Pages

Friday, March 29, 2013

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ အရေးနှင့် လတ်တလော ဆူပူမှုများနှင့် ပတ် သက်၍ ပြောကြားခဲ့သော မိန့်ခွန်းအား အမေရိကန် ပြည်ထောင်စု ထောက်ခံ



ယမန်နေ့ညနေမှ စ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သော မိန့်ခွန်းအားအမေရိကန်ပြည်ထောင်စု မှ အမေရိ ကန် နိုင် ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရ ပုဂ္ဂိုလ်ဗစ်တိုးရီးယားနူ လန် ပြောကြား လိုက်ကြောင်း သိရသည်။

“ဒီမေးခွန်းအတွက် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ဒီကနေ့ ရုပ်/သံကတစ်ဆင့် ထုတ်လွှင့်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ကျွန်မတို့ ကြားသိပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။"

ထို့ပြင် “ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမ္မတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေ အနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်းချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေအနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန်ပြောဆိုတာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို ကျွန်မတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ” ဟု ဗစ်တိုးရီး ယားနူလန်ကပြောကြားခဲ့ကြောင်း ဦးရဲထွဋ် က ၄င်း၏ FaceBook တွင်ရေးသားထားသည်။
Popular Myanmar News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်