ တာပါ .... သက်ဆိုင်ရာ ဌာနအလိုက် စက်ရုံ အလုပ်ရုံ တွေ အလိုက် ၀န်ကြီး ဌာန လက်အောက်ခံ အဖွဲ့ အစည်း အလိုက် အားလုံး တက်ရပါတယ် ... မှန်းချေ မန္တလေးတိုင်း တွင်းက ဌာနအသီးသီးက လူ ခုနှစ်ဆယ် ခန့်ပေါ့ဗျာ .... အဲ့မှာ ဘာတွေ လုပ်ရလဲ ဆိုတော့ တခု ကနေအရင် စပြောမယ် ဗျာ ....

GDP တွက်တဲ့ အခါမှာ ကဏ္ဍကြီး ( ၁၄ ) ခုနဲ့ တွက်ပါတယ် ... ပြောရရင်တော့ လယ်ယာ ၊ သားငါး ၊ သစ်တော ၊ သတ္တု ၊ စက်မှု ၊ လျပ်စစ် ၊ဆောက်လုပ်မှု ၊ စွမ်းအင် ၊ ဆက်သွယ်ရေး ၊ ကုန်သွယ်ရေး ၊ ငွေရေးကြေးရေး ၊ ပို့ဆောင်ရေး ၊လူမှု ရေးနှင့် စီမံ ခန့် ခွဲရေး ၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု လုပ်ငန်း ပေါ့ဗျာ ....  ကဏ္ဍ အလိုက် နှစ်စဉ် ကုန်ထုတ်လုပ်မှု တန်ဖိုး တိုးတက်အောင် ကြိုးစား ရပါတယ် ..... လျာထားချက်ကလဲ တနှစ်ထက် တနှစ် တိုးလာပါတယ် .... တိုးလာတာကို မှီအောင် လိုက်လုပ်ရပါတယ် ..... နားလည်အောင် ပြောမယ် ဆိုရင် လယ်ယာ  ကဏ္ဍ အနေနဲ့ ( ဥပမာ ) ဒီနှစ် မန္တလေးတိုင်းက စပါး တင်း တရာ ထွက်ရင် နောက် နှစ် ၁၁၀ ထွက်အောင် ကြီုး စားရပါတယ် .... ဘယ်လို ကြီုးစားလဲ မေးစရာရှိလာမယ် .... မြေလွတ်မြေရိုင်းတွေ ဖော်ပါတယ် ..... ရေ ရနိုင်ဖို့ ကြိုးစားရပါတယ် ..... နည်းပညာ ဖြန့်ဝေနိုင်ဖို့ ကြိုးစားရပါတယ် ..... နှစ်သီးစိုက်နိုင်တဲ့ နေရာမှာ သုံးသီး စိုက်နိုင်ဖို့ ကြိုး စားကြရပါတယ် ..... အစည်းဝေးမှာ ဒါတွေ ကို ပေါင်းစပ် ညှိ နိုင်း တိုင်ပင်ကြတာဖြစ်ပါတယ် ..... 
 
သားငါး  ကဏ္ဍ ... ထိုနည်း လည်းကောင်းပါပဲ ..... ကုန်ထုတ်လုပ်မှု တန်ဖိုးတွေ တိုးတက်လာအောင် ကြံ ရဖန်ရတယ် ... ကြိုးစားရပါတယ် .... လိမ်လို့မရပါဘူး .... စာထဲမှာတင် တင်ပြလို့မရပါဘူး .... လိမ်လိုက်ရင်  နောက်ဆက်တွဲ စာရင်းစစ်  audit ၀င်လာတဲ့ အခါ လိုအပ်နေတဲ့ ( ငွေ )ကုန်ထုတ်လုပ်မှု တန်ဖိုး ကို ဘယ်သူလျော်မှာလဲ ... အခန့်မသင့် ထောင်တောင် ကျနိုင်တယ်လေ .... နိုင်ငံ တော် အဆင့် လိမ်လည်မှု ဖြစ်သွားမယ် ..... အစည်းဝေးမှာ တင်ပြ တဲ့ အရာတွေ ဟာ နိုင်ငံ တော် အဆင့် အစည်းဝေးတွေ ထိရောက်လို့ဖြစ်ပါတယ် ....

