Pages

Friday, March 29, 2013

ပဲခူးတိုင်းတွင်း ဆူပူ အကြမ်းဖက် အပေါ် ရဲ မှ ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် ၂၆ ဦး ဒဏ်ရာ ရရှိ

ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီးတွင်း ဆူပူ အကြမ်းဖက်ဖျက်ဆီးမှုများအပေါ် ရဲ၏ ပစ်ခတ်နှိမ်နှင်းမှုကြောင့် စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုပြောကြားသည်။

အုပ်စုဖွဲ့ ၍ ဆူပူအကြမ်းဖက်မှုပြုလုပ်ခဲ့သည့် အတွက် ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်နှိမ်နင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု တိုင်းဒေသကြီး ရဲမှူးကြီးက ပြောသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများမှာ မင်းလှမှ ၅ ဦး ၊ အုတ်ဖိုမှ ၆ ဦး ၊ နတ်တလင်းတွင် ၆ ဦး ၊ ဇီးကုန်းတွင် ၃ ဦး ၊ ပုတီးကုန်း တွင် ၆ ဦး ဖြစ်သည်ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး အခြေအနေမှာ တည်ငြိမ်အေး ချမ်းမှုရှိအောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း ရဲမှူးကြီး ဦးမြ၀င်းက ထပ်လောင်းဆိုသည်။

မတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ပဲခူးဆူပူအကြမ်းဖက်မှုကြောင့် သာယာဝတီခရိုင်အတွင်းက မင်းလှ ၊အုတ်ဖို၊ ဇီးကုန်း ၊ကြို့ပင်ကောက် ၊နတ်တလင်းမြို့များအား ပုဒ်မ ၁၄၄ ၊ သာယာဝတီ ၊လက်ပံတန်းနှင့် မိုးညိုတို့ကို ပုဒ်မ ၁၈၈ အား အသီးသီး ထုတ်ပြန်ခဲ့သည်။
Popular Myanmar News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်