Pages

Friday, March 29, 2013

နိုင်ငံတော် အစိုးရ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်သူများ ၏ ပူးပေါင်း ဆောင်ရွက်မှုများ ကို သေးသိမ်စေသည့် " ပဋိပက္ခများတွင် အစိုးရ အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေသည် ဟူသော ပြောကြားချက်များ" အား နိုင်ငံတော်မှ ပြင်းထန်စွာ ကန့်ကွက်



နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများ၏ ပူးပေါင်းေ ဆာင်ရွက်မှုများကို သေးသိမ်စေသည့် "ပဋိပက္ခများတွင် အစိုးရအဖွဲ့အစည်းများပါဝင်ပတ်သက်နေ သည် ဟူသော ပြောကြားချက်များ"အား ပြင်းထန်စွာ ကန့်ကွက်ပါသည်

လက်ရှိအခြေအနေတွင် နိုင်ငံတော်သမ္မတကြီးသည် ပြုပြင်ပြောင်းလဲမှု(၃)ရပ်ကို အခြေပြု၍ဒီမို ကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နေသော ကာလဖြစ်ပါသည်။မြန်မာ့နိုင် ငံရေး တွင် အဓိကကျသော Stakeholder အားလုံးပါဝင်နိုင်စေရန်လည်း လမ်းဖွင့် ပေးထားပြီး All Inclusive Nation Building ကို အားတက်သရော ဖော်ဆောင်နေခြင်း ဖြစ်ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားေ ခါင်းဆောင်များ၊ ၈၈ မျိုးဆက်နှင့် OinionLeader များ စသည်တို့နှင့် ဘုံအကျိုးစီးပွားအတွက် စုေ ပါင်းဖြေရှင်းဆောင်ရွက်လျက်ရှိကာ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးခန္တီတရားဖြင့် ညှိနှိုင်းဆောင် ရွက်တတ်သော နိုင်ငံရေး ယဉ်ကျေးမှုအသစ် တစ်ရပ်ကို ဖော်ဆောင်နေချိန်လည်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးခေါင်းဆောင် များ၏ ပြည် တွင်းပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာအလယ်တွင်လည်း အသွင် ပြောင်းလဲလာေ သာ မြန် မာနိုင်ငံ၏ သရုပ်သကန်ကို တွေ့မြင်နေရပြီဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြုသဘောေ ဆာင်သော တုံ့ပြန်မှုများကိုလည်း အားတက်ဖွယ်ရာ မြင်တွေ့ နေရပြီ ဖြစ်ပါသည်။

ဆက်လက်လျှောက်လှမ်းရမည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီး သည် ရွှေပြည်တော်မျှော်တိုင်းမဝေးတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဟု ဆိုက မှားမည်မထင်ေ ပ ။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကြောင့် ရရှိလာသော တိုးတက်မှု များကို ပိုမိုခိုင်မာရင့်သန်စေရန် ဆက်လက်ဆောင်ရွက်လျက် ၂၀၁၅ တွင် LDC စာရင်းမှ ရုန်းထွက် နိုင်ရန် ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခု ဖြစ်ပေါ်လာသော ဝေဖန်စွပ်စွဲမှုများ သည် ယုတ္တိကင်းမဲ့ကာ အခြေအမြစ်မရှိသော ပြောကြားချက်များ ဖြစ်နေကြောင်း တွေ့ရှိနိုင်ပါသည်။

Clash of Civilization အသွင်ဆောင်သော ပဋိပက္ခများ၏ နောက်ဆက်တွဲအနေဖြင့် တစ်ဖက်နှင့် တစ်ဖက်စွပ်စွဲပြောကြားမှုများ ပလူပျံအောင် တက်နေသည့်အပြင် အင်္ဂလိပ်ဘာသာစကားများဖြင့်နိုင်ငံေ တ်ာနှင့် သန်း(၆၀)သော နိုင်ငံသားများ၏ ဂုဏ်သိက္ခာထိခိုက်စေရန် အပုပ်ချကြရာ၌ "ဘယ်တော့မှ နောက်ကြောင်းပြန်လှည့်မည် မဟုတ်" ဟု အတိအလင်းထုတ်ဖော်ပြောကြားထားေ သာ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ထိခိုက်စေသော ပြောကြားချက်များ ပါဝင် လာသည့်အတွက် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပါသည်။

နိုင်ငံတော်သမ္မတကြီး၏ (၂၈-၉-၂၀၁၃)ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင်လည်း ပဋိပက္ခ ဖြစ် ပွားနေမှုများနှင့်စပ်လျဉ်း၍ ဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်သွားမည့်အကြောင်း အတိ အ လင်း ပြောကြားထားပြီး ဖြစ်ပါသည်။ လိုအပ်လျှင် အင်အား သုံး၍ ဖြေရှင်းဆောင် ရွက်သွား မည်ဖြစ်ေ ကြာင်းကိုလည်း ပြတ်ပြတ်သားသား ကြေညာထားပြီး ဖြစ်ပါသည်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်မှု ကိုင်တွယ်ဖြေရှင်းရာတွင် လေ့ကျင့်မှု အားနည်းခြင်း၊ စနစ်တကျ ဖြေရှင်းနိုင်ခဲသည့် အတွေ့ အကြုံမရှိခြင်း၊ ရဲတပ်ဖွဲ့ဝင်အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ေ နခြင်း၊ ကြိုတင်သတင်း ရရှိ နိုင်သော လူထုအခြေပြုထောက်လှမ်းရေးလုပ်ငန်းစဉ်များ အားနည်းခြင်း စသည် တို့ကြောင့် ထိထိရောက်ရောက် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်သည့် စွမ်းရည် မရှိကြောင်း ယခု ဖြစ် ပွားခဲ့သည့် ပဋိပက္ခများက ဖော်ပြနေကြောင်း" လတ်တလော ထွက်ပေါ် လာသည့် International Crisis Group ၏ သုံးသပ်ချက်တွင် ဖော်ပြပါရှိပါသည်။

အချုပ်ဆိုရလျှင် လက်ရှိဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် အစိုးရအဖွဲ့အစည်းအချို့ တိုက်ရိုက်ပါဝင်နေ သည်၊ အကြမ်းဖက်သူများကို ကူညီအားပေးခဲ့သည် ဟူသော စွပ်စွဲပြောကြားချက် များမှာ နိုင် ငံရေး ခေါင်းေ ဆာင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ Civil Society များ၊ မီဒီယာများ၊ ပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်ချက် ပကတိအခြေအနေမှန်များကို မသိကျိုး ကျင်ပြု ရာ ရောက်ရှိ နေပြီး အခြေအမြစ်မရှိ၊ နားလည်မှုလွဲမှားစွာ ပြောကြားနေခြင်း သာ ဖြစ် ၍ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါသည်။

နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်