Pages

Friday, March 29, 2013

ယခု ဖြစ်ပွားခဲ့သော အရေးအခင်းမှာ အစိုးရလက်ချက်ကြောင့် ဆိုတာ လက်မခံနိုင်ပါ

ကျွန်တော့်ကို ခေါင်းမာတယ် ပြောခြင်ပြော ဒီအရေးအခင်းမှာ အစိုးရလက်ချက်ကြောင့် ဆိုတာ ဒီအချက်တွေကြောင့် လက်မခံနိုင်ဘူး၊၊

(၁) အခုအစိုးရကို နိုင်ငံတကာကလည်း အသိအမှတ်ပြုနေပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အပေးအယူမျှမျှလုပ်နေပြီ၊ ဒီလိုအရေးအခင်းမျိုး အစိုးရဖန်တီးပြီး ဘာအကျိုးအမြတ်ရမှာလဲ၊၊

(၂) မင်းကိုနိုင်ကို တစ်ချိန်လုံး ထောက်ပြဝေဖန်နေရတာက၊ တကယ်ပါဝါဂိမ်း၊ Political Game တွေကစားမယ်ဆိုရင် အစိုးရ ဒီလိုအကွက်တွေနဲ့ မကစားဘူးဆိုတာလောက် မမြင်နိုင်တဲ့ လူတစ်ယောက်ဖြစ်နေလို့ ပဲ၊၊ မင်းကိုနိုင်ထက် မလျှော့တဲ့ စိုးရိမ်မူ့ မျိုးနဲ့  အစိုးရကလည်း စစ်တပ်အုပ်ချုပ်ရေး ပြန်သွားရမှာစိုးရိမ်တယ်၊၊ ပြန်မသွားခြင်းဘူး၊၊ ပြန်ပြီး သွားဖို့ အစီအစဉ်ရှိမယ်ဆိုရင် အစထဲက လူတွေဖြုတ်ထုတ်သတ်လုပ်၊ အလုပ်ရှုပ်ခံပြီး ဒီမိုကရေစီဆိုပြီး သွားနေဘူး၊၊ အစထဲက ပေခံနေရင်ပြီး၊ မင်းကိုနိုင်တို့ ထောင်ထဲထည့်ထားလည်း ရနေတာပဲ၊၊ အလုပ်ရှုပ်ခံ အပင်ပန်ခံပြီးကို သွားနေတာဟာ စစ်အုပ်ချုပ်ရေးကို မလုပ်ခြင်တော့လို့  ပြည်သူအတွက် ဒီစနစ်မကောင်းဘူးဆိုတာကို လက်ခံနားလည်လို့  အခက်အခဲ အမျိုးမျိုးကြားထဲက အပင်ပန်းခံပြီး လျှောက်နေတာ ဖြစ်တယ်၊၊

(၃) ဒီလိုမိထ္ထီလာ ဆူပူမူ့ မျိုး အစိုးရလုပ်လိုက်လို့  ဆိုးကျိုးနဲ့ကျောင်းကျိုး၊ ဘယ်ဟာ ပိုများမလည်း လူတွေ မစည်းစားနိုင်ကြဘူး၊၊ ဒီလိုဆူပူသွေးထိုးလှုံ့ ဆော်ကြိုးကိုင်လို့  အစိုးရမှာ ဘာအကျိုးကျေးဇူးများ ရှိနိုင်မယ်လို့ များထင်နေကြလို့ လဲ မသိဘူး၊၊လူတွေက အစိုးရလုပ်တာ ဖြစ်နိုင်တယ်၊၊ အစိုးရ သွေးထိုးတာ ဖြစ်နိုင်တယ်ပြောပြီးသာရပ်သွားကြတယ်၊၊ အစိုးရဘာကြောင့်လုပ်မှာလဲ၊ ဘာရည်ရွယ်ချက်တွေကြောင့်ဖြစ်နိုင်လဲ၊ ဒီလိုလုပ်လို့  ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်မလဲဆိုတာ ဘယ်လိုလူတစ်ဦးတစ်ယောက်ကမှ ချပြသုံးသတ်တာမတွေ့ ရဘူး၊၊

(၄) ဒီပဋိပက္ခဖြစ်စဉ်တွေနဲ့ ကောလဟာလ ဆက်ပြန့် ကားမူ့ တွေမှာ တကယ်ဆို လူတွေရဲ့  ကျိုးကြောင်းဝေဖန် သုံးသတ်နိုင်မူ့ အားနည်းတာ၊ သတင်းထူး သူ့ ထက်ငါ့ဖြန့် ဝေခြင် တဲ့အချက်တွေကြောင့်လဲ ပါဝင်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ဘူး၊၊

