Pages

Friday, March 29, 2013

KIO ခေါင်းဆောင်ပိုင်းများအား KIA စစ်ဦးစီးချုပ်မှ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်


ဦးဇောင်းဟရာ၊ ဦးအင်ဘန်လနှင့် KIO ခေါင်းဆောင်များကို ဌာနချုပ်နှင့် လိုင်ဇာမြို့ထဲတို့တွင် မတွေ့ရ၍ KIA စစ်ဦးချုပ် အမိန့်နှင့်ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း လိုင်ဇာမြို့တွင် သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါသည်။ KIO ရုံးနှင့် ဌာနချုပ် တွင်လည်း KIA တပ်ဖွဲ့ဝင်လုံခြုံရေးများသာ တွေ့ရှိရပြီး KIO ခေါင်းဆောင်းပိုင်း များနှင့် အရေးပါသော ကော်မတီ ၀င်များလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးကတည်းက တွေ့ရှိမှုမရှိကြောင်း၊ ၎င်းတို့ နေအိမ်များကိုလည်း ကန့်သတ် နေရာများဖြင့် သတ်မှတ်ကာ KIA က လုံခြုံရေး ပေးထားသော တပ်ဖွဲ့ဝင် များမှအပ မည်သူမှမ၀င်ရဟုလည်းသိရှိရပါသည်။


တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင်များထိခိုက်ကျဆုံးမှုများခြင်းနှင့် စခန်းများကို ထွက်ပြေးမှုများခြင်း တို့ကြောင့် KIA စစ်ခေါင်း ဆောင်များနှင့် KIO ကော်မတီဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သတ်ပြီး KIO ဗဟိုကော်မတီဝင်များအကြား အမြင်ကြည်လင်မှု များ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။ KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် ဗဟိုကော်မတီဝင် အများအပြားမှာ ငြိမ်းချမ်းရေးကို ရယူပြီးကချင်ပြည်နယ်ကို တိုးတက်အောင် လုပ်ဆောင်မည်ဟုပြောဆိုမှုများကို KIA စစ် ခေါင်းဆောင်များမှ အစိုးရနှင့် ပူးပေါင်းကာ ကချင်လူမျိုးများအပေါ် သစ္စာဖောက်သူများ၊ သူရဲဘောကြောင် သူများ အဖြစ် အမြဲလိုလိုပြောဆိုမှုများရှိကြောင်းသိရှိရသည်။

လိုင်ဇာတွင် ပြည်သူများနှင့် တွေ့ဆုံမှု ဒုက္ခသည်စခန်းများကို စစ်ဆေးမှုများတွင် KIO မှ လူကြီးပိုင်းများ မတွေ့ရဘဲ KIA က ဒုဦးစီးချုပ် ဂွမ်မော်နှင့် တပ်မဟာမှူးများကိုသာ တွေ့ရခြင်းကြောင့်လည်းကောင်း၊ အချိန်ကြာမြင့်စွာ ဒေသခံများနှင့် KIO လူကြီး များကို မတွေ့ရခြင်းကြောင့်လည်းကောင်း၊ KIA ဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၏ တီးတိုးပြောဆိုမှုအရ ဦးဇောင်းဟရားနှင့် ဦးအင်ဘန်လှ အပါအ၀င် ငြိမ်းချမ်းရေးကို ဆွေးနွေး လိုသည့် KIO ခေါင်းဆောင်ပိုင်းများကို KIA စစ်ဦးစီးချုပ်၏ အမိန့်နှင့် ထိန်းသိမ်းဖမ်းဆီး ထားနိုင်ကြောင်း တပ်ဖွဲ့ဝင်များနှင့် လိုင်ဇာမြို့ခံများက ပြောဆိုနေကြပါသည်။ ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သတ်ပြီး KIO ခေါင်းဆောင်များနှင့် KIA ခေါင်းဆောင်များသည် ပြုလုပ်သည့် အစည်းအဝေးများအားလုံးလိုလိုတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေခဲ့ကြပြီး၊ ဦးဇောင်းဟရာသည် သဘောထားပျော့ပျောင်းကာ ကချင်လူမျိုး အားလုံးနှင့် တပ်ဖွဲ့ဝင်များ ချစ်ခင်လေးစားရေ သာ ခေါင်းေ ဆာင် တစ်ဦးဖြစ်သည့်အတွက် အမှန်တကယ် ၎င်းတို့ကို ထိန်းသိမ်းထားပါက KIA အဖွဲ့ အချင်းချင်း ကြီးမားသော ပြဿနာများတက်နိုင်ကြောင်း အစည်းဝေး တက်ရောက်သူများက ပြောဆိုနေကြ ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်