Pages

Friday, March 29, 2013

နည်းပညာ ဖလှယ်ရေး အစီအစဉ် တရုတ်က ရှရှားထံမှ ဆူခွိုင်း တိုက်လေယာဉ်များ ၀ယ်



တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ တို့အကြားချစ်ကြည်ရေး အရှည်   တည်တံ့ခိုင်မြဲရန်နှင့်၂နိုင်ငံတပ်မ တော်အကြား အကျိုးတူပူးပေါင်း  ဆောင်ရွက်ဆောင်ရွက်မှုများမြှင့်   တင်နိုင်ရန် အလိုငှာ စစ်ဘက် ဆိုင်ရာ နည်းပညာများဖလှယ် ရေး အစီအစဉ်အဖြစ် ရုရှားနိုင်ငံ ၏ခေတ်ရှေ့ပြေးမဟာ ဗျူဟာ မြောက် တိုက်လေ ယာဉ်များဖြစ် သည့်ဆူခွိုင်း (ှSU-35) လေယာဉ် ၂၄စီးနှင့် ရေငုတ် သင်္ဘော ၄စီး အတွက် အမေရိကန် ဒေါ်လာ ၃.၅ဘီလီယံတန်ဖိုးရှိအရောင်း  အ၀ယ်စာချုပ်တစ်ရပ်ကို မတ်လ  ၂၂ရက်က သမ္မတ ပူတင်နှင့်သမ္မတ    ရှီကျင်ဖျင်တို့သဘောတူလက်မှတ်  ရေးထိုးခဲ့ကြသည်။ ယခုသဘော  တူချက် မှာနှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ    ၁၀နှစ်တာကာလအတွင်း ပထမ  ဆုံးအကြိမ်ကြီးမားသည့်လက် နက် အေ ရာ င်း အ ၀ယ်စာချုပ်တစ်ရပ် ဖြစ်သည်။

ထို့အပြင်တရုတ်သည် ရုရှား    နိုင်ငံထံမှ စစ်ဘက်ဆိုင်ရာအဆင့် မြင့် စစ်လက်နက်ပစ္စည်း (Military Hardwarce) အမြောက် အမြားဝယ်ယူရန် အစီအစဉ်ရှိပြီး၊    ထိုစစ်လက်နက်ပစ္စည်းများ၏ နည်းပညာ (Soltwarce) များ ကိုလေ့လာပြီး ပြည်တွင်း၌ထုတ် လုပ်သွားရန် အစီအစဉ်ရှိကြောင်း  လည်း စစ်ရေးအကဲခတ် (Military anatysts)များကပြောကြား  သည်။

လက်ရှိအခြေအနေတွင် တရုတ်သမ္မတကြီး ရှီကျင့်ဖျင် သည် တပ်မတော်ကာကွယ်ရေး   ဦးစီးချုပ် (commander in hiaf of PLA) ဖြစ်သကဲ့သို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော် မရှင် ဥက္ကဋ္ဌ (Chairmam of Chira’s Central Military Commissian)လည်းဖြစ်ပြီး၊လက်ရှိလူ ငယ်စစ်ခေါင်းဆောင်များအား    အ ရည် အသွေးမြင့် မားပြီး ကွန်မြူ  နစ်ပါတီ၏ လက်ဆင့်ကမ်းတာဝန်   များကိုအဆင့်ဆင့် ပုခုံးပြောင် တာ ၀န် ထမ်းဆောင်နိုင်ရန် မြေ တောင်မြှောက်ပေးသွားရန်ကြိုး ပမ်းနေကြောင်းသိရသည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်