Pages

Friday, March 29, 2013

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများရှိ ဒေသခံ ပြည်သူများအား လှည့်လည် ကြည့်ရှုအားပေး

 
 
မန်ကျီးကုန်း ကျောင်းတိုက် ဆရာတော်အား လှူဖွယ် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း နေစဉ်
 
မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ကယ် ဆယ်ရေး စခန်းများရှိ ဒေသခံ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
 
ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် တာဝန်ရှိ သူများသည် မန်ကျီးကုန်း ကျောင်းတိုက် ကယ်ဆယ် ရေးစခန်း၌ စေတနာရှင် အလှူရှင်များနှင့် အတူ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကား ပြောကြားကာ ကျောင်းတိုက် ဆရာတော်ထံ လှူဖွယ် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများ အတွက် အလှူရှင်များ၏ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ လှူဒါန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးသည်။
 
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ရှမ်းတဲ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကား ပြောကြားပြီး တပ်မတော် ဆေးကုသရေး အဖွဲ့မှ ကျန်းမာရေး အသိ ပညာပေး ဟောပြော နေမှုကို ကြည့်ရှု အားပေးကာ ကျန်းမာရေး ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး သည်။
 
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ရန်မျိုးအောင် ရပ်ကွက်၌ လုံခြုံရေး တပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များအား လုံခြုံရေး၊ ရပ်ကွက် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေး ဆောင် ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည် များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိပြီး တပ်မတော် ဆေးကုသရေး အဖွဲ့က ဒေသခံ ပြည်သူများအား ကျန်းမာရေး အသိ ပညာပေး ဟောပြောမှုအား ကြည့်ရှုအားပေးပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ကျန်းမာရေး၊ နေထိုင်စားသောက်ရေး စနစ်တကျ ရှိစေရေးတို့ကို တွေ့ဆုံ အမှာစကား ပြောကြားကာ လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
 
MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်