စက်ရုံ တစ်ရုံ
( ဥပမာ ) ဒီနှစ် တလ ၁၀.၀ သန်းဖိုး ထုတ်နိုင်ရင် နောက်နှစ် လျာထား ချက် ဟာ ၁၀.၁ သန်းဖိုး ဖြစ်ပါတယ် .... ရအောင် ထုတ်ရတယ် ... ကုန်အောင် ရောင်း ရပါတယ် .... ရအောင် ထုတ်ဖို့ လူလိုရင် လူ ထပ်ခန့် ရတယ် ... အလုပ်ချိန် အဆိုင်း တွေ ထပ်ထည့် ရတယ် .... စက်လို ရင် စက် ထပ်ဖြည့်ရတယ် ..... လျာထား ချက်ပြည့် မှီကျော်လွန်ရေး ဆိုတဲ့ အသုံးနှန်း ကြား ဖူး ကြမှာပါ .... တကယ်လဲ လျာထား ချက်ပြည့် မှီကျော်လွန် အောင် လုပ်ကြရပါတယ် ..... 

လျပ်စစ်  ကဏ္ဍ
.... ထို အတိုင်းပါပဲ ခင်ဗျာ ... ဒီနှစ် လျပ်စစ် က ၀င်ငွေ ( ဥပမာ ) ၁၀၀ ရှိနေရင် နောက် နှစ် ၁၁၀ ရအောင် လုပ်ရပါတယ် .... ရအောင် ဘယ်လို လုပ်လဲ .... မီး ပိုပေး နိုင်အောင် လုပ်ရတာပေါ့ဗျာ .... ရေအား လျပ်စစ်အတွက် ဆည်တွေ ဆောက်တာ ၊ မီးစက် တွေ ဂျင်နရေ တာတွေ ၀ယ်တာ ပေါ့ ....  ဒီနည်းတွေ သုံး ခဲ့ ကြပါတယ် .... တနှစ် ထက် တနှစ် တိုး တက်အောင် လုပ်ကြပါတယ် ... တကယ်လဲ တနှစ် ထက် တနှစ် တိုး တက်ပါတယ် .... ဘာကြောင့် ပြောနိုင်တာလဲ ဆိုတော့ သာမန်လူတယောက် မီး လာချိန် ပျက် ချိန်မှတ်တမ်း မရှိပါဘူး .... ကျွန်တော် တို့ မှာ မှတ်တမ်းတွေနဲ့ တကွ လုပ်တာမို့လို့သာ သိတာ ဖြစ်ပါတယ် ......

ကျန်တဲ့  ကဏ္ဍ တွေလဲ ထိုနည်း လည်းကောင်းပါပဲ ခင်ဗျာ ..... တိုး တက်အောင် မဖြစ်မနေ လုပ်ကြရတာဖြစ်ပါတယ် .... လျာထား ချက် မပြည့်မှီလို့လဲ မရ သလို မကျော်လွန်လို့လဲ မရပါဘူး ...... မသိဘဲ နဲ့ လဲ မပြောစေချင်ပါဘူး ... တိုင်းတပါး က ပြောတာတွေ နဲ့ တင် လျှောက်ပြောနေတော့ မ ကောင်းဘူးပေါ့ဗျာ ..... ကျွန်တော် တို့က တကယ်လုပ်ခဲ့ ရတဲ့ သူတွေ မို့ လို့ ဒီလို မဟုတ်ကဟုတ်က လျှောက်ပြောနေတာတွေ တွေ့ နေရတော့ ရယ်ချင်တယ်ဗျာ ....

( ၂ ) မတိုးတက်ဘူး ဆိုပဲ

ကဲ ဗျာ ... ဒါလေးရော ပေါ့ ... ကျွန်တော် တို့ နိုင်ငံ တပ်မတော် အစိုးရ ခေတ်မှာ တိုး တက်လား မတိုး တက်ဘူးလား .... တကယ် တတ်သိနား လည်တဲ့ သူတွေ က နားလည်ပါတယ် .... အမှန်တကယ်လဲ တိုး တက်ပါတယ် .... အချို့ အချက်လေးတွေ ကျွန်တော် ထုတ်ပြမယ်ဗျာ ..... ဆုံး အေင် ဖတ်ပေးကြပါဦး ....