ဥပမာ ဖေ့ဘွတ်မှာ လူတွေက ဖေ့ဘွတ်အကောင့်ပိတ်မှာဖြစ်တဲ့အတွက် ဒီသတင်းကို လက်ဆင့်ကမ်းပါဆိုတာလည်း မြိန်ရေရှက်ရေဖြန့် ကြတာပဲ၊ တကယ်ပိတ်နိုင် မပိတ်နိုင် မစဉ်းစားနိုင်ကြတာ လူများစုဖြစ်နေတယ်၊၊ နောက် လေဖြတ်ရင်ပြုစုနည်းဆိုတာကို ဆရာဝန်တွေတောင်ဖြန့် ကြတယ်၊၊ ဖေ့ဘွတ်ပေါ်မှာ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ သူက တကယ့်ကိုလူနည်းစုဖြစ်တဲ့အတွက် မီးများမီးနိုင်သွားတာဖြစ်တယ်၊၊

(၅) ပြည်သူတွေ သတိထားရမှာက သမ္မတကြီးအနေနဲ့  ဒီမိုကရေးစီကို ဖေါ်ဆောင်ရာမှာ ဒဏ်ရာဒဏ်ချက်တွေပြည့်နှက်ပြီး၊ မ၀ံ့မရဲဖြစ်နေတဲ့ ပြည်သူကိုလည်း စည်းရုံးနေရတဲ့အပြင် အစိုးရအဖွဲ့ ထဲမှာကိုက အပေါ်ယံသာပြောင်းပြပြီး လိုက်မပြောင်းနိုင်ကြတဲ့ သူတွေ အများစုကြောင့် ခရီး အရမ်းဖင့်နေတာမျိုးတွေ တွေ့ နေရတယ်၊၊ ပြည်သူကလည်းပြောင်းခြင်၊ သမ္မတနဲ့ လူတစ်ချို့ (ဥပမာ ဦးစိုးသိန်း ဦးအောင်မင်း ) ကြိုးစားနေတဲ့အချိန်၊ ဌာနဆိုင်ရာတော်တော်များများ ဒီအပြောင်းအလဲကို မလိုက်နိုင်ကြသေးဘူးဖြစ်နေတယ်၊၊ မပြောင်းတာ သူတို့ တွေ ဖြစ်နေတယ်၊၊ ဒါကို ပြည်သူတွေက ပါးပါးနပ်နပ်နဲ့  ပြောင်းပစ်ရမယ်၊၊

(၆) ဒီလောက် ခေတ်မှီတိုးတက် ပြီး ဖုန်းတွေ ကင်မရာတွေ ပေါနေတဲ့ခေတ်ကြီးမှာ ခုသွေးထိုးလှုံ့ဆော်တဲ့ဖြစ်ရပ်တွေကို ပြည်သူတွေကိုယ်တိုင် မှတ်တမ်းတင် မဖေါ်ထုတ်နိုင်တာကိုကလည်း ထူးဆန်းနေတယ်၊၊ တကယ်ဆို အစိုးရ ဘယ်လိုညွန်ကြားလို့  ဘယ်ရပ်ကွက်ထဲက ဘယ်သူတွေ ဘယ်ကားတွေ၊ ဘယ်လိုဆိုင်ကယ်တွေနဲ့ ဆိုတာ ဖေါ်ထုတ်နိုင်ရမယ်၊၊ အဲဒါမျိုးကိုသာ အထောက်အထားခိုင်ခိုင်လုံးလုံနဲ့ ရှာဖွေဖေါ်ထုတ်နိုင်ရင် နိုင်ငံလုံးကျွတ်သပိတ်ဆင်နွဲသင့် ဆင်နွဲရမယ်၊၊ ဒီလိုပုံတွေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့  ဖေ့ဘွတ်တွေပေါ်တက်လာသင့်တယ်၊၊

(ရ) တစ်ချိန်က မီဒီယာ လွတ်လပ်ခွင့် မရှိလို့  ကောလဟာတွေ ရှိရပါတယ်ဆိုတဲ့ စတ္တုထ မဏိုင်ကြီးများလည်း သတိထားသင့်တယ်၊၊ဒီလောက် လွတ်လပ်ခြင်တိုင်း လွတ်လပ်စွာဖေါ် ထုပ်နေနိုင်တဲ့ ခေတ်မှာ ပြန့် လွင့်နေတဲ့ ကောလဟာလက ပိုကြီး ကြောက်စရာကောင်းနေတယ်၊၊ သတင်းကို သယ်ဆေင်တဲ့ စနစ်ကိုယ်တိုင်က လူထုဖြစ်ပြီး ၊ အဲဒီလူထုအများစုကိုယ်တိုင်က ဝေဖန်ပိုင်းခြား၊ ကြိုးကြောင်းဆီလျှော်အောင် မတွေးခေါ် မသုံးသတ်နိုင်ကြလို့  ဒီလိုအဖြစ်မျိုးတွေ ဆက်တိုက်ဖြစ်နေရတာလို့ ပဲ သုံးသပ်ခြင်ပါတယ်၊၊
Red Angel


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်