Pages

Wednesday, April 3, 2013

နိုင်ငံတော်အဆင့်သတင်းများ ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိက သတင်းစာကို ပြန်ရောင်းရန်စီစဉ်

ပုဂ္ဂလိကပိုင် သတင်းမီဒီယာများကို နိုင်ငံတော်အစိုးရနှင့် ပတ်သက်သည့် သတင်းများ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြန်လည်ရောင်းချ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် အစိုးရ၏ သတင်းများကို ပြန်လည်ရောင်းချနိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “နိုင်ငံတော်အစိုးရရဲ့ သတင်းတွေနဲ့ ဓာတ်ပုံတွေကို နိုင်ငံတကာ သတင်းဌာနတွေက ရောင်းချတဲ့ ပုံစံအတိုင်း ပြန်လည်ရောင်း ချသွားမယ်”ဟု ပြောကြားသည်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းများ ကိုမည်ကဲ့သို့ ရောင်းချမည်၊ မည်သို့ရောင်းချမည်ကို လာမည့် ဧပြီလ တတိယပတ်တွင် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ဦးရဲထွဋ်က “လက်ရှိမှာ ပြန်ကြားရေး က လဲ နိုင်ငံတကာ သတင်းတွေကို ပြန်ဝယ်ပြီးတော့ လပေးစနစ်နဲ့ သုံးနေတာတွေ ရှိတယ်။ အခုလဲ သတင်းတွေကို လပေးစနစ်၊ နေ့အလိုက်စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေပါတယ်”ဟု ထပ်မံပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်