( က ) လမ်း ပမ်း ဆက်သွယ်ရေး ။   ။ ကျွန်တော် တို့ နိုင်ငံ ဟာ ၁၉၄၈ ကနေ ၁၉၈၈ ထိ တိုး တက်မှု တွေ ဟာ အရပ် သား အစိုး ရလက် ထက် တိုး တက်မှု မရှိသလောက်ရှားပါတယ် ..... ကား လမ်း ရထား လမ်း များ ထောက်လုပ်ခဲ့ ခြင်း တွေ ကို အိမ်စောင့် အစိုးရနဲ့ တော်လှန်ရေး ကောင်စီ လက်ထက် တွေမှာ သာ အကောင် အထည်ဖော်ခဲ့ ပါတယ် ..... နောက် စစ်အစိုး ရလက် ထပ်ပေါ့ဗျာ .... အမြဲ တမ်းသွားကား လမ်း အရှည် မိုင် ထောင်နဲ့ ချီပြီးတော့ ဖောက်လုပ်ခဲ့ ပါတယ် .... ရထား လမ်း အရှည် မိုင် ထောင်နဲ့ ချီပြီး တော့ ဖော်လုပ်ခဲ့ ပါတယ် ..... ယခင် ဇက် ကူး တို့ နေရာ တွေမှာ တံတား ကြီး တွေ ဆောက်လုပ်ပေးခဲ့ လို့ ကုန် စည် စီးဆင်းမှု တွေ မြန်ဆန် လျှင်မြန်ခဲ့ ပါတယ် ..... ရထာလမ်း များယခင်ထက် ပိုမို ဖောက်လုပ်နိုင်ခဲ့ လို့ ကုန်ကျစရိတ်နည်းနည်း နဲ့ ကုန်စည်တွေ ကို ပိုမို ပို့ဆောင်နိုင်ခဲ့ ပါတယ် ..... တံတား များ များ စွာ ဆောက် လုပ်နိုင်ခဲ့ လို့ ယခင် ဇက် ကူး တို့ ကူး ချိန် ၊ ကုန်စည်များ ကဲ့ ချိန်နှင့် ကုန်ကျစရိတ် တို့ များ စွာ သက်သာခဲ့ ရပြီး ကုန်ဈေးနှန်း ကိုလဲ အထိုက်အလျောက် ထိမ်းသိမ်းနှိင်ခဲ့ ပါတယ် .... ( ဥပမာ ) လမ်းတွေ ဗျာ .... ပြင်ဦးလွင် အတက်လမ်း နှစ်လမ်းသွား ဖြစ်နေတာကြာပြီ ... တောင်ကြီး အတက်လမ်း ယခင်ထက် နှစ်ဆကျော်ကျယ်သွားပြီ ..... ရန်ကုန် မန်းလေး အမြန်လမ်းမကြီး ကနေ အချိန်ကုန် သက်သာစွာနဲ့ လွယ်ကူ လျှင်မြန်စွာသွားလာနိုင်ပြီ ...... တံတားတွေ ထိုးလိုက်တဲ့ အတွက် ယခင် ၉ ၊ ၁၂ နှစ်ချိန်သာထွက်တဲ့ ဇက်တွေ ကို အစားထိုးနိုင်ခဲ့တယ် ...  ဇက် ဆိုတာ မြင်ဘူးတဲ့ သူတွေ ရှိမှာပါ ..... ကားလေးတွေ အတွက် ဖင်နဲ့ တက်ရတာ ဖြစ်လို့ အင်မတန် လဲ အန္တရယ်များ ပါတယ် .... ဧရာဝတီ မြစ်ကို အချိန် နှစ်ရာရီ လောက်ယူပြီး ကူးပါတယ် ..... အဲ့ အချိန်ကုန် ငွေ ကုန်တာတွေ အများကြီး သက်သာသွားတယ်ဗျာ .... အများကြိးပါဗျာ ..... ပြောပြလို့ မကုန်နိုင်ပါဘူး ..... ဒါတွေ ဟာ တိုး တက်မှု တွေ မဟုတ်ဘူး လား ခင်ဗျာ .....

( ခ ) လယ်ယာ ။   ။ ယခင် လယ်သမားနဲ့ ယခု လယ်သမား ဘ၀ ကွာ ခြား ချက်များ ကိုကြည့်လျှင် သိနိုင်ပါတယ် ..... ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံ တွင် သီးထပ် သီး ညှပ် စိုက်ပျိုး နိုင်သော ကြောင့် လယ်သမား တို့ ဘ၀ များ စွာ ဖွင့်ဖြိုးတိုး တက်လာခဲ့ ရတာ မျက်မြင်ကိုယ်တွေ့ တွေ ပဲ ဖြစ်ပါတယ် ..... တနှစ်ပတ်လုံး ရေ ရရှိစေရေး အတွက်  မြစ်ရေ တင်စီမံကိန်းတွေ ၊ ရေနက်တွင်း ဖော်ဆောင်မှု စီမံကိန်းတွေ ၊ ဆည်မြောင်း တွေ ၊ ရေလွှဲဆည်တွေ ၊ တူးမြောင်းတွေ များစွာ အကုန်ကျခံ ဖောက်လုပ်ခဲ့ တဲ့ အတွက် တနှစ်ပတ်လုံး စိုက်ပျိုးနိုင်တဲ့ အခြေ အနေ ဖြစ်လာ ပါတယ် .... တောင်သူလယ်သမား တို့ ဘ၀ ၊ နေထိုင်မှု အဆင့်အတန်း တိုးတက်မြင့် မား လာခဲ့ပါတယ် .... ဒါတွေဟာ မျက်မြင် တိုးတက်မှုတွေဖြစ်ပါတယ် ......

( ဂ ) ပညာရေး ။   ။ တက္ကသိုလ်ကျောင်းများ တိုးတက်လာပါတယ် ..... ရွာများ မှာ ပါ မူလတန်းကျောင်း ၊ မူလွန်ကျောင်း စသဖြင့် ပေါ်ပေါက်လာတဲ့ အတွက် စာတက်မြောက်မှု ယခင် အခြေအနေများထက် အများကြီး ပိုလာပါတယ် ..... ယခင် လို မြို့ တွေ ထိ သွားရောက်ပညာသင်ကြား စရာမလိုတော့ တဲ့ အတွက် မိဘတွေ အနေနဲ့ လဲ ရင် အုတ်မကွာ စောင့် လျှောက်နိုင်တဲ့ အခြေအနေထိ တိုးတက်လာခဲ့ပါတယ် ..... ကျွန်တော် ကြားဘူးခဲ့တာ တစ်ခုပေါ့ဗျာ .... ကျွန်တော့် မိဘများ လက်ထပ် တုန်းက ဆိုရင် ရန်ကုန်၊ မန်းလေး ၊ ပုသိမ် ၊ မိတ္ထီလာလောက်တွေမှာ သာ အဆင့်မြင့် ပညာရေး စနစ် တွေ ကို သင်ကြား နိုင်ပါတယ် ... ပြောရမယ် ဆိုရင် ၀ိဇ္ဖာ သိပ္ပွံ တက္က သိုလ်တွေ ၊ ဒီဂရီ ကောလိပ်တွေ ပေါ့ဗျာ ..... တက်ချင်ရင် မြန်မာနိုင်ငံ တနံ တလျား ကနေ လာတက်ကြရပါတယ် ..... ခုဆိုရင် ဘယ်လောက်တောင် လွယ်ကူလဲ ဗျာ .... ကျောင်းတွေ က ( အကုန်လုံး မဟုတ် ) မြို့ ပြင် ရောက်နေပေမယ့် အဲ့ခေတ်တွေ ထက် အများ ကြီး ချောင်လည်စွာ ပညာ သင်ကြားလာနိုင်ပါတယ် ..... ဒါတွေ က တိုး တက်မှု တွေ မဟုတ်ဘူးလား ခင်ဗျာ ...... ( မှတ်ချက်။  ။ သင်တဲ့ စာကို တကယ် စိတ်ပါဝင်စားစွာ ကျက်မှတ်လေ့လာတဲ့ သူကတော့ တကယ်တတ်မှပေါ့ဗျာ .... အဲ့လို မှ မဟုတ် အီးရော အီးရော နဲ့ အောင်လာတဲ့ ကောင် ဆိုရင် တော့ တကယ် ဘယ်တက်မလဲ နော့ .... )

