Pages

Sunday, March 17, 2013

ဒို့တာဝန် အရေးသုံးပါး နှင့် နိုင်ငံသားတို့ တာဝန်


ကျွန်တော်တို့ နိုင်ငံ သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် နေထိုင်လာခဲ့ သည် မှာ ရှေးနှစ်ပေါင်း များစွာကတည်းက ဖြစ်သည်။စာပေနှင့် သမိုင်း မှတ်ပုံတင်ခဲ့ သော ခေတ်များ ကိုကြည့် လျှင် ပုဂံ ခေတ်မှ စတင်ရမည် ဖြစ်သည်။ " ပု ၊ ပင်း ၊ အင်း ၊ တောင် ၊ ညောင် ရမ်းနောင် ၊ ကုန်းဘောင် နှစ်ခေတ်ခွဲ " ဟု အဆို ရှိပေသည်။ သို့ရာတွင် မြန်မာနိုင်ငံကို အင်အား ကောင်းမွန် စည်းလုံး ညီညွတ်စွာ စုစည်း နိုင်ခဲ့သော ခေတ်များ ကိုပြန်ကြည့် လျှင် အနော်ရထာ ၏ ပုဂံခေတ် ၊ ဘုရင့်နောင်၏ တောင်ငူခေတ် ၊ အလောင်းမင်းတရားကြီး ၏ ကုန်းဘောင်ခေတ် နှင့် ယနေ့ခေတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကို တွေ့ ရှိရမည် ဖြစ်ပေ သည်။

ကျွန်တော်တို့ နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသော တိုင်းရင်းသား ၁၃၅ မျိုး အေးအတူ ပူအမျှ စုစည်း နေထိုင်ကြသော ပြည်ထောင်စု နိုင်ငံ ဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်သည်။ ထို တိုင်းရင်းသား အပေါင်းသည် ရှေးနှစ်ပေါင်း များစွာ ကပင် အေး အတူ ပူအမျှ ချစ်ခင် လေးစား စည်းလုံးညီညွတ် စွာဖြင့် ဤ နိုင်ငံတော်ကြီး တွင် မှီတင်းနေထိုင်ခဲ့ ကြသည်။ ခေတ် အဆက် ဆက် တိုင်းတပါး ကျူးကျော်မှုများ ကိုလည်း အတူတကွ လက်တွဲပါဝင် တိုက်ခိုက် ခဲ့ ကြသည်။ ထိုတိုင်းရင်းသား ၁၃၅ မျိုး စည်းလုံး ညီညွတ်စွာ ဖြင့် အတူတကွ လက်တွဲ နေထိုင်သော နိုင်ငံသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပင် ဖြစ်ပါသည်။
 
တပ်မတော်သည် ပြည်သူ့ တပ်မတော် တစ်ရပ် အနေဖြင့် ကျဉ်းမြောင်းသော လူမျိုးရေး အမြင်ကို လက်ကိုင်ထား၍ ပြည်ထောင်စု ပြိုကွဲစေလိုသူ သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့အစည်း တို့ကို ၄င်း ၊ တိုင်းတပါး သွေးထိုးလှုံ့ဆော်မှုကြောင့် အမြင်မှား လမ်းမှားလိုက်၍  ပြည်ထောင်စု ပြိုကွဲစေလို သူ  သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့အစည်း တို့ကို ၄င်း ၊ လက်နက်ကိုင် လမ်းစဉ်ဖြင့် ကိုယ်ကျိုးရှာ စီးပွားရေး သမား ဘိန်းမှောင်ခိုများ ကို၎င်း တိုက်ခိုက် ချေမှုန်းခဲ့ ခြင်းများ မှာ ပြည်ထောင်စု မပြိုကွဲ ရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှု မပြိုကွဲ ရေး ၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲ ရေး နှင့် ပြည်သူလူထု တစ်ရပ်လုံး တပြေးညီ အေးချမ်းသာယာ၍ တပြေးညီ ဖွံ့ဖြိုး တိုးတက် စေရေး တို့အတွက် သာ ဖြစ်ကြောင်းလည်း သိရှိ နားလည် ပြီး ဖြစ်ပါမည်။

သို့ရာတွင် ယနေ့ ခေတ်ကာလ ပြောင်းလဲလာသည်နှင့် အမျှ တိုးတက်လာသော နည်းပညာပိုင်းဖြင့် ၄င်း ၊ စာအုပ်စာပေ၊ စာနယ်ဇင်း နှင့် ဂျာနယ် အချို့မှ ၄င်း တိုင်းပြည် ဆူပူနေစေရေး ၊ အေးချမ်း သာယာမှု မရှိစေရေး အနှောင့်အယှက်ပြု သွေးထိုးလှုံ့ဆော်မှုများ ရှိနေ ကြသည် ကိုတွေ့ရှိရမည် ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာ အနေဖြင့် လက်ပန်းတောင်းတောင် ကိစ္စတွင် စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ အစီရင်ခံစာ ကို ဆန္ဒပြ ကန့်ကွက် နေသူများ နှင့် ဆူပူအုံကြွ စေရန် သွေးထိုးလှုံ့ဆော် နေကြ သူများ အား၎င်း KIA ပြဿနာတွင် တိုင်းရင်းသား ပြဿနာ တစ်ခု အနေဖြင့် တိုင်းပြည် မငြိမ်မသက် ဖြစ်စေရန် ပြည်ပမှ နေ၍ အမျိုးမျိုး မီးထိုး ပေးနေသူများ အား၎င်း ပြရမည် ဖြစ်သည်။ ထိုသူတို့၏ ရည်ရွယ်ချက် ရည်မှန်းချက် မှာ မည်သို့နည်း ။ကျွန်တော်တို့၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ခေတ်မှီဖွံ့ဖြိုးတိုး တက် လာမည် ကို ၊ အေးချမ်းသာယာ နေမည် ကို မနာလိုမရှုစိမ့်နိုင်ဘဲ အနှောက်အယှက် ပေးလို ခြင်းသာ ဖြစ်ကြောင်း နှင့် မည်သူသေသေ ငတေ မာလျှင် ပြီးရော ၊ တိုင်းပြည် ဖြစ်ချင်ရာ ဖြစ် မိမိ ထောက်ပံ့ကြေး ရနှေလျှင် ပြီးရော ဆိုသူများ သာ အများစု ဖြစ်ကြောင်း ခေတ်ပညာတတ် လူငယ်တိုင်း ဆင်ခြင် တွေးတော နားလည် သိရှိနိုင်ကြ စေလိုခြင်း နှင့် တိုင်းရင်းသား ပြည်သူတရပ်လုံး၏ ဒို့တာဝန် အရေးသုံးပါး ဖြစ်သော -

( ၁ ) ပြည်ထောင်စု မပြိုကွဲ ရေး

( ၂ ) တိုင်းရင်းသားစည်းလုံးညီ ညွတ် မပြို ကွဲ ရေး

( ၃ ) အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး   တို့အား လက်တွဲ ခိုင်မာသော စည်းလုံးညီ ညွတ်မှုဖြင့် ကာကွယ်နိုင်စေခြင်း အလို့ငှာ ရေးသား တင်ပြ အပ်ပါသည်။

သူရ ထက်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်