Pages

Friday, March 29, 2013

ငြိမ်းချမ်းရေး အလံ လိုင်ဇာတွင် မစိုက်နိုင်ခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ဘာလုပ်နေလဲ

 
 
ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်ပွားနေစဉ်တွင် ၄င်းတို့ အစီအစဉ် စတင်ခဲ့သည်။ စစ်ပွဲကာလ အပြီးေ လာက်ကို ခန့်မှန်းတွက်ဆကာ ရန်ကုန်မှ စလျှောက်သည့်။ အံ့သြ သင့်ဖွယ် အမြန်နှုန်းဖြင့် လိုင်ဇာသို့ ရောက်ခဲ့သည်။ သို့သော် ထိုအဖွဲ့များသည် လိုင်ဇာမြို့တွင် ငြိမ်းချမ်းရေး အလံ စိုက်ထူခွင့် မရခဲ့သလို ကချင်ပြည် နယ်ကြီး လည်း အဆိုပါ ငြိမ်းချမ်းရေး လမ်းလျှောက်သူများကြောင့် အလှူငွေများကို ကေ အိုင်အေ မိသားစုများ သုံးဖြုန်းရသည် ကလွဲ၍ ပိုမိုထူးခြားခြင်း မရှိခဲ့ပါ။
ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့သည် ရန်ကုန်မှ စတင်မထွက်ခွာခင်က လိုင်ဇာအထိ လမ်းလျှောက်ကာ ငြိမ်း ချမ်းရေး အလံ စိုက်ထူမည်ဟု ကြွေးကြော်ခဲ့ကြသည်။ ကားဖြင့် အပြေးသွားသော နေမျိုးဇင်မှ အရင် ရောက် သည်။ ဗုံးသံကြား၍ ကားဖြင့်သွားရာမှ ပြန်လှည့်သည်။ ဗုံးသံ မကြားရသည့် ကာလတွင် နောက် တစ် ကြိမ် ထပ်သွားကာ မိုင်းတောထဲတွင် ထမင်းမစားရသေး၍ ဗိုက်ဆာကြောင်း ပြောသည့် ဗီဒီယိုဖိုင် လွှင့် ခဲ့ သည်။ ၄င်းမှ စ၍ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ငြိမ်းချမ်းရေး အလံများ သယ်ဆောင်လိုက်သည်မှာ အလံပေါင်း များ စွာ ဖြစ်ခဲ့သည်။
 
ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် မည်သို့မှ သက်ဆိုင်ခြင်း မရှိသည့် ငြိမ်းချမ်းရေးအလံဟု ၄င်းတို့လုပ် ထား သည့် အလံအား ကေအိုင်အေမှ လက်မခံ။ ထမင်းကျွေး၍ ပြန်လွှတ်သည်။ အမိန့်ကတော့ ရှင်းသည်။ ၄င်း တို့ သည်လည်း လမ်းတစ်လျှောက်  အလုပ်မလုပ်ဘဲ တောင်းစားလာခဲ့သူများ ဖြစ်သဖြင့်၊ ၄င်းတို့ သယ်ေ ဆာင် လာ သည့်အလံကို လည်း လိုင်ဇာတွင် စိုက်ခွင့်မပြု။ ဒုက္ခသည် အလံ အဖြစ် ပြောင်း၍ ဒုက္ခသည် စ ခန်း တွင်သာ စိုက် စေဟု ဆိုကာ အမိန့်ချမှတ်ခဲ့သည်။
ရန်ကုန်မှ စ၍ အသံမျိုးစုံ ထွက်ခဲ့သော ဒုက္ခသည် အလံကိုင် ငြိမ်းချမ်းရေး အမည်ခံ လမ်းလျှောက် အဖွဲ့ သည် ထို ကိစ္စနှင့် ပတ်သက်၍ အသံလုံးဝ မထွက်ရဲ။ မထွက်ဝံ့ကြ။ ကေအိုင်အေမှ ညွှန်ကြားသည့် အတိုင်း ဒုက္ခ သည် စခန်းတွင် အလံစိုက်သည်။ အလှူငွေများကို ကေအိုင်အေ  အမျိုးအနွယ်များ အတွက် ပေးအပ် သည်။ လက်ဆောင်ပဏ္ဍာများ လက်ခံသည်။ နောက်တစ်ခါ ထပ်ပြီး ရှာပေးအုံးမည်ဟု စကား ကမ်း လှမ်း သည်။ အဆုံးတွင်တော့ ထိုသူများသည် ဒုက္ခ သည် စခန်း တွင် ငြိမ်းချမ်းရေး အလံစိုက်ပြီးနောက် အလုပ် လက်မဲ့ စားစရာ မရှိဖြစ်ကာ တကယ့် ဒုက္ခသည် အစစ်များ ဖြစ်လာကြလေသည်။
နောက်ဆုံး သတင်းအရ ယခု အဓိကရုဏ်း ဖြစ်ပွားနေသော ဒေသများတွင် ထပ်မံ ငြိမ်းချမ်းစေရန် အတွက် ဒုတိယ အသုတ် အလှူငွေ များ ရရှိပါက မြစ်ကြီးနားမှ လမ်းပြန်စလျှောက် အုံးမည် ဖြစ်ကြောင်း သိရသည်။
ဖိုးပြုံး(မြစ်ကြီးနား)
 
နောက်ကျမှ ဖော်ပြပေးမိသည့် အတွက် တောင်းပန်ပါသည်။
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်