( ဃ ) အထွေထွေ ။   ။ ဒါလေးကတော့ ဖြည့် စွက်ပေါ့ဗျာ .... ကျွန်တော်တို့ နိုင်ငံမှာ စက်ရုံ အလုပ်ရုံ တွေ စီမံ ကိန်း တွေ လုပ်နေပါတယ် .. ယခင်ကလဲ လုပ်ခဲ့ ပါတယ် ....  ခုလဲ လုပ်နေပါတယ် ..... အဲ့မှာ တခုပြောစရာ ရှိတာက စီမံ ကိန်း တစ်ခု ပရောဂျက် တစ်ခု လုပ်ရင် လေထဲ တိုက်အိမ် ဆောက်လို့မရပါဘူး ... မြေလို ပါတယ် ..... ( ဥပမာ ) စက်ရုံ တစ်ရုံ ဆောက်တယ်ပေါ့ဗျာ ... အကောင်း မြင်လေးနဲ့ ကြည့် ရအောင် .... ဒေသခံ ပြည်သူတွေ အလုပ်အကိုင်ရမယ်ဗျာ ... ယခင် မကိုင်တွယ်ခဲ့ ဘူးတဲ့ စက်ပစ္စည်း ကိရီယာတွေ ကို ကိုင်တွယ် ရတဲ့ အတွက် လူ့ စွမ်းအား အရင်း အမြစ် ( HR ) တိုးတက်မယ်ဗျာ ..... ကိုယ့် နိုင်ငံ တွင်းမှာ ထုတ်လုပ်တဲ့ အတွက် စရီတ်စက နည်းနည်း နဲ့ ၀ယ်ယူ အသုံးပြု နိုင်မယ်ဗျာ ..... တခု လိုချင်ရင် တခု တော့ ပေးဆပ်ရမှာ ပေါ့ဗျာ .... လိုချင်ရုံပဲ ရှိပြီး မပေးဆပ်ချင်ရင် တော့ ဘယ်ရမလဲ ....

နောက် လျှပ်စစ်မီး လိုချင်ကြတယ် ပေါ့ဗျာ ... ကျွန်တော် တို့ နိုင်ငံဟာ စူပါ ပါဝါ နိုင်ငံ မဟုတ်တဲ့ အတွက် နူကလီးယား ဓါတ်အား ပေး မရှိပါဘူး ..... ရေ အား လျှပ်စစ်ပဲ ရှိပါတယ် ... ရေအား လျှပ်စစ်မှာ မှ မြစ်ချောင်းတွေဟာ တနှစ် ပတ်လုံး အရှိန်မပြတ် စီးဆင်းနေတာမဟုတ်ပါဘူး .... အဲ့တော့ တနှစ်ပတ်လုံး မီးပေးနိုင်ဖို့ ဆည်တွေ နဲ့ ရေ ကို လှောင်ထားရမယ် .... ဆည်ဆောက်ပီ ဆိုကထဲ က သူ့ ရဲ့ ရေ၀င်ရေလဲ ဧရီယာ အတွင်းမှာ ရှိနေတဲ့ ရွာတွေ ၊ စိုက်ခင်းတွေ ၊ ကိုးကွယ်မှု ဆိုင်ရာတွေ ရွေ့ပြောင်းရမှာ ပဲ ဖြစ်ပါတယ် .... အဲ့ ဒါတွေ မရွေ့ ချင်လို့ မရပါဘူး .... လူ ဦး ရေ သန်းနဲ့ ချီပြီး အကျိုး ရှိဖို့ အတွက် ဖြစ်ပါတယ် .....

နောက်တစ်ခု အနေနဲ့ ကတော့ ကျွန်တော်တို့ နိုင်ငံဟာ ဘာသာရေး ကိုင်းရှိုင်း ရီုသေကြတဲ့ တိုင်းရင်းသား ညီ အကိုမောင် နှမတွေ စုစည်းနေထိုင်ကြတာဖြစ်ပါတယ် .... လက်ညှိးထိုးမလွဲ စေတီပုထိုး ပေါများပါတယ် ..... တောင်ထိပ်တိုင်းမှာ ရှေး ဘေးလောင်းတော် ဘိုးလောင်းတော် များ တည်ထားကိုးကွယ်ခဲ့ တဲ့ စေတီပုထိုး များ ရှိပါတယ် ..... ပရော ဂျက်တစ်ခု လုပ်ရင် အနည်းနဲ့ အများ တော့ ဒီလို ဘာသာရေး ဆိုင်ရာ အဆောက်အဦ တွေနဲ့ ပတ်သတ် ( သို့မဟုတ် ) မလွတ် ကင်း တာတွေ ဖြစ်နိုင်ပါတယ် ..... အဲ့ဒါကိုမှ မလုပ်ရဘူးဆိုရင် လဲ ကျွန်တော်တို့ နိုင်ငံမှာ လုပ်စရာမြေတောင် မရှိတော့ ပါဘူး ..... သေချာတွေးကြည့်ပါ ..... နားလည်စေချင်ပါတယ် .....
 
ပြောမယ် ဆို၇င် တစ်ထောင့် တစ်ည ၀တ္တုလို အများ ကြီးပါ ခင်ဗျာ .... တပ်မတော် အစိုးရအနေနဲ့ တကယ်လက်တွေ့  ဘယ်လိုတွေ လုပ်ခဲ့ ရလဲ .... ဒီလမ်း ၊ တံတား ၊ ကျောင်း ၊ ဆေးရုံ ၊ လေယာဉ်ကွင်း ၊ သင်္ဘော ဆိပ်များ ၊ ဘူတာရုံများ ၊ ၄င်းတို့ အတွက် လိုအပ်သော အဆင့် မြင့် ဆက်စပ်ပစ္စည်း များ ၊ စသဖြင့်ပေါ့ဗျာ ... မိဘပြည်သူတွေ အဆင်ပြေချောမွေ့စေရေး ၊ လူနေမှု ဘ၀ တိုးတက်စေရေး အတွက် နိုင်ငံတော် ကနေ အများကြီး အကုန်အကျခံ တည်ဆောက်ပေးခဲ့ တယ်ဆိုတာ ကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး ခင်ဗျာ ...... ကျေးဇူးတင်စေချင်တာ မဟုတ်ပါဘူး .... ငါ့စကား နွားရ ပြောတာထက် အမြင်ကြည်လင်စွာနဲ့ ခွဲခြား ဝေဖန်စေချင် တာသာ ဖြစ်ပါတယ် ......

တိုးတက်တယ် ဆိုတာ ဘာနဲ့( သို့ ) ဘယ်နှိင်ငံနဲ့ နှိင်းယှဉ် နေတာလဲ .... ဘာကိုမှ / ဘယ်လိုမှ တိုးတက်တယ် လို့ ပြောချင်နေတာလဲ ...... ခု ကျွန်တော် ပြောခဲ့တာတွေ ကရော တိုးတက်လာတာတွေ ပဲ မဟုတ်ဘူးလား ...... ကျွန်တော့်ရဲ့ ညီ ကို မောင်နှမတွေ အနေနဲ့ မျက်မှန်စိမ်းလေး ချွတ်ကြည့်စေချင်ပါတယ် ..... ( မှတ်ချက်။ ။ ဘ၀ရပ်တည်ရေး အတွက် မြင်သော် သိသော်လဲ တမင်တကာ အပုပ်ချနေရသော သူများ ကို ကျွန်တော် မဆိုလိုပါ )

ဆက်ပါဦးမည် ..... အမှားပါရင် ခွင့် လွှတ်ပါ .........

လေးစားစွာဖြင့်

လင်း လက် လူ